Connect with us

Hi, what are you looking for?

News

အင်းစိန်ထောင်မှာ မတရားဖမ်းခံရသူအချို့ကို စစ်ကြောရေး ပြန်ပို့ပြီး ထပ်စစ်ဆေး

စစ်ကောင်စီဟာ သူတို့ကိုဆန့်ကျင်သူတွေကိုမတရားဖမ်းဆီးချုပ်နှောင်ထားတဲ့အပြင် ပုဒ်မအသီးသီးနဲ့ စွဲဆိုကာ ထောင်ဒဏ်တွေချနေတာပါ။

အင်းစိန်ထောင်မှာမတရားဖမ်းဆီးခံထားရသူတွေထဲက အချို့ကို စစ်ကြောရေးကို ပြန်ခေါ်ကာ စစ်ဆေးမှုတွေကို စစ်ကောင်စီက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၁၁ ရက် (သောကြာနေ့ )က အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရသူ ရှစ် ဦးကိုစစ်ကြောရေးပို့လိုက် တာရှိပါတယ်။

ဒါအပြင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်လူငယ်တွေဖြစ်တဲ့ ကိုဇော်ထက်နိုင် ၊ကိုလေပြေစိုးမိုး ၊ကိုသုတစိုးတို့အပါအဝင် လေးဦး ဟာလည်း အင်းစိန်ထောင် လူငယ်ဆောင်ကနေ ခေါ်ထုတ်ခံရပြီး ဘယ်နေရာကိုပို့ဆောင်လိုကတယ်ဆိုတာကို မသိရလို့ သူတို့ရဲ့အခြေအနေဟာ စိုးရိမ်ဖွယ်ရာဖြစ်တယ်လို့ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) က ဒီနေ့မနက်အစောပိုင်းက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ သူတို့ကိုဆန့်ကျင်သူတွေကိုမတရားဖမ်းဆီးချုပ်နှောင်ထားတဲ့အပြင် ပုဒ်မအသီးသီးနဲ့ စွဲဆိုကာ ထောင်ဒဏ်တွေချနေတာပါ။

Public Service Announcement

Public Service Announcement

ဒါအပြင် အကျဉ်းထောင်ထဲမှာလည်း နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ရိုက်နှက်ညှင်းပန်းတာတွေလည်းရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အင်းစိန်ထောင်မှာ ထောင်အာဏာပိုင်တစ်ဦးက ထောင်တွင်းဘောလုံးပွဲသွားကြည့်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အကြောင်းပြချက်မရှိပဲ အပြစ်ရှာ ရိုက်နှက်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကအသိပေးထားပါတယ်။

အတွေးအမြင်

သံမဏီနှင်းဆီနဲ့ သ​​င်​ကေတပြုထားတဲ့လူထု​​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်းစုကြည်ရဲ့ ​မွေး​နေ့ရက်​တွေဟာ တကယ်​တော့ လူတစ်ဦးရဲ့​မွေး​နေ့ထက် အဓိပ္ပါယ်​လေးနက်ပါတယ်။ လူထု​​ခေါင်း​ဆောင်အ​ပေါ် ပြည်သူတွေရဲ့ချစ်ခြင်း​မေတ္တာပြသခြင်းရဲ့ပြယုဂ်ခြင်းဖြစ်ပါတယ်။ဒါအပြင် လူထု​ခေါင်း​ဆောင်ရဲ့ ဒီမိုက​ရေစီအတွက် ခက်ခဲကြမ်းတမ်းလှတဲ့လမ်းကို​​လျှောက်လှမ်းရ​ပေမယ့် ​နောက်မတွန့်ပဲ ပန်းတိုင်ဆီ သတ္တိအပြည့်နဲ့ ချီတက်​နေတဲ့ လမ်းစဥ်ကို ယုံကြည်တယ်၊လိုက်နာမယ်ဆိုတဲ့ အချက်ပြ​မှု​တွေလည်းဖြစ်ပါတယ် ။

သတင်း

တန်းစီးချုပ်ကိုဦးက ​မြောက်ဥက္ကလာပမျက်နှာဖုံးလူသတ်မှုက အမှုတွဲဖြစ်