Connect with us

Hi, what are you looking for?

LuduNwayOo

News

အေး​နေဝင်းပိုင် YBS (၂၀) ​ဖောက်ခွဲတိုက်ခိုက်ခံရ

ကားပေါ်၌ ခရီးသည်မရှိသည့် အချိန်တွင် ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ပြည်သူများအပေါ် မတရားနည်းဖြင့် ဂုတ်သွေး စုပ်နေသည့် စစ်ကောင်စီ ထောက်တိုင်များကို ဆက်လက်တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထား သည်။

အကြမ်းဖက်စစ်​ကောင်စီတပ် ​ထောက်တိုင်တစ်ခုဖြစ်​သော အေးနေဝင်းမိသားစု ပိုင်ဆိုင်သော YBS (၂၀) ယာဉ်ကို ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း From Zero to Hero အဖွဲ့က အသိ​ပေးထုတ်ပြန်သည်။

မတ်လ ၁၁ ရက် ညနေက လှိုင်သာယာမြို့နယ် ရဲတပ်ရင်း (၉)အနီးရှိ YBS ယာဉ်ရပ်နားစခန်းဂိတ်ဝတွင် ရပ်ထားသည့် YBS(၂၀) ယာဉ်တစ်စီးကို ဗုံးခွဲ၍ တိုက်ခိုက်ခဲ့‌ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ကားပေါ်၌ ခရီးသည်မရှိသည့် အချိန်တွင် ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ပြည်သူများအပေါ် မတရားနည်းဖြင့် ဂုတ်သွေး စုပ်နေသည့် စစ်ကောင်စီ ထောက်တိုင်များကို ဆက်လက်တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထား သည်။

Public Service Announcement

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီ၏ ထုတ်ကုန်များကို Boycott ပြုလုပ်၍ တော်လှန်ရေး၌ ပါဝင်ရန် ထပ်မံတိုက်တွန်းထားပြီး ယင်းထုတ်ကုန်များကို ရောင်းချနေသည့် ဆိုင်များကို ငဲ့ညှာမည်မဟုတ်ကြောင်း သတိပေးထားသည်။

Public Service Announcement

Public Service Announcement

အေးနေဝင်းမိသားစုပိုင် Omin Focus ကုမ္ပဏီ၏ YBS များကို ယခင်ကလည်း တိုင်ခိုက်ခံခဲ့ရပြီး ဇန်နဝါရီ ၁၃ ရက်က YBS (၅၆) ယာဉ်တစ်စီး အဝေးထိန်းဗုံးဖြင့်တိုက်ခိုက်ခံခဲ့ရသလို ပြီးခဲ့သည့်နှစ်အောက်တိုဘာလအတွင်းကလည်း YBS(၂၀) ယာဉ်တစ်စီးကို ဆင်မလိုက်မှတ်တိုင်၌ မီးရှို့ခဲ့သည်။

Omini Focus ကုမ္ပဏီသည် YBS ယာဉ်လိုင်း ၉ ခု၌ အစီးရေ ၅၀၀ ခန့်ပြေးဆွဲနေပြီး အေးနေဝင်း၏ အစ်ကို ကျော်နေဝင်းက ဦးစီးလုပ်ကိုင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိ လူထုကြား ​သောကများ​နေကြသည့် စစ်မှုထမ်းကိစ္စကို အထူးအ​လေး​ပေးပြုလုပ်​နေကြသည့် စစ်ကောင်စီအလိုတော်ရိ ဝန်ထမ်းများ၊ ​ထွေအုပ်၊ ရပ်ကွက်အုပ်ကြီးများနှင့် လက်​​ဝေခံ ထောက်တိုင်များလည်း သတိထား​နေကြရန် ရန်ကုန်ပကဖက ပြင်းထန်စွာ သတိ​ပေးသည်။

သတင်း

အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်များဖြစ်ခဲ့သည်မှာ မှန်ကန်ပြီး လူထိခိုက်မှုမရှိကြောင်း လှိုင်သာယာကင်းထောက်ချန်နယ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

ယင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဝေဘာဂီရပ်ကွက်၊ ၆ ကွေ့နှင့် အောင်မင်္ဂလာကားဝင်းအနီးတို့တွင် စစ်ကားများဖြင့် ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံပြည်သူအချို့က ပြောသည်။

သတင်း

စစ်ကောင်စီ၏ ပစ်မှတ်များကိုလည်း ဆက်တိုက်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပတ်သက်သည့် နေရာများကို ဝေးဝေးမှရှောင်ကြရန်လည်း မေတ္တာရပ်ခံထားသည်။