Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဘားအံတံတား၌ ကားမိုင်းပေါက်ကွဲ၍ စစ်ကောင်စီတပ် ထိခိုက်မှုရှိ

ဇူလိုင် ၃၁ရက် နံနက်အစောပိုင်း၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်၏ သေဆုံးထိခိုက် အသေးစိတ်အခြေအနေကို စုံစမ်းနေဆဲဖြစ်သည်။

(သံလွင်တံတား (ဘားအံ)၌ ယနေ့ နံနက်က ပေါက်ကွဲမှုဖြစ်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - KIC ၊CJ)
(သံလွင်တံတား (ဘားအံ)၌ ယနေ့ နံနက်က ပေါက်ကွဲမှုဖြစ်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - KIC ၊CJ)

ကရင်ပြည်နယ် ဘားအံမြို့နယ် သံလွင်တံတား (ဘားအံ)၌ ယနေ့ နံနက်တွင် ပေါက်ကွဲမှုဖြစ်ပွား၍ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့သည်ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

ဇူလိုင် ၃၁ရက် နံနက်အစောပိုင်း၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်၏ သေဆုံးထိခိုက် အသေးစိတ်အခြေအနေကို စုံစမ်းနေဆဲဖြစ်သည်။

Public Service Announcement
Public Service Announcement

“မနက် ၆နာရီကျော်ကျော်လောက်။ ကားကနေပြီးတော့ မိုင်းကွဲတာပေါ့။ သံလွင်တံတား အဝင်၀လေး စခန်း ဂိတ်လေးတွေရှိတဲ့ဘက်။ အဲဒီမှာ ထိခိုက်မှုတော့ နည်းနည်းရှိသွားတယ်ပြောတယ်။ စကစဘက်ကထိခိုက်မှုရှိတာ။ မြ၀တီကလာတယ်ထားလိုက် ဘားအံကနေ ဟိုဘက်မြိုင်ကလေးကူးမှာပေါ့ အဲဒီအ၀။ ကားမိုင်းပေါ့”ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

အခြား​ဒေသခံတစ်ဦးကလည်း “ဒီမနက် ဘားအံ သံလွင်တံတား စစ်ဆေးရေဂိတ်အနီး ကားမိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး လူအသေအပျောက်ရှိ။ မြဝတီ-ရန်ကုန် လမ်းကြောင်း ပိုတင်းကြပ်ပြီး ကုန်ပစ္စည်းသယ်သူတွေ တိုင်ပတ်နေကြပြီ”ဟု​ဖေစ်ဘွခ်တွင်​ရေးသားထားသည်။

Public Service Announcement

Public Service Announcement

“အ​တော်ပြင်းတာပဲ အိမ်ပါတုန့််တယ်” ဟု ​ဒေသခံတစ်ဦးကလည်း​ပြောသည်။

(သံလွင်တံတား (ဘားအံ)၌ ယနေ့ နံနက်က ပေါက်ကွဲမှုဖြစ်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - KIC ၊CJ)
(သံလွင်တံတား (ဘားအံ)၌ ယနေ့ နံနက်က ပေါက်ကွဲမှုဖြစ်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – KIC ၊CJ)

​ဒေသခံအချို့က ​ဖေစ်ဘွခ်လူမှုကွန်ယက်တွင်တင်ထား​သောဓါတ်ပုံများတွင် ပေါက်ကွဲမှုသည်အားပြင်းလွန်းပြီး အ​ဆောက်အအုံအချို့ ၊ကားနှင့် ဆိုင်ကယ်အချို့ ထိခိုက်ပျက်စီး​နေသည်ကို ​တွေ့ရသည်။အပျက်အစီးနားအနီးတွင်လူနာတင်ယာဥ်အချို့ လာ​ရောက်​နေသည်ကိုလည်း​တွေ့ရသည်။

(သံလွင်တံတား (ဘားအံ)၌ ယနေ့ နံနက်က ပေါက်ကွဲမှုဖြစ်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - KIC ၊CJ)
(သံလွင်တံတား (ဘားအံ)၌ ယနေ့ နံနက်က ပေါက်ကွဲမှုဖြစ်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – KIC ၊CJ)

ကရင်သတင်းဌာနKIC၏ သတင်းဖော်ပြချက်အရ သံလွင်တံတားသည် ဖမ်းဆီးစစ်ဆေးမှုများနှင့်ပတ်သက်၍ နာမည်ကြီးနေသည့် စစ်ဆေးရေးဂိတ်တစ်ခုဖြစ်ကြောင်း၊ လူငယ်အမျာအးပြားကို မကြာခဏဖမ်းဆီးခဲ့သည့် ဂိတ်တစ်ခုဖြစ်သကဲ့သို့ ပြည်သူလူထုများအား ငွေညှစ်တောင်းခံမှုများလုပ်ဆောင်နေသည့်ဂိတ်ဖြစ်ကြောင်း သိရသည်။

(သံလွင်တံတား (ဘားအံ)၌ ယနေ့ နံနက်က ပေါက်ကွဲမှုဖြစ်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - KIC ၊CJ)
(သံလွင်တံတား (ဘားအံ)၌ ယနေ့ နံနက်က ပေါက်ကွဲမှုဖြစ်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – KIC ၊CJ)

ကရင်အမျိုးသားအစည်းအရုံး(KNU) အနေဖြင့် ဇွန်လဆန်းကလည်း မွန်နှင့် ကရင်နယ်စပ် သထုံနှင့်ဘားအံကြားရှိဒူးရင်းဆိပ်တံတားကို ကားမိုင်းဖြင့် တိုက်ခိုက်ခဲ့သည့်အပြင် တစ်ပြိုင်နက်တည်း အင်အားအလုံးအရင်း အသုံးပြု တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးထိခိုက်ခဲ့သည်။ ထိုစဉ်က တံတား နှစ်ဖက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်နှစ်ခုလုံးကို ကားနှစ်စီးအသုံးပြု ကားမိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။