Connect with us

Hi, what are you looking for?

News

မတ္တရာနယ် သဖန်းကိုင်းကျေးရွာမှ နေအိမ်နှစ်လုံးကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

စစ်ကောင်စီတပ်သည် ဒေသအသီးသီးရှိ ကျေးရွာများ၌ ပြည်သူလူထုများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ လူထုပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ဆက်တိုက်ပြုလုပ်နေသည်။

မန္တ​လေးတိုင်း မတ္တရာမြို့နယ်ရှိ ကျေးရွာများသို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းမှုများ လုပ်ဆောင်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်သည် ယမန်နေ့ညပိုင်းတွင် သဖန်းကိုင်းရွာမှ ဒေသခံနှစ်ဦး၏ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားသည်ဟု မတ္တရာနယ်ခံတစ်ဦးက သတင်းပေးပို့သည်။

သဖန်းကိုင်းရွာ၌ တပ်စွဲနေသည့် စစ်ကောင်စီတပ်သည် ရွာမှ အထွက်ပြပြီးနောက်ပိုင်း ရွာသို့ ပြန်ဝင်လာကာ မတ်လ ၁၁ရက်ညပိုင်း၌ သဖန်းကိုင်းကျေးရွာရှိ နေအိမ်နှစ်လုံးကို မီးရှို့သွားခြင်းဖြစ်သည်ဟု ဆိုသည်။

“အိမ်တွေက လူမရှိတာ ကြာပြီ။ သူတို့ အဝေးမှာရှိတဲ့ ဆွေမျိုးသားချင်းတွေဆီသွားနေနေကြတာ။ အဲဒီလို သွားနေကြတာကြာပြီ။”ဟု ဒေသခံက ပြောသည်။

အဆိုပါ အိမ်နှစ်လုံးကို မီးရှို့ခြင်းမှာ အိမ်ပိုင်ရှင်များသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ပတ်သက်သည်ဟူသော သတင်းကြောင့်ဟု ယူဆကြောင်း ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ဒေသအသီးသီးရှိ ကျေးရွာများ၌ ပြည်သူလူထုများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ လူထုပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ဆက်တိုက်ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မတ္တရာမြို့နယ်အရှေ့‌‌ခြမ်း နဲ့ မြို့အနီးကစစ်တပ် တက်စွဲထားရာ​နေရာ အများစုက​နေပြန်ဆုတ်နေပြီး မတ္တရာမြို့တွင်းမှာ စုဖွဲ့မှု ပြန်လုပ် နေတယ်လို့ ဒေသတွင်း တော်လှန်ရေး သတင်းအရင်းမြစ်တွေကပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။