Connect with us

Hi, what are you looking for?

News

ထီးလင်းတွင် CDM ရဲ၂၀ဦးဖြင့် မြို့နယ်ပြည်သူ့ ရဲတပ်ဖွဲ့ ဖွဲ့စည်း

စစ်ကောင်စီ၏ ယန္တရားပြိုလဲအောင်ဆောင်ရွက်နိုင်ခဲ့ပြီး နောက် ပြည်သူနှင့် ပြည်သူ့အုပ်ချုပ်ရေးယန္တရားများ ပြန်လည်ပတ်ရန်အတွက် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည် အဓိကကျကြောင်း ၎င်းက ဆိုသည်။

ယောဒေသ ထီးလင်းမြို့နယ်၌ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ရဲ ၂၀ဦးပါဝင်သည့် မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ကို စတင်ဖွဲ့စည်းကြောင်း YDF (HTILIN)က ယနေ့(မတ်လ ၁၁ရက်)တွင် ထုတ်ပြန် သည်။

“ကျွန်တော်တို့ အရင်ကတည်းက ခိုးမှုတွေ ၊သစ်ခိုးထုတ်တာတွေကို ဖမ်းဆီးခဲ့တာတွေရှိခဲ့တယ်။တချို့ဆို အိမ်တွင်း ရေးပြဿနာတွေပါ လှမ်းတိုင်တယ်။ဒါကြောင့် ကျွန်တော်တို့ ရုံးတစ်ခုအနေနဲ့ သီးခြားဆောင်ရွက်မှ ဖြစ်မယ်လို့ ဆုံးဖြတ်ပြီး ပြည်သူ့ရဲတပ်ဖွဲ့ကို စတင်ဖွဲ့စည်းတာ ဖြစ်တယ်”ဟု YDF(HTILIN) တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီ၏ ယန္တရားပြိုလဲအောင်ဆောင်ရွက်နိုင်ခဲ့ပြီး နောက် ပြည်သူနှင့် ပြည်သူ့အုပ်ချုပ်ရေးယန္တရားများ ပြန်လည်ပတ်ရန်အတွက် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည် အဓိကကျကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင်လည်း တရားမဝင်သစ်လုပ်ငန်းများ စစ်ဆေးဖော်ထုတ်ခြင်း၊ခိုးမှုများစုံစမ်းဖော်ထုတ်ခြင်း၊လောင်းကစားဝိုင်းပပျောက်ရေးလုပ်ငန်းများနှင့် ပြစ်မှုဆိုင်ရာ ဖော်ထုတ်အရေးယူခြင်းများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည် ထဲရေးနှင့် လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာန၏ ညွန်ကြားချက်အတိုင်း ဆောင်ရွက်နေသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ထီးလင်းမြို့နယ်အတွင်းရှိ ပြည်သူများ အနေဖြင့် ပြစ်မှုဆိုင်ရာ ကိစ္စရပ်များ၊မတရားမှုများကို အချိန်နှင့် တပြေးညီတိုင်ကြားရန်လည်း YDF(HTILIN)က တိုက်တွန်းသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အားကောင်းသည့် ဒေသများ အပါအဝင် မြို့နယ်အလိုက် အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တ ရားကို ဖယ်ရှားနိုင်ရေးအတွက် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် ပြည်သူ့ ရဲတပ်ဖွဲ့များကို ဖွဲ့စည်းလျက်ရှိသည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြည်သူ့ရဲတပ်ဖွဲ့ ယာယီအုပ်ချုပ်ရေးကော်မတီ ဖွဲ့စည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ၂၀၂၁​အောက်တိုဘာ၇ရက်တွင် ကြေညာခဲ့သည်။

ပြည်သူ့တော်လှန်ရေးတွင် ပူးပေါင်းပါဝင်လာကြသော CDM ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ပြန်လည်စုစည်းပြီး ဘေးကင်းလုံခြုံမှုရှိစေရေး စီမံဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်၍ ကော်မတီကို ဖွဲ့စည်းခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် CDM ပြုလုပ်ထားသည့် ရဲများစုဖွဲ့စည်း ပြည်သူ့ရဲတပ်ဖွဲ့ဖွဲ့စည်းကာ ဒေသအတွင်း တရားဥပဒေစိုးမိုးရေးအပါအဝင် ရဲလုပ်ငန်းအချို့ စတင်ဆောင်ရွက်လျက်ရှိသည်။

CDM ပြည်သူ့ရဲတပ်ဖွဲ့များကို စစ်ကိုင်း၊မ​ကွေးတိုင်းနှင့် ချင်းနှင့် ကရင်နီပြည်နယ်ရှိ မြို့နယ်အချို့တွင် ဖွဲ့စည်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ( SCEF) ပေါ်ပေါက်လာမှုကို လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ဒီကနေ့ ဧပြီ ၁ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာ၀တီခရိုင် အုတ်ဖိုမြို့နယ် အောင်သုခ ရပ်ကွက်နေ ပျူစောထီး မောင်ဆန်းဟာ CDM သူနာပြု ဆရာမတစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ရာမှာ စစ်တပ်နဲ့အတူ ပါဝင်ခဲ့သူဖြစ်ပြီး ၎င်းကိုဖမ်းဆီးစဉ် ထွက်ပြေးလို့ ပစ်ခတ် ဖမ်းဆီးရာ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာ၀တီခရိုင်တပ်ရင်း(၃၈၀၂)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ‌အမြဲတမ်းအတွင်းဝန် ‌ဒေါ်ကြည်ပြာ တိုင်ကြားခံရမှု နဲ့ပက်သက်ပြီး ပြည်သူတွေရဲ့တောင်းဆိုချက်ကိုအလေးအနက်ထားဖြေရှင်းပေးလို့ သပိတ်မှောက်ထားတာကိုဖျက်သိမ်းလိုက်ကြောင်းဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(၆)ခုက ဖေဖော်ဝါရီလ ၂၆ ရက် ညမှာ ပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။