Connect with us

Hi, what are you looking for?

သတင်း

ထီးလင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဗိုလ်မှူးရုပ်အလောင်း ထပ်တွေ့

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဗိုလ်မှူး ရုပ်အလောင်း တွေ့ရှိပြီး အဲဒီဒေသတိုက်ပွဲတွေအတွင်း အရာရှိ အဆင့်သေဆုံးသူ ၄ ဦးရှိပြီလို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဗိုလ်မှူး ရုပ်အလောင်း တွေ့ရှိပြီး အဲဒီဒေသတိုက်ပွဲတွေအတွင်း အရာရှိ အဆင့်သေဆုံးသူ ၄ ဦးရှိပြီလို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

ဩဂုတ်−၁၂၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဗိုလ်မှူး ရုပ်အလောင်း တွေ့ရှိပြီး အဲဒီဒေသတိုက်ပွဲတွေအတွင်း အရာရှိ အဆင့်သေဆုံးသူ ၄ ဦးရှိပြီလို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

တိုက်ခိုက်ခံရလို့ အထိနာနေတဲ့ စစ်တပ်စစ်ကြောင်းကလည်း တပြင်းကျေးရွာက အင်အားအပြင် ကျောက်ထု အ‌မြောက်တပ်က တပ်သားတွေနဲ့ ပန်းဆန်ရွာမှာစုဖွဲ့ပြီး ထီးလင်းမြို့နယ်က စစ်ကြောင်းကို အင်အားဖြည့်ဖို့ ဒီကနေ့(ဩဂုတ် ၁၂ ရက်)မှာ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

“ကြီးရွာမှာ နေ့တိုင်းပွဲရှိပါတယ်ဗျ။ကိုယ့်ဘက် (တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့)က ဝင်ဆော်နေတာ။ရက်ပိုင်းထဲ ဗိုလ်မှူးတစ်ယောက်ရဲ့ DB ရထားတယ်”လို့ ထီးလင်းမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကြီးရွာဟာ ပန်းဆန်-ရွှေအောင်သာ-ထီးလင်းကားလမ်းမကြီးပေါ်ရှိပြီး စစ်တပ်က အင်အား ၂၀၀ ခန့်နဲ့ ဇူလိုင် တတိယပတ်ကတည်းက စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းဟာ ထီးလင်မြို့နဲ့ ၁၀ ခန့်အကွာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ရွှေအောင်သာ ရွာကို ပြန်လည်စိုးမိုးဖို့ဖြစ်တယ်လို့ သိရပါတယ်။

ရွှေအောင်သာရွာကတဆင့် မကွေးတိုင်းနဲ့ ချင်းပြည်နယ်တောင်ပိုင်းရဲ့ကုန်သွယ်ရေးလမ်းကြောင်းကိုချိတ်ဆက်ထားတာဖြစ်ပါတယ်။

“လေယာဉ်က နေ့တိုင်းလာကြဲနေတယ်”လို့ ဆောမြိုနယ် ဒေသခံတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ချင်းပြည်နယ်တောင်ပိုင်းနဲ့ ထိစပ်နေတဲ့ ဆောမြို့နယ်နဲ့ထီးလင်းမြို့နယ်က အဓိကလမ်းပိုင်းကို ထိန်းချုပ်ဖို့ အခုနှစ် ၂၀၂၆ မေလကတည်းက ကြိုးပမ်းနေတာကြောင့် တိုက်ပွဲတွေ မကြာခဏ ဖြစ်နေပါတယ်။

ဒါ့အပြင် ဆော – လောင်းရှည်လမ်းပိုင်းကို စစ်တပ်က လေးကြိမ်ထက်မနည်းထိုးစစ်ဆင်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်တွေက ခုခံနိုင်ခဲ့ပြီး စစ်တပ်က စစ်သုံ့ပန်းနဲ့ အလင်း၀င်လာသူများစွာ ရှိနေတယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူကိုဇင်ကို၀င်းက မကြာသေးမီရက်ပိုင်းက အသိပေးထားပါတယ်။

တပြိုင်တည်းမှာပဲ ချင်းတောင်ပိုင်းက တိုက်ပွဲတွေအတွင်း တော်လှန်ရေးပူးပေါင်းတပ်က တန်ပြန်ထိုးစစ်ဆင်ပြီး စစ်တပ်အထိနာအောင် တိုက်ခိုက်ရာ စစ်တပ်က အင်အား ရာချီထိခိုက်သေဆုံးသလို စစ်သုံ့ပန်းတွေ ဖမ်းမိတာ၊ လက်နက်ခဲယမ်းတွေ သိမ်းရတာတွေရှိတယ်လို့ ချင်းပြည်သူ့အစည်းအရုံးက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်တွေနဲ့ မကွေးတိုင်း၊ ဆော-ထီးလင်း ဒေသတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်တောင်ပိုင်းဂွမြို့နယ်၊ ကျိန္တလီမြို့နဲ့ ရေကျော်ကျေးရွာတို့ကို ​တော်သလင်းလပြည့်​နေမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံအရပ်သားပြည်သူ ၃ ဦးဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Facebook