Connect with us

Hi, what are you looking for?

သတင်း

ဘားအံတံတား၌ ကားမိုင်းပေါက်ကွဲ၍ စစ်ကောင်စီတပ် ထိခိုက်မှုရှိ

ဇူလိုင် ၃၁ရက် နံနက်အစောပိုင်း၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်၏ သေဆုံးထိခိုက် အသေးစိတ်အခြေအနေကို စုံစမ်းနေဆဲဖြစ်သည်။

(သံလွင်တံတား (ဘားအံ)၌ ယနေ့ နံနက်က ပေါက်ကွဲမှုဖြစ်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - KIC ၊CJ)
(သံလွင်တံတား (ဘားအံ)၌ ယနေ့ နံနက်က ပေါက်ကွဲမှုဖြစ်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - KIC ၊CJ)

ကရင်ပြည်နယ် ဘားအံမြို့နယ် သံလွင်တံတား (ဘားအံ)၌ ယနေ့ နံနက်တွင် ပေါက်ကွဲမှုဖြစ်ပွား၍ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့သည်ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

ဇူလိုင် ၃၁ရက် နံနက်အစောပိုင်း၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်၏ သေဆုံးထိခိုက် အသေးစိတ်အခြေအနေကို စုံစမ်းနေဆဲဖြစ်သည်။

Public Service Announcement
Public Service Announcement

“မနက် ၆နာရီကျော်ကျော်လောက်။ ကားကနေပြီးတော့ မိုင်းကွဲတာပေါ့။ သံလွင်တံတား အဝင်၀လေး စခန်း ဂိတ်လေးတွေရှိတဲ့ဘက်။ အဲဒီမှာ ထိခိုက်မှုတော့ နည်းနည်းရှိသွားတယ်ပြောတယ်။ စကစဘက်ကထိခိုက်မှုရှိတာ။ မြ၀တီကလာတယ်ထားလိုက် ဘားအံကနေ ဟိုဘက်မြိုင်ကလေးကူးမှာပေါ့ အဲဒီအ၀။ ကားမိုင်းပေါ့”ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

အခြား​ဒေသခံတစ်ဦးကလည်း “ဒီမနက် ဘားအံ သံလွင်တံတား စစ်ဆေးရေဂိတ်အနီး ကားမိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး လူအသေအပျောက်ရှိ။ မြဝတီ-ရန်ကုန် လမ်းကြောင်း ပိုတင်းကြပ်ပြီး ကုန်ပစ္စည်းသယ်သူတွေ တိုင်ပတ်နေကြပြီ”ဟု​ဖေစ်ဘွခ်တွင်​ရေးသားထားသည်။

Public Service Announcement

Public Service Announcement

“အ​တော်ပြင်းတာပဲ အိမ်ပါတုန့််တယ်” ဟု ​ဒေသခံတစ်ဦးကလည်း​ပြောသည်။

(သံလွင်တံတား (ဘားအံ)၌ ယနေ့ နံနက်က ပေါက်ကွဲမှုဖြစ်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - KIC ၊CJ)
(သံလွင်တံတား (ဘားအံ)၌ ယနေ့ နံနက်က ပေါက်ကွဲမှုဖြစ်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – KIC ၊CJ)

​ဒေသခံအချို့က ​ဖေစ်ဘွခ်လူမှုကွန်ယက်တွင်တင်ထား​သောဓါတ်ပုံများတွင် ပေါက်ကွဲမှုသည်အားပြင်းလွန်းပြီး အ​ဆောက်အအုံအချို့ ၊ကားနှင့် ဆိုင်ကယ်အချို့ ထိခိုက်ပျက်စီး​နေသည်ကို ​တွေ့ရသည်။အပျက်အစီးနားအနီးတွင်လူနာတင်ယာဥ်အချို့ လာ​ရောက်​နေသည်ကိုလည်း​တွေ့ရသည်။

(သံလွင်တံတား (ဘားအံ)၌ ယနေ့ နံနက်က ပေါက်ကွဲမှုဖြစ်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - KIC ၊CJ)
(သံလွင်တံတား (ဘားအံ)၌ ယနေ့ နံနက်က ပေါက်ကွဲမှုဖြစ်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – KIC ၊CJ)

ကရင်သတင်းဌာနKIC၏ သတင်းဖော်ပြချက်အရ သံလွင်တံတားသည် ဖမ်းဆီးစစ်ဆေးမှုများနှင့်ပတ်သက်၍ နာမည်ကြီးနေသည့် စစ်ဆေးရေးဂိတ်တစ်ခုဖြစ်ကြောင်း၊ လူငယ်အမျာအးပြားကို မကြာခဏဖမ်းဆီးခဲ့သည့် ဂိတ်တစ်ခုဖြစ်သကဲ့သို့ ပြည်သူလူထုများအား ငွေညှစ်တောင်းခံမှုများလုပ်ဆောင်နေသည့်ဂိတ်ဖြစ်ကြောင်း သိရသည်။

(သံလွင်တံတား (ဘားအံ)၌ ယနေ့ နံနက်က ပေါက်ကွဲမှုဖြစ်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - KIC ၊CJ)
(သံလွင်တံတား (ဘားအံ)၌ ယနေ့ နံနက်က ပေါက်ကွဲမှုဖြစ်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – KIC ၊CJ)

ကရင်အမျိုးသားအစည်းအရုံး(KNU) အနေဖြင့် ဇွန်လဆန်းကလည်း မွန်နှင့် ကရင်နယ်စပ် သထုံနှင့်ဘားအံကြားရှိဒူးရင်းဆိပ်တံတားကို ကားမိုင်းဖြင့် တိုက်ခိုက်ခဲ့သည့်အပြင် တစ်ပြိုင်နက်တည်း အင်အားအလုံးအရင်း အသုံးပြု တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးထိခိုက်ခဲ့သည်။ ထိုစဉ်က တံတား နှစ်ဖက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်နှစ်ခုလုံးကို ကားနှစ်စီးအသုံးပြု ကားမိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။