Connect with us

Hi, what are you looking for?

News

ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုအတွက် ဦးဖြိုးမင်းသိန်းနဲ့ ဇနီးကို ပြန်ခေါ်သက်သေအဖြစ် စစ်ဆေး

စွဲချက်တင်ခံရတဲ့ ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့မှာ အပြစ်မရှိကြောင်း ထွက်ဆိုသလို ဦးဖြိုးမင်းသိန်း ၊ ဇနီး ဒေါ်ခင်မိမိကြွယ် ၊တရားစွဲဆိုတဲ့ အဂတိကော်မရှင်က ပုဂ္ဂိုလ် အပါအဝင် လေးဦးကို ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးပေးဖို့ တရားရုံးကို တင်ပြထားတာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိပုဒ်မနဲ့စွဲချက်တင်ထားတဲ့အမှုအတွက် ဦးဖြိုးမင်းသိန်း နဲ့ ဇနီး ကို ပြန်ခေါ်သက်သေအဖြစ် ဒီနေ့မှာစစ်ဆေးခဲ့တယ်လို့သိရပါတယ်။

ဒီအမှုဟာ ဖမ်းဆီးခံထားရတဲ့ ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုချက်ကိုအကြောင်းပြပြီး ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ထောင်ဒဏ် ၁၅နှစ်ထိ ချလို့ရတဲ့ အဂတိပုဒ်မနဲ့ တရားစွဲဆိုထားတာပါ။

ပြီးခဲ့တဲ့ရက်သတ္တပတ်ကတော့ အဲဒီအမှုမှာ စွဲဆိုထားတဲ့ ပုဒ်မနဲ့ပဲ ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက်တင်ဖို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

စွဲချက်တင်ခံရတဲ့ ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့မှာ အပြစ်မရှိကြောင်း ထွက်ဆိုသလို ဦးဖြိုးမင်းသိန်း ၊ ဇနီး ဒေါ်ခင်မိမိကြွယ် ၊တရားစွဲဆိုတဲ့ အဂတိကော်မရှင်က ပုဂ္ဂိုလ် အပါအဝင် လေးဦးကို ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးပေးဖို့ တရားရုံးကို တင်ပြထားတာပါ။

Public Service Announcement

Public Service Announcement

ဒီနေ့မှာတော့ အဲဒီ ပြန်ခေါ်သက်သေ လေးဦးကို စစ်ဆေးခဲ့တယ်လို့သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကို စစ်ကောင်စီက မီဒီယာ ဖြေဆိုခွင့် ပိတ်ပင်ထားတာကြောင့် ဒီနေ့စစ်ဆေးချက် တွေကို မသိရပါဘူး။

ဦးဖြိုးမင်းသိန်းဟာ ဝန်ကြီးချုပ်တာဝန်ယူချိန် ရန်ကုန်တိုင်းထဲက ဆောင်ရွက်ချက်တွေကို ထောက်ခံပေးဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ဒေါ်လာ ၆ သိန်းနဲ့အကယ်ဒမီရွှေ ၇ ပိသာ ပေးခဲ့တယ်လို့ ထွက်ဆိုထားတာပါ။

ဒီလို ထွက်ဆိုထားတဲ့ ရုပ်သံဖိုင်ကို စစ်ကောင်စီက သတင်းစာရှင်းလင်းပွဲမှာ ဖွင့်ပြသလို နေပြည်တော်က တရားခွင်မှာ လည်း ဦးဖြိုးမင်းသိန်းက အဲဒီ ရုပ်သံဖိုင်ထဲက အတိုင်းထွက်ဆိုထားခဲ့ပါတယ်။

ဒေါ်ခင်မိမိကြွယ်ဟာလည်း သူရဲ့ခင်ပွန်း ဦးဖြိုးမင်းသိန်းရဲ့တောင်းဆိုချက်အရ ဒေါ်လာနဲ့ရွှေတွေပြင်ဆင်ပေးခဲ့ရတယ်လို့ တရားခွင်မှာ တရားလိုပြသက်သေအဖြစ် လာရောက်ထွက်ဆိုထားတာရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဦးဖြိုးမင်းသိန်း တရားခွင်မှာ ထွက်ဆိုချိန်ကတည်းက စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘူးလို့ ရှေ့နေတွေကို ပြောပြခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

​သြစတြေးလျနဲ့ တောင်ကိုရီးယား နိုင်ငံရောက် မြန်မာတွေက မတရားဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဥ်းသားအားလုံး အမြန်ဆုံးလွတ်မြောက် ရေး ဆန္ဒပြခြင်းကို သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။