ဒီးမောဆိုနှင့် ဖယ်ခုံမြို့နယ်၌ ယနေ့ ဖြစ်ပွားသော တိုက်ပွဲတွင် ပြည်သူကာကွယ်ရေးအဖွဲ့မှ ရဲဘော်တစ်ဦး ဒဏ်ရာအပြင်းအထန်ရပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးလိုက်ရကြောင်း ဖယ်ခုံ PDFက သတင်းထုတ်ပြန်သည်။
ဒီးမောဆိုမြို့နယ် ကုန်းသာကျေးရွာနှင့် ဖယ်ခုံမြို့နယ်မိုးဗြဲ အနီးဝှာရီဆူးဖလိုင်ရွာတိုက်ပွဲတွင် ဖယ်ခုံ PDF မှ တပ်ခွဲမှူးတစ်ဦးနှင့်ရဲဘော်တစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ခြင်းဖြစ်သည်။ ဆေးကုသမှုခံယူပြီးနောက် ရဲဘော်ဖြစ်သူ၏ ခြေထောက်ကို ဖြတ်တောက်လိုက်ရသည်ဟု ဆို သည်။

ဖယ်ခုံ PDF က” ဒီနေ့ရဲဘော်တစ်ဦး ခြေတစ်ဖက်ပြည်သူအတွက်ပေးဆပ်လိုက်ရပါတယ်။ခွဲခန်းက ထွက်လာပြီး အေးဆေး ဆေးလိပ် သောက်နိုင်ခဲ့တဲ့ ရဲဘော်ရဲ့စိတ်ဓာတ်ခိုင်မာမှု့နဲ့ပေးဆပ်မှု့ကို လေးစားပါတယ် ” ဟု ဂုဏ်ပြုရေးသားထားသည်။
ဖယ်ခုံမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အကြမ်းဖက်စစ်ကောင်စီအား တော်လှန် တိုက်ခိုက်နေသလို ဖယ်ခုံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း အုပ်ချုပ်ရေးယန္တရား အသက်ဝင်အောင်အကောင် အထည်ဖော်နေသည်။

Public Service Announcement
စစ်ကောင်စီက တိုက်ခိုက်၍ ထိခိုက်ခဲ့ရသော ပြည်သူတစ်ဦးချင်းစီ၏ အိုးအိမ်ထိခိုက်ဆုံးရှုံးမှု၊ဖမ်းဆီးခံရမှု၊ထိခိုက်ဒဏ်ရာရမှု နှင့်အသက်သေဆုံးမှုများကို
မှတ်တမ်း ပြုစုနေသည်။
ဖယ်ခုံနှင့်မိုးဗြဲဒေသမှ မိဘပြည်သူများအနေဖြင့် မိမိကိုယ်တိုင်(သို့မဟုတ်)မိမိ မိသားစုဝင်နှင့်ဆွေမျိုး သားချင်း မိတ်ဆွေများ၏ ထိခိုက်နစ်နာမှုများကို မှတ်တမ်းဓါတ်ပုံများနှင့် တကွ Page messager တွင် ဆက်သွယ် ပေးပို့ပေးကြပါရန် ဖယ်ခုံ PDF က အကူအညီတောင်းခံထားသည်။


















































