Connect with us

Hi, what are you looking for?

News

ယင်းမာပင်နယ်တွင် ၁၆ရက်အတွင်း PDF ရဲ​ဘော်တစ်ဦးအပါအဝင် အရပ်သား ၂၅ဦးကို မီးရှို့သတ်ဖြတ်

အကြမ်းဖက်စစ်ကောင်စီနှင့် ယင်းမာပင်ခရိုင်အတွင်းရှိ ပူးပေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် ယင်းမာပင်မြို့နယ်တွင် မတ်လ ၁ ရက်မှ မတ်လ ၁၃ ရက်အထိ နေ့ရောညပါ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ရန်သူစစ်ကြောင်းဘက်မှလည်း သေဆုံးထိခိုက်ဒဏ်ရာများ အသီးသီး ရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

(ယင်းမာပင် PDF ရဲ​ဘော်များကို ​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်၌ ဖေဖော်ဝါရီ ၂၆ ရက်မှ မတ်လ ၁၃ ရက်အထိ ၁၆ ရက်တာကာလအတွင်း အကြမ်းဖက်စစ်ကောင်စီက ယင်းမာပင်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးအပါအဝင် အပစ်မဲ့အရပ်သားပြည်သူ ၂၅ဦးကို ဖမ်းဆီး ၊ မီးရှို့သတ်ဖြတ်သွားခဲ့သည်ဟု မြောက်ယမားပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ကသတင်းထုတ်ပြန်သည်။

တိုင်ပွဲအပြင်းအထန်းဖြစ်နေသည့် ယင်းမာပင်မြို့နယ် အခြေအ‌နေကို မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(မတ် ၁၃ရက်)တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

“စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်တွင် ရန်သူ(စစ်ကောင်စီ)စစ်ကြောင်းမှ လူအင်အား ၂၀၀ ဦးခန့်သည် ကျေးရွာအများအပြားအား ဝင်ရောက်စီးနင်းကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၂၅ ဦးကို သတ်ဖြတ်ခဲ့သည်”ဟု ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီနှင့် ယင်းမာပင်ခရိုင်အတွင်းရှိ ပူးပေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် ယင်းမာပင်မြို့နယ်တွင် မတ်လ ၁ ရက်မှ မတ်လ ၁၃ ရက်အထိ နေ့ရောညပါ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ရန်သူစစ်ကြောင်းဘက်မှလည်း သေဆုံးထိခိုက်ဒဏ်ရာများ အသီးသီး ရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ယင်းမာပင်‌ဒေသတွင် စစ်ကောင်စီ၏ လူမဆန်သော ရက်စက်ကြမ်းကြုတ်မှုများကိုလည်း မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လူထုအား အသေးစိတ်ရှင်းပြထားသည်။

စစ်ကောင်စီသည် အပစ်မဲ့အရပ်သားပြည်သူစစ်ဘေးရှောင်များကို အဓိကပစ်မှတ်ထားကာ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပြည်သူများ၏ လူနေအိမ်များကိုလည်း မီးရှို့ဖျက်စီးခဲ့ရာတွင် လူနေအိမ် ရာနှင့်ချီ မီးဘေးသင့်ခဲ့ကြောင်း၊ တိရစ္ဆာန်များပါမကျန် သတ်ဖြတ် စားသောက်ခဲ့ကြသည်ဟု ဆိုသည်။

ထို့ပြင် စစ်ကောင်စီစစ်ကြောင်းထိုးရာလမ်းတစ်လျှောက်တွင် တွေ့ရာပြည်သူများကို ဖမ်းဆီး၍ လူသားဒိုင်းအဖြစ်ခေါ်ဆောင်ခဲ့ကာ နည်းအမျိုးမျိုးဖြင့် ညှင်းပန်း ၊ နှိပ်စက် ရိုက်နှက်မှုများလည်း ရှိခဲ့ကြောင်း၊ ဘာသာရေးကျောင်းများကိုလည်း မီးရှို့ဖျက်စီးခဲ့ပြီး ဘာသာရေးကျောင်းများထဲမှ ငွေများနှင့် ပြည်သူပိုင် တန်ဖိုးကြီး ရွှေ ၊ ငွေ စသည်ပစ္စည်းများကိုလည်း ခိုးယူသွားခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

ယင်းမာပင်အပါအဝင် စစ်ကိုင်းတိုင်းအတွင်းမှ မြို့များအားလုံးနီးပါးသည် အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်ကို ကြံ့ကြံ့ခံခုခံနေပြီး လက်နက်နှင့်ငွေကြေးအကူအညီများ အရေးတကြီး လိုအပ်‌နေသည်ဟု ပြည်သူ့ကာကွယ် ရေးတပ်များက ပြည်သူလူထုထံ သတင်းစကားပါးထားကြသည်။

လက်နက်အင်အား အားနည်းနေသည့် စစ်ကိုင်းတိုင်းကို စစ်ကောင်စီက နည်းမျိုးစုံ ဖိနှိပ်နေသော်လည်း ယမန်နေ့(မတ်လ ၁၂ရက်)က ကရင်ပြည်နယ်၌ဖြစ်ပွားသောတိုက်ပွဲတွင် စစ်ကောင်စီအရာရှိများပါ မရှု့မလှ သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook