Connect with us

Hi, what are you looking for?

LuduNwayOo

News

YBS ယာဉ်လိုင်းအချို့ ပြေးဆွဲမှု ၉ ရက်ကြာ ယာယီရပ်နားမယ်

YBS ယာဉ်လိုင်းနံပါတ်တွေဖြစ်တဲ့ ၂၀ ၊ ၅၆ ၊ ၈၂ ၊ ၈၃ ၊ ၉၈ ၊ ၉၉ ၊ ၃၂ ၊ ၇၈ ၊ ၉၃ ၊၉၄ ၊ ၉၇ လိုင်းတွေပြေးဆွဲတာကို မနက်ဖြန်ဇူလိုင်လ ၁၇ ရက်ကနေ ဇူလိုင်လ ၂၉ ရက်အထိ ယာယီရပ်နားမယ်လို့သိရပါတယ်။

ဓာတ်ပုံ − Omni Focus - YBS FB

ကိုဗစ်ကူးစက်ဖြစ်ပွားမှုကိုလျော့ကျ နိုင်ဖို့အတွက် YBS ယာဉ်လိုင်းအချို့ ဟာ မနက်ဖြန် ဇူလိုင်လ ၁၇ ရက်ကစတင်ပြီး ၉ ရက်ကြာ ပြေးဆွဲမှု ယာယီရပ်နားထားမယ်လို့သိရပါတယ်။

ဒီလို ယာယီရပ်နားမယ့် ယာဉ်လိုင်းတွေကတော့ လူထုမိတ်ဆွေယာဉ်လိုင်းနဲ့ Omni Focus တို့ရဲ့ ယာဉ်လိုင်းတွေဖြစ်တယ်လို့ အဲဒီယာဉ်လိုင်းတွေက သတင်းထုတ်ပြန်ထားပါတယ်။

YBS ယာဉ်လိုင်းနံပါတ်တွေဖြစ်တဲ့ ၂၀ ၊ ၅၆ ၊ ၈၂ ၊ ၈၃ ၊ ၉၈ ၊ ၉၉ ၊ ၃၂ ၊ ၇၈ ၊ ၉၃ ၊၉၄ ၊ ၉၇ လိုင်းတွေပြေးဆွဲတာကို မနက်ဖြန်ဇူလိုင်လ ၁၇ ရက်ကနေ ဇူလိုင်လ ၂၉ ရက်အထိ ယာယီရပ်နားမယ်လို့သိရပါတယ်။

ဒီလို ယာယီရပ်နားတာဟာ တတိယလှိုင်းကူးစက်ဖြစ်ပွားမှုကိုလျော့ချနိုင်ဖို့ ရည်ရွယ်တာလို့ အဲဒီယာဉ်လိုင်းတွေက ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းအချို့ ယာယီရပ်နားမယ့် ၉ ရက်တာကာလဟာ ကိုဗစ် ထိန်းချုပ်ရေးအတွက်ဆိုကာ စစ်ကောင်စီက အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားတာလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြည်တွင်း မှာ ကိုဗစ် တတိယလှိုင်းကို ကြုံတွေ့နေရပြီး အောက်ဆီဂျင်ပြတ်လတ်မှုကိုရင်ဆိုင်နေရပြီးသေဆုံးသူဦးရေဟာလည်းများပြားနေတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

လုံခြုံရေးအခြေနေအရ တစ်မြို့ကနေအခြားတစ်မြို့ဆီ ပြောင်းရွှေ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ ခရီးသွားသက်သက် အနေနဲ့ ဘယ်မှ မထွက်ဖြစ်ခဲ့ဘူး။ ခုမှ မိသားစုကိစ္စနဲ့ ခရီးတစ်ခုသွားဖို့ ကြုံလာတာ။ မြို့တော်ရန်ကုန်ကနေတွက်ရင် မိုင် ၂၅၀ လောက်ဝေးတဲ့ ခရီးဆိုပါတော့။

သတင်း

အာဇာနည်ဗိမာန်တွင် ပြုလုပ်သည့် အာဇာနည်နေ့ အခမ်းအနားကို နံနက် ၄ နာရီမှ ၈ နာရီခန့်အထိသာပြုလုပ်ခဲ့ခြင်းဖြစ်သော်လည်း ယင်းနေရာအနီးအနားမှ လမ်းပိတ်ဆို့မှုများကို တစ်နေ့လုံးပြန်မဖွင့်ပေးသောကြောင့် ခရီးသွားပြည်သူများ အခက်အခဲကြုံခဲ့ရခြင်းဖြစ်သည်။

သတင်း

အဆိုပါ YBS ယာဥ် မီးလောင်မှုကြောင့် ပြည်လမ်း ပြည်သူ့ရင်ပြင်အနီး၌ လမ်းပိတ်ဆို့မှုများ ဖြစ်ခဲ့သော်လည်း လက်ရှိတွင် ပြန်လည်ရှင်းလင်းနေပြီဖြစ်ကြောင်း အဌားယာဥ်မောင်းတစ်ဦးက ဆိုသည်။

နိုင်ငံတကာ

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတုန်းက ကပ်ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ အပတ်စဉ် ၁ သိန်းကျော်ထိ ရှိခဲ့ပြီး အမြင့်ဆုံး အဆင့်ကို ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ် ဧပြီလ ၂၄ ရက်ထိ အခြေအနေအရ အပတ်စဉ် သေဆုံးသူ ဦးရေဟာ ၃၅၀၀ အောက်ထိ...