Connect with us

Hi, what are you looking for?

News

YBS ယာဉ်လိုင်းအချို့ ပြေးဆွဲမှု ၉ ရက်ကြာ ယာယီရပ်နားမယ်

YBS ယာဉ်လိုင်းနံပါတ်တွေဖြစ်တဲ့ ၂၀ ၊ ၅၆ ၊ ၈၂ ၊ ၈၃ ၊ ၉၈ ၊ ၉၉ ၊ ၃၂ ၊ ၇၈ ၊ ၉၃ ၊၉၄ ၊ ၉၇ လိုင်းတွေပြေးဆွဲတာကို မနက်ဖြန်ဇူလိုင်လ ၁၇ ရက်ကနေ ဇူလိုင်လ ၂၉ ရက်အထိ ယာယီရပ်နားမယ်လို့သိရပါတယ်။

ဓာတ်ပုံ − Omni Focus - YBS FB

ကိုဗစ်ကူးစက်ဖြစ်ပွားမှုကိုလျော့ကျ နိုင်ဖို့အတွက် YBS ယာဉ်လိုင်းအချို့ ဟာ မနက်ဖြန် ဇူလိုင်လ ၁၇ ရက်ကစတင်ပြီး ၉ ရက်ကြာ ပြေးဆွဲမှု ယာယီရပ်နားထားမယ်လို့သိရပါတယ်။

ဒီလို ယာယီရပ်နားမယ့် ယာဉ်လိုင်းတွေကတော့ လူထုမိတ်ဆွေယာဉ်လိုင်းနဲ့ Omni Focus တို့ရဲ့ ယာဉ်လိုင်းတွေဖြစ်တယ်လို့ အဲဒီယာဉ်လိုင်းတွေက သတင်းထုတ်ပြန်ထားပါတယ်။

YBS ယာဉ်လိုင်းနံပါတ်တွေဖြစ်တဲ့ ၂၀ ၊ ၅၆ ၊ ၈၂ ၊ ၈၃ ၊ ၉၈ ၊ ၉၉ ၊ ၃၂ ၊ ၇၈ ၊ ၉၃ ၊၉၄ ၊ ၉၇ လိုင်းတွေပြေးဆွဲတာကို မနက်ဖြန်ဇူလိုင်လ ၁၇ ရက်ကနေ ဇူလိုင်လ ၂၉ ရက်အထိ ယာယီရပ်နားမယ်လို့သိရပါတယ်။

ဒီလို ယာယီရပ်နားတာဟာ တတိယလှိုင်းကူးစက်ဖြစ်ပွားမှုကိုလျော့ချနိုင်ဖို့ ရည်ရွယ်တာလို့ အဲဒီယာဉ်လိုင်းတွေက ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းအချို့ ယာယီရပ်နားမယ့် ၉ ရက်တာကာလဟာ ကိုဗစ် ထိန်းချုပ်ရေးအတွက်ဆိုကာ စစ်ကောင်စီက အများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ထားတာလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြည်တွင်း မှာ ကိုဗစ် တတိယလှိုင်းကို ကြုံတွေ့နေရပြီး အောက်ဆီဂျင်ပြတ်လတ်မှုကိုရင်ဆိုင်နေရပြီးသေဆုံးသူဦးရေဟာလည်းများပြားနေတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ အလုံမြို့နယ်က ဆင်မင်းဈေးကားမှတ်တိုင်အနီးမှာ အသက်ကြီးပိုင်း အမျိုးသမီး ၁ဦး YBS-144 ယာဉ်တိုက်ပြီး သေဆုံးသွားတယ်လို့ အခင်းနေရာကို သွားရောက်ကူညီခဲ့တဲ့ ကြီးလေးကြီး လူမှူကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ရန်ကုန်မြို့၊လှိုင်မြို့နယ် ရွာမကွေ့ မှတ်တိုင်မှာ YBS(၂၂)တစ်စီး မီးခိုးတွေထွက်လာလို့ ကားတံခါးချက်ချင်းဖွင့်မပေးတာကြောင့် ခရီးသည်တွေက ကားပေါ်ကဆင်းဖို့ မှန်တွေရိုက်ခွဲဆင်းပြေးခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့ ၊အင်းစိန်မြို့နယ်၊ ဒညင်းကုန်းလမ်းဆုံအနီးမှာဒီနေ့ (မေ ၁၁ ရက်)မနက်ပိုင်းက YBS ကားတက်ကြိတ်မိပြီးသက်ကြီးပိုင်းအမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့တဲ့သူတွေထံကသိရပါတယ်။

သတင်း

ရန်ကုန်မြို့မှာ လျှပ်စစ်မီးပြတ်တောက်မှု‌တွေကြောင့် CNGကားတွေ Gas အလုံအလောက်မရလို့ တချို့YBS ယာဉ်လိုင်းတွေက ကားအရေအတွက်နည်းပြီး ခရီးသည်တွေအခက်ကြုံနေရပါတယ်။