Connect with us

Hi, what are you looking for?

LuduNwayOo

News

လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ရန် စည်းရုံးခြင်းနှင့် တိတ်တဆိတ် လစာထုတ်ယူမှုပြုလုပ်သည့် ပြည်သူ့သစ္စာဖောက်များကို ဖော်ထုတ်သွားမည်ဟု ထီးလင်း PDF သတိပေး

အထက်ပါ အသိပေးချက်ကို ယနေ့(မတ်လ ၇ရက်) ထုတ်ပြန်ခြင်းဖြစ်ပြီး ပြည်သူ့ဘက်တော်သား CDM/နှုတ်ထွက် ဝန်ထမ်းများအနေဖြင့် ပြည်သူ့ဘက်တွင် အဆုံးထိ ဆက်လက်ရပ်တည်သွားကြရန်လည်း Yaw Defence Force – Htilinက တောင်းဆိုထားသည်။

ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)ဝန်ထမ်းများ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ရန် စစ်ကောင်စီက လစာငွေဖြင့် မက်လုံးပေးစည်းရုံးနေပြီး အကြမ်းဖက်စစ်ကောင်စီ လက်အောက်တွင်လုပ်ငန်းပြန်လည်ဝင်ရောက်ရန်စည်းရုံးခြင်းနှင့် တိတ်တဆိတ် လစာထုတ်ယူမှုပြုလုပ်သည့် ပြည်သူ့သစ္စာဖောက်များကို စုံစမ်းဖော် ထုတ်သွားမည်ဟု ထီးလင်းမြို့နယ်ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့က သတိပေးထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဌာနများမှ Non CDMဝန်ထမ်းများသည် ပြည်သူ့ဘက်တော်သား CDM/နှုတ်ထွက် ဝန်ထမ်းများအား လုပ်ငန်းပြန်လည်ဝင်ရောက်ရန်နှင့် လစာများကို (ငွေသား/Kpay /Wavepay) ထုတ်ပေးမည်ဟု ပြောဆိုစည်းရုံးနေသည်ဟု ထီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Yaw Defence Force – Htilin က ၎င်းတို့ ရရှိထားသည့်သတင်းကို လူထုအား အသိပေးထားသည်။

အထက်ပါ အသိပေးချက်ကို ယနေ့(မတ်လ ၇ရက်) ထုတ်ပြန်ခြင်းဖြစ်ပြီး ပြည်သူ့ဘက်တော်သား CDM/နှုတ်ထွက် ဝန်ထမ်းများအနေဖြင့် ပြည်သူ့ဘက်တွင် အဆုံးထိ ဆက်လက်ရပ်တည်သွားကြရန်လည်း Yaw Defence Force – Htilinက တောင်းဆိုထားသည်။

Non CDM ဝန်ထမ်းများကို ပြည်သူ့သစ္စာဖောက်များအဖြစ် Yaw Defence Force – Htilinက သတ်မှတ်ထားပြီး အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် လုပ်ငန်းပြန်လည်ဝင်ရောက်ရန် စည်းရုံးမှုများနှင့် တိတ်တဆိတ် လစာထုတ်ယူမှုများပြုလုပ်သူများကို စုံစမ်းဖော် ထုတ်သွား မည်ဖြစ်ကြောင်း သတိပေးထားသည်။

Public Service Announcement

Public Service Announcement

ယောဒေသမှ ထီးလင်းမြို့သည် စစ်ကောင်စီဆန့်ကျင်ရေး အင်အားကောင်းသည့် ဒေသဖြစ်ပြီး ဌာနဆိုင်ရာ ဝန်ထမ်းစုစုပေါင်း အရေအတွက်၏ ၇၀ ရာခိုင်နှုန်းခန့်သည် စစ်အာဏာရှင်ဆန့်ကျင်သည့်အနေဖြင့် CDM ပြုလုပ်နေကြသည်ဟု CDM ဝန်ထမ်းတစ်ဦးက ပြော သည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။