Connect with us

Hi, what are you looking for?

News

ကေအဲန်ယူနယ်မြေထဲက ဘွဲ့နှင်းသဘင်

ကေအဲန်ယူ ကော်သူးလေအုပ်ချုပ်တဲ့ မူတြော်ခရိုင်ထဲက ဒေါက်တာထီသံပြာကောလိပ်ကျောင်း ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ကွန်ပျူတာဘာသာရပ်နဲ့ ကျောင်းသားကျောင်းသူ ခုနှစ်ဦး ဘွဲ့ယူခဲ့ပါတယ်။

မတ်လ ၅ ရက်က (၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကျင်းပခဲ့တာပါ။

ဘွဲ့ယူခဲ့တဲ့ ကျောင်းသားကျောင်းသူတွေဟာ တောင်ငူ၊ ဘိတ်ထားဝယ်၊ ညောင်လေးပင်ခရိုင်ဒေသအသီးသီးနဲ့ ဒုက္ခသည်စခန်းအချို့က လာရောက်သူတွေဖြစ်ကြပြီး အဲ့ဒီအခမ်းအနားကို KNLA တပ်မဟာ ၅ တပ်မဟာမှူး၊ ကျောင်းသားကျောင်းသူ၊ မိဘ ဆရာသမား၊ ကေအဲန်ယူခေါင်းဆောင်တွေနဲ့ ဧည့်သည်တွေအပါအဝင် စုစုပေါင်း လူဦးရေ ၁၄၀ ကျော်တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဘွဲ့ယူသူတစ်ဦးဖြစ်တဲ့ နော်ဝါးဒါးကတော့ “မိမိလိုချင်တဲ့ အပြောင်းအလဲအတွက် မိမိကိုယ်တိုင်ပြုပြင်ပြောင်းလဲဖို့ကလည်း အရေးကြီးတယ်” လို့ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

Rev.ဒေါက်တာစေးစောကလည်း “လူငယ်တွေအနေနဲ့ အနာဂတ်အိပ်မက်တွေကို ရဲရဲမက်ကြဖို့ တာဝန်ယူမှုရှိပြီး အားကိုးစရာကောင်းတဲ့ ခေါင်းဆောင်တွေအဖြစ် အများကလေးစားအားကျဖွယ်ဖြစ်အောင် ကြိုးစာကြဖို့” တိုက်တွန်းထားပါသေးတယ်။

ကေအဲန်ယူ-မူတြော်ခရိုင်က ခေါင်းဆောင်တွေ၊ ပြည်တွင်းပြည်ပက ကရင်ဆရာသမားတွေနဲ့ ကူညီပံ့ပိုးသူတွေ ပူးပေါင်းပြီး ၂၀၁၄ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ ဒေါက်တာထီသံပြာကောလိပ်ကျောင်းဟာ ကော်သူးလေမှာ လေးနှစ်တာကျောင်းတက်ရပြီး ဘွဲ့ပေးတဲ့ ပထမဦးဆုံး ပုဂ္ဂလိက ကောလိပ်ကျောင်းဖြစ်တယ်လို့ သိရပါတယ်။

ဒေါက်တာထီသံပြာကောလိပ်ကျောင်းမှာ ပညာသင်ယူနေကြတဲ့ ကျောင်းသားကျောင်းသူတွေအများစုဟာ စစ်ဘေးကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးလာခဲ့ရတဲ့ စစ်ရှောင်မိသားစုတွေ၊ တစ်နိုင်တစ်ပိုင် လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်သူ ကျေးလက်ဒေသမိသားစုကနေ လာရောက်ူတွေဖြစ်ကြတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

လက်ရှိ ကောလိပ်ကျောင်းမှာ ဘွဲ့ရသူ ခုနှစ်ဦးအပါအဝင် ကျောင်းသားကျောင်းသူ (၇၂) ဦးဟာ ကွန်ပျူတာ၊ စီးပွားရေးနဲ့ အင်္ဂလိပ်စာဘာသာရပ်တွေကို အထူးပြုသင်ယူလျက်ရှိတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။