Connect with us

Hi, what are you looking for?

အတွေးအမြင်

“ကျောင်းတော်ကြီးထဲက ပန်းအစိုမပန်ရတဲ့ မွေးနေ့ရက်စွဲများ”

သံမဏီနှင်းဆီနဲ့ သ​​င်​ကေတပြုထားတဲ့လူထု​​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်းစုကြည်ရဲ့ ​မွေး​နေ့ရက်​တွေဟာ တကယ်​တော့ လူတစ်ဦးရဲ့​မွေး​နေ့ထက် အဓိပ္ပါယ်​လေးနက်ပါတယ်။ လူထု​​ခေါင်း​ဆောင်အ​ပေါ် ပြည်သူတွေရဲ့ချစ်ခြင်း​မေတ္တာပြသခြင်းရဲ့ပြယုဂ်ခြင်းဖြစ်ပါတယ်။ဒါအပြင် လူထု​ခေါင်း​ဆောင်ရဲ့ ဒီမိုက​ရေစီအတွက် ခက်ခဲကြမ်းတမ်းလှတဲ့လမ်းကို​​လျှောက်လှမ်းရ​ပေမယ့် ​နောက်မတွန့်ပဲ ပန်းတိုင်ဆီ သတ္တိအပြည့်နဲ့ ချီတက်​နေတဲ့ လမ်းစဥ်ကို ယုံကြည်တယ်၊လိုက်နာမယ်ဆိုတဲ့ အချက်ပြ​မှု​တွေလည်းဖြစ်ပါတယ် ။

-သရဖီ​ရေးသားသည်။

အခုလို ဇွန်လ ၁၉ ရက် ရောက်တိုင်း ရယ်စရာတစ်ခုကို သတိရမိတတ်သေးတယ်။

ကိုယ်တိုင် အမှုရင်ဆိုင်နေရဆဲ ကာလတုန်းက ဗေဒင်က ဟောဖူးတယ်။ အဆောင်အဖြစ် “နောက်တစ်ပတ် ရုံးချိန်းထွက်ရင် ပန်းပန်ပြီး ထွက်ရလိမ့်မယ်” တဲ့။

ဒါပေမဲ့ တကယ်တမ်း ထွက်ခဲ့ရတာကတော့ ပန်းပန်ခွင့်မရှိတဲ့၊ စစ်အာဏာရှင်​တွေရဲ့တင်းကျပ်လှတဲ့ဒီလိုမွေးနေ့ရက်မျိုးဖြစ်နေခဲ့တယ်။

Public Service Announcement

Public Service Announcement

စိတ်ထဲမှာလည်း “တစ်မှုတောင် ရင်ဆိုင်လို့မပြီးသေးဘူး၊ နောက်တစ်မှုတော့ ထပ်မတိုးပါနဲ့တော့” လို့ပဲ မရည်ရွယ်ဘဲ ဆုတောင်းမိရတဲ့အထိပါပဲ။

ကျောင်းတော်ကြီး(​ထောင်)ရဲ့အုတ်တံတိုင်းတွေနောက်ကွယ်မှာလည်း ဒီလိုနေ့မျိုးဆိုရင် လူတွေဟာ မိမိတို့ သန်ရာသန်ရာ နည်းလမ်းတွေနဲ့ အထိမ်းအမှတ်ပွဲလေးတွေ ဖန်တီးတတ်ကြပါတယ်။

ပုံမှန်ရက်တွေမှာဆိုရင်တော့ထောင်ထဲမှာပန်းအစိုရောင်းတဲ့သူတွေ ရှိတတ်ကြပေမဲ့၊ဒီ​နေ့လို ဇွန် ၁၉ ရက်မျိုးမှာတော့ ပန်းအစိုတွေကို လုံးဝ အဝယ်မခံ၊အ‌‌ရောင်းမခံ၊ အပန်မခံဘဲ ပိတ်ပင်ထားတတ်ကြတယ်။ ဒါပေမဲ့လည်း စိတ်အာရုံမှာ ပွင့်နေတဲ့ပန်းတွေကိုတော့ ဘယ်သူမှ ဆိတ်သုဉ်းအောင် မလုပ်နိုင်ကြပါဘူး။

ပန်းအစိုမရှိရင် ပန်းခြောက်ကလစ်လေးတွေ ရှာပြီး ပန်သူကပန်၊ အလေးအမြတ်ထားတဲ့ အနေနဲ့ ဝတ်စုံအပြည့်ကိုတစ်နေကုန် ဝတ်ဆင်သူက ဝတ်ဆင်ထားကြတယ်။

ခမ်းခမ်းနားနား မဟုတ်တောင်မှ ရှိတဲ့မုန့်လေးတွေကို စုပေါင်းပြီး ကိတ်မုန့်သဖွယ် ပြုလုပ်ပြီးတော့လည်း အချင်းချင်း ဝေမျှကြတယ်။

တစ်ရှုးစက္ကူစလေးတွေနဲ့ ပန်းလေး‌တွေလုပ်ပြီး မျှဝေကြတယ်။

ညပိုင်းဘုရားဝတ်ပြုချိန် ရောက်တဲ့အခါမှာတော့အားလုံးရဲ့နှုတ်ဖျားကနေမေတ္တာသုတ်တော်ကိုတညီတညွတ်တည်းရွတ်ဆိုရင်း ငြိမ်းချမ်းခြင်း ဆုတောင်းတွေကို ပို့သပေးခဲ့ကြပါတယ်။

တစ်ဖက်မှာလည်း စစ်တပ်လက်​အောက်ခံ​ထောင်အာဏာပိုင်တွေက စိုးရိမ်တကြီးနဲ့ ကင်မရာတစ်လုံးကိုင်၊ ကင်းလှည့်ပတ်ပြီး ဘယ်သူတွေ ဘာလုပ်နေလဲဆိုတာကို ဓာတ်ပုံမှတ်တမ်းတွေ လိုက်ယူနေကြတာ မြင်ကွင်းတစ်ခုပေါ့။

ဒါပေမဲ့အဲဒီတုန်းကတော့အရေးယူတာမျိုးတော့ မကြားမိခဲ့ပမဲ့ မှတ်တမ်းမှတ်ရာတွထဲမှာတာ့ မှင်နီပါနေမှာကတာ့ အသေအချာပါပဲ။

ထောင်တံတိုင်းတွေကြားထဲမှာနှစ်တွေအလီလီ ကုန်လွန်သွားပေမဲ့လည်းခံယူချက် သန်မာတဲ့သူတွေကတော့ ဘယ်လောက်ပဲ အချိန်တွေကြာပါစေ၊ ယနေ့ထက်ထိ တုန်လှုပ်ခြင်းမရှိဘဲ သန်မာနေကြဆဲပါပဲ။တစ်ပြိုင်နက်တည်းမှာပဲ တချို့ကလည်း မပြီးဆုံးနိုင်တဲ့ ဒီလိုအ​ခြေ အနေ၊ ဒီလို အကျဉ်းအကြပ်ကာလကြီးကို ရိုးအီပြီး စိတ်ကုန်နေကြတာမျိုးလည်း ရှိပါတယ်။ ဒါဟာ လူသားဆန်တဲ့ သဘာဝတရားတွေပါပဲ။ဒါ​ပေမယ့် ဒါဟာလူနည်းစုပါ။

သံမဏီနှင်းဆီနဲ့ သ​​င်​ကေတပြုထားတဲ့လူထု​​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်းစုကြည်ရဲ့ ​မွေး​နေ့ရက်​တွေဟာ တကယ်​တော့ လူတစ်ဦးရဲ့​မွေး​နေ့ထက် အဓိပ္ပါယ်​လေးနက်ပါတယ်။ လူထု​​ခေါင်း​ဆောင်အ​ပေါ် ပြည်သူတွေရဲ့ချစ်ခြင်း​မေတ္တာပြသခြင်းရဲ့ပြယုဂ်ခြင်းဖြစ်ပါတယ်။ဒါအပြင် လူထု​ခေါင်း​ဆောင်ရဲ့ ဒီမိုက​ရေစီအတွက် ခက်ခဲကြမ်းတမ်းလှတဲ့လမ်းကို​​လျှောက်လှမ်းရ​ပေမယ့် ​နောက်မတွန့်ပဲ ပန်းတိုင်ဆီ သတ္တိအပြည့်နဲ့ ချီတက်​နေတဲ့ လမ်းစဥ်ကို ယုံကြည်တယ်၊လိုက်နာမယ်ဆိုတဲ့ အချက်ပြ​မှု​တွေလည်းဖြစ်ပါတယ် ။

တနည်းအားဖြင့် ဇွန် ၁၉ မှာ နှင်းဆီ​တွေဟာချစ်ခြင်း​မေတ္တာ ၊သတ္တိ ၊ဒီမိုက​ရေစီ နဲ့ လူ့အခွင့်အ​ရေး ၊အရှုံးမ​ပေးခြင်းတို့ရဲ့ သတင်းစကားဖြစ်ပါတယ်။ စစ်တပ်ကအာဏာလုထားပြီး လူထု​ခေါင်း​ဆောင်ကို ​ထောင်သွင်းအကျဥ်းချ သတင်းအ​မှောင်ချထားတဲ့ ဒီကာလမှာ နှင်းဆီ​တွေမှာ ပိုရဲရင့်လာပါတယ်။ဒါ​ကြောင့် စစ်တပ်က ​နရသိန်​ထောင်ထဲမှာသာမက ​ထောင်အပြင်မှာပါ နှင်းဆီပန်း​တွေကို အ​ကြောက်ကြီး​ကြောက်​နေကြပါတယ်၊

တကယ်တော့… ဒီနေ့ဒီရက်ကို၊ လူတွေရဲ့ စိတ်ကူးနဲ့ လေးစားချစ်ခင်မှုတွေကို ထိန်းချုပ်ချင်ကြတဲ့သူတွေအတွက်ကတော့ ဘယ်နေရာမှာပဲနေနေ၊ သူတို့ကတော့ နည်းမျိုးစုံနဲ့ ဆက်ပြီး ထိန်းချုပ်ကန့်သတ်နေကြဦးမှာပါပဲ။

ဒါပေမဲ့ ဘယ်လောက်ပဲ ပိတ်ပင်တားဆီးပါစေ။ရင်ထဲက ပွင့်လာတဲ့ ပန်းတွေကိုတော့ ဘယ်သောအခါမှ ဆွတ်ခူးလို့ ရနိုင်မှာမဟုတ်ပါဘူး။

အကျဉ်းထောင်ထဲကနိုင်ကျဉ်းတွေဟာ အခုချိန်ထိလည်းနိုင်ရာတာဝန်တွေကို ထမ်းရွက်နေကြဆဲပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ (ဇွန်လ ၁၉ ရက်) အမှတ်တရအဖြစ်၊ အကျဉ်းထောင် (ကျောင်းတော်ကြီး) အတွင်းတောင် ဒီ​နေ့ရောက်ရင် ပန်းရောင်းခွင့်မရှိ၊ ပန်းပန်ခွင့်မရတဲ့ အတွေ့အကြုံနဲ့ မြင်ကွင်းတွေကိုအမြဲအမှတ်ရနေမှာပါ။ မြန်မာပြည်သူ​တွေ နဲ့ မြန်မာနိုင်ငံအတွက် ချစ်ခြင်း​မေတ္တာကြီးမားလှပြီး အသက် ဘဝ​တွေ​ပေးအပ်ထားတဲ့ အသက် ၈၁ နှစ်အရွယ် လူထု​ခေါင်း​ဆောင်လည်း စစ်အာဏာရှင်​တွေရဲ့ အချုပ်အ​နှောင်​တွေက အမြန်လွတ်​မြောက်ပြီး သူမရဲ့ ဆန္ဒ​တွေ အမြန်ပြည့်ဝပါ​စေလို့ ​တောင်းဆု​​​ချွေလိုက်ပါတယ် ။ တချိန်တည်းမှာ သံမဏိနှင်းဆီ လွတ်လွတ်လပ်လပ် ​​မွှေးပျံ့​စေဖို့ဟာစစ်ကျွန်မခံပဲ လွတ်​မြောက်လိုသူ ၊လူပီသ​အောင်​နေလိုသူ​တွေအတွက် သမိုင်း​ပေးတာဝန်လည်းဖြစ်ပါ​တယ် ။ ။

ဆက်စပ်သတင်းများ

ကဗျာ

-​အောင်​စေ​နွေဦး အမေအို ကနိုင်ငံတော်ကိုနောက်တွဲဆံထုံးလေးလုပ်ပြီးထုံးထားတယ်၊အဲဒီ နောက်တွဲ ဆံထုံးလေးကိုပန်းလေးတွေ ချိတ်တွဲ ပန်ဆင်ပေးထားတယ်၊လှလှပပ မွှေးမွှေးပျံ့ပျံ့ သေသေသပ်သပ်နီနီရဲရဲ တင့်တင့်တယ်တယ် ကြွကြွရွရွသူမကျန်းမာပါစေသက်ရှည်ပါစေအနာကင်းပါစေမသူတော်ဘေး ဝေးပါစေ။ ၁၉၊ ဇွန်၊ ၂၀၂၆ Views: 70

ဆောင်းပါး

ကဖေး/People’s Spring သန့်ရှင်းသော ထိုဝန်းကျင်တွင် ပန်းရနံ့တို့ပိုသင်းပျံ့နေသည်။ ရွာဦးထိပ်က ယာယီစာသင်ကျောင်းဆီလှမ်းလာနေသော ကျောင်းဆရာမလေး၏ ဦးခေါင်းထက်မှာ နှင်းဆီပန်းနီနီရဲရဲက ဟန်ကျပန်ကျ လှပနေသည်။ ရွာလမ်းတလျှောက်တွေ့မြင်နေရသူတိုင်း၏ ဦးခေါင်းထက်မှာလည်း နှင်းဆီပန်းနှင့်အခြားသော အလျဉ်းသင့်ရာပန်းတွေ ပန်ဆင်ထားကြသည်။ ကြိုးသိုင်းလွယ်အိပ်လေးတွေ အဆင်ပြေသလိုလွယ်ထားကြသောကျောင်းသားကျောင်းသူလေးတွေလက်ထဲမှာလည်း နှင်းဆီပန်းလေးတွေ ကိုင်ထားကြပြန်သည်။ ပန်းရနံ့တို့သင်းထုံနေသောရွာလမ်းလေးအတိုင်းကျောင်းဆရာမလေး ဒေါ်နှင်းဆီ(အမည်လွှဲ)က ကျောင်း...

သတင်း

မြန်မာ့နိုင်ငံရေးပြဿနာများ ငြိမ်းချမ်းစွာပြေလည်စေရေးအတွက် အထူးဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး အဓိကထား ကြိုးပမ်း ဆောင်ရွက်ပေးကြဖို့ မိတ်ဆွေနိုင်ငံတွကို မေတ္တာရပ်ခံတိုက်တွန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နဲ့ ပြည်နယ်၊ တိုင်းလွှတ်တော်၊ အစိုးရတွေက ဒီကနေ့မှာ ပူးပေါင်း ထုတ်ပြန်လိုက်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။