Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့တွင် ရွှေဆိုင်ဓါးပြမှုပါဝင်သည့် အမျိုးသမီးတစ်ဦး ပလဖထံ အဖမ်းခံ

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မုံရွာမြို့ပေါ်ရှိ ရွှေဆိုင်များ၊ ဖုန်းဆိုင်စတိုးဆိုင်များ၊ လူနေအိမ်များ ဓါးပြတိုက်ခံရပြီး လူထိခိုက်သေဆုံးမှုများပင် ရှိခဲ့သည်။

(လာရောက်အဖမ်းခံသည့် ရွှေဆိုင်ဓါးပြမှု၌ ပါဝင်သည်ဆိုသော အမျိုးသမီးအား တွေ့ရစဥ်။ဓာတ်ပုံ-မုံရွာပလဖ)
(လာရောက်အဖမ်းခံသည့် ရွှေဆိုင်ဓါးပြမှု၌ ပါဝင်သည်ဆိုသော အမျိုးသမီးအား တွေ့ရစဥ်။ဓာတ်ပုံ-မုံရွာပလဖ)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၌ ရွှေဆိုင်ဓါးပြမှုတွင် ပါဝင်သည့် အမျိုးသမီးတစ်ဦး လာရောက်အဖမ်းခံခဲ့ကြောင်း မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)ဒုတိယတာဝန်ခံ ကိုသီဟက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာအတွင်းက မုံရွာမြို့ပေါ်ရှိ နဝရတ်ရွှေဆိုင် ဓါးပြတိုက်မှုဖြစ်စဉ်တွင်ပါဝင်ခဲ့သည့် (၂၂)နှစ်အရွယ် မေလရောင်(ခေါ်)အမွှေစိန်သည် မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(မုံရွာမြို့နယ်-ပလဖ)ထံ နိုဝင်ဘာ ၁၂ရက်က ဆက် သွယ်၍ အဖမ်းခံခဲ့ကြောင်း အဆိုပါအဖွဲ့ ဒုတာဝန်ခံ ကိုသီဟက ပြောသည်။

“သူ့သဘောဆန္ဒအလျောက် လာအဖမ်းခံတာ။ လောလောဆယ်တော့ လိုအပ်တဲ့ စစ်ချက်တွေ ယူနေရတုန်းပဲရှိသေးတယ်။ ဘာမှတော့ပြောလို့မရသေးဘူး။ နောက်ဆက်တွဲ ကျန်နေတဲ့သူတွေလည်း ရှိနေသေးလို့လေ။”ဟု ကိုသီဟက ပြောသည်။

Public Service Announcement

Public Service Announcement

ကျန်တရားခံများအနေဖြင့်လည်း အချိန်မလွန်မီ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (မုံရွာမြို့နယ်- ပလဖ)ထံ ဆက်သွယ်၍ လာရောက်အဖမ်းခံကြရန် အဆိုပါအဖွဲ့က သတိပေးထားသည်။

အဆိုပါဓါးပြမှုတွင်ပါဝင်ခဲ့သည့် အမျိုးသား သုံးဦးကိုလည်း လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မုံရွာ ပလဖအဖွဲ့က အောက်တိုဘာ ၁၅ရက်က ထုတ်ပြန်ခဲ့သည်။

အလားတူ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့သည် စက်တင်ဘာအတွင်းကလည်း ပျူစောထီးများ၊ မုဒိမ်းမှုကျူးလွန်သူများ၊ သန်းခေါင်စာရင်းကောက်ယူပေးနေသူတစ်ဦးတို့လည်း ဖမ်းဆီးခဲ့သေးသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၅နှင့် ၂၆ရက်က မုံရွာမြို့ပေါ်ရှိ နဝရက်ရွှေဆိုင်အပါအဝင် နေရာသုံးခုတွင် ဓါးပြတိုက်ခံခဲ့ရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မုံရွာမြို့ပေါ်ရှိ ရွှေဆိုင်များ၊ ဖုန်းဆိုင်စတိုးဆိုင်များ၊ လူနေအိမ်များ ဓါးပြတိုက်ခံရပြီး လူထိခိုက်သေဆုံးမှုများပင် ရှိခဲ့သည်။

၂၀၂၂စက်တင်ဘာ ၁၁ ရက်က မုံရွာမြို့လယ်မီးပွိုင့်အနီးရှိ သန်းတရာရွှေဆိုင် ဓါးပြတိုက်ခံရပြီး ရွှေအချိန်(၁၀)ပိဿာကျော်ပါသွားခဲ့သည်။

၂၀၂၂ ဒီဇင်ဘာ ၂၀ ရက်ကလည်း မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ​ရွှေမုံရွာ ရတနာရွှေဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်ရှင်အမျိုးသားပါ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။

၂၀၂၃ မတ်လ ၂၁ ရက်ကလည်း မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ပေါ်ဦးရွှေဆိုင်ဓါးပြတိုက်ခံရပြီး အောင်မင်္ဂလာရပ်ရှိ ပေါ်ဦး-၂ ရွှေဆိုင်ဓားပြတိုက်ခံရပြီး ရွှေထည်၊ရွှေတုံးများ ပိဿာလိုက်ပါသွားပြီး ကျပ်သိန်းထောင်ချီလည်း ယူဆောင် သွားသည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့နယ်အတွင်းက လယ်ဇင်ကျေးရွာနဲ့ သက္ကယ်ကျင်းကျေးရွာတွေမှာ လူတစုက Kpay နဲ့ Wavepay အကောင့်တွေကို တစ်ခု ကျပ် ၅၀,၀၀၀ ကနေ ၆၀,၀၀၀ ခန့်အထိပေးကာ လိုက်လံဝယ်ယူသူတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် စစ်ကောင်စီတပ်ဂိတ်အနီးသေဆုံးနေတဲ့ အမျိုးသမီးဟာ ကြာပိုင်ကျေးရွာကနေ ဘုန်းကြီးမွေးနေ့ပွဲသွားရင်း ပျောက်ဆုံးသွားသူဖြစ်နေကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က ခရီးသည်တင်ယာဥ်တစ်စီးကို သေနတ်နဲ့ပစ်ခတ်လို့ ယာဥ်မောင်းသေဆုံးခဲ့ရပါတယ်။

ဆောင်းပါး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကိုရောက်ရင် ဒလီဗာရီ(ပစ္စည်းပို့)ဝန်ထမ်းတွေကိုကြည့်ပြီးစာဖတ်သူအနည်းငယ်အံ့သြနိုင်ပါတယ်။တခြားကြောင့်မဟုတ်ပါဘူး။ဒလီဗာရီဝန်ထမ်းတွေဟာ များသောအားဖြင့် လူငယ်လေးတွေ လုပ်ကြတာများပါတယ်။ ၂၀ ကျော် ၃၀ ကျော်တွေပေါ့။မုံရွာမြို့မှာတော့ တခြားဒေသက ဒလီဗာရီတွေထက် မတူတာက ပစ္စည်းပို့သူအများစုဟာ အသက်လေးဆယ်ကျော်တွေနဲ့ လူကြီးပိုင်းတွေ ဖြစ်နေတာပဲ။