Connect with us

Hi, what are you looking for?

News

အေး​နေဝင်းပိုင် YBS (၂၀) ​ဖောက်ခွဲတိုက်ခိုက်ခံရ

ကားပေါ်၌ ခရီးသည်မရှိသည့် အချိန်တွင် ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ပြည်သူများအပေါ် မတရားနည်းဖြင့် ဂုတ်သွေး စုပ်နေသည့် စစ်ကောင်စီ ထောက်တိုင်များကို ဆက်လက်တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထား သည်။

အကြမ်းဖက်စစ်​ကောင်စီတပ် ​ထောက်တိုင်တစ်ခုဖြစ်​သော အေးနေဝင်းမိသားစု ပိုင်ဆိုင်သော YBS (၂၀) ယာဉ်ကို ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း From Zero to Hero အဖွဲ့က အသိ​ပေးထုတ်ပြန်သည်။

မတ်လ ၁၁ ရက် ညနေက လှိုင်သာယာမြို့နယ် ရဲတပ်ရင်း (၉)အနီးရှိ YBS ယာဉ်ရပ်နားစခန်းဂိတ်ဝတွင် ရပ်ထားသည့် YBS(၂၀) ယာဉ်တစ်စီးကို ဗုံးခွဲ၍ တိုက်ခိုက်ခဲ့‌ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ကားပေါ်၌ ခရီးသည်မရှိသည့် အချိန်တွင် ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ပြည်သူများအပေါ် မတရားနည်းဖြင့် ဂုတ်သွေး စုပ်နေသည့် စစ်ကောင်စီ ထောက်တိုင်များကို ဆက်လက်တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထား သည်။

Public Service Announcement

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီ၏ ထုတ်ကုန်များကို Boycott ပြုလုပ်၍ တော်လှန်ရေး၌ ပါဝင်ရန် ထပ်မံတိုက်တွန်းထားပြီး ယင်းထုတ်ကုန်များကို ရောင်းချနေသည့် ဆိုင်များကို ငဲ့ညှာမည်မဟုတ်ကြောင်း သတိပေးထားသည်။

Public Service Announcement

Public Service Announcement

အေးနေဝင်းမိသားစုပိုင် Omin Focus ကုမ္ပဏီ၏ YBS များကို ယခင်ကလည်း တိုင်ခိုက်ခံခဲ့ရပြီး ဇန်နဝါရီ ၁၃ ရက်က YBS (၅၆) ယာဉ်တစ်စီး အဝေးထိန်းဗုံးဖြင့်တိုက်ခိုက်ခံခဲ့ရသလို ပြီးခဲ့သည့်နှစ်အောက်တိုဘာလအတွင်းကလည်း YBS(၂၀) ယာဉ်တစ်စီးကို ဆင်မလိုက်မှတ်တိုင်၌ မီးရှို့ခဲ့သည်။

Omini Focus ကုမ္ပဏီသည် YBS ယာဉ်လိုင်း ၉ ခု၌ အစီးရေ ၅၀၀ ခန့်ပြေးဆွဲနေပြီး အေးနေဝင်း၏ အစ်ကို ကျော်နေဝင်းက ဦးစီးလုပ်ကိုင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ အလုံမြို့နယ်က ဆင်မင်းဈေးကားမှတ်တိုင်အနီးမှာ အသက်ကြီးပိုင်း အမျိုးသမီး ၁ဦး YBS-144 ယာဉ်တိုက်ပြီး သေဆုံးသွားတယ်လို့ အခင်းနေရာကို သွားရောက်ကူညီခဲ့တဲ့ ကြီးလေးကြီး လူမှူကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ရန်ကုန်မြို့၊လှိုင်မြို့နယ် ရွာမကွေ့ မှတ်တိုင်မှာ YBS(၂၂)တစ်စီး မီးခိုးတွေထွက်လာလို့ ကားတံခါးချက်ချင်းဖွင့်မပေးတာကြောင့် ခရီးသည်တွေက ကားပေါ်ကဆင်းဖို့ မှန်တွေရိုက်ခွဲဆင်းပြေးခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့ ၊အင်းစိန်မြို့နယ်၊ ဒညင်းကုန်းလမ်းဆုံအနီးမှာဒီနေ့ (မေ ၁၁ ရက်)မနက်ပိုင်းက YBS ကားတက်ကြိတ်မိပြီးသက်ကြီးပိုင်းအမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့တဲ့သူတွေထံကသိရပါတယ်။

သတင်း

ရန်ကုန်မြို့မှာ လျှပ်စစ်မီးပြတ်တောက်မှု‌တွေကြောင့် CNGကားတွေ Gas အလုံအလောက်မရလို့ တချို့YBS ယာဉ်လိုင်းတွေက ကားအရေအတွက်နည်းပြီး ခရီးသည်တွေအခက်ကြုံနေရပါတယ်။