Connect with us

Hi, what are you looking for?

News

အုပ်ချုပ်ရေးမှူးများနှုတ်ထွက်ရန်နှင့် ဆက်လက်လုပ်နေပါက အသက်ဘေး အာမခံမည် မဟုတ်ကြောင်း YUG သတိပေး

အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ အုပ်ချုပ်ရေးမှူးများနှုတ်ထွက်ရန်နှင့် ဆက်လက်လုပ်နေ ပါက အသက်ဘေး အာမခံမည်မဟုတ်ကြောင်း Yangon Urban Guerrillas -YUG အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

People's Spring
People's Spring

YUG အဖွဲ့သည် မတ်လ ၁၆ ရက်နံနက်က သပိတ်လူငယ်များကိုဖမ်းဆီးရာတွင် ပါဝင်ကူညီ သည့် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံကြည့်မြင်တိုင် မြို့နယ် သရက်တော(တောင်) ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ အိမ်အတွင်းသို့ လက်ပစ်ဗုံးပစ်ကာ ကားကို ချိန်ကိုက်ဗုံးတပ်ဆင် ဖောက်ခွဲသည့် တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

“ဒီတစ်ခါ ဖြစ်စဉ်မှာ အုပ်ကြီးမသေသွားတဲ့အတွက် ပြည်သူလူထုက သတိပေးရုံပဲမလုပ်ပဲနဲ့ အပြီးလုပ်ပါလို့ တောင်းဆိုလာကြတာတွေ့ရပါတယ်။ ပြည်သူလူထုရဲ့ နာကြည်းချက်နဲ့ သဘောထားကို ဒီဖြစ်စဉ်မှာ မြင်တွေ့နိုင်ပါတယ်။ ပြည်သူ့ဘက်မှာမရပ်ပဲ အကြမ်းဖက် စစ်တပ်ဘက်မှာ ရပ်တည်မယ်ဆိုရင် ကျွန်တော်တို့က ပြတ်ပြတ်သားသား တုန့်ပြန်သွားမယ်လို့ ထပ်မံပြောဆိုလိုက်ပါတယ်”ဟု YUG မှတာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေအမြန်ပို့ဖို့ တောင်းခံပြီးနောက် စစ်မှုထမ်း လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးအသစ်တွေရွေးချယ်ပြီးနောက် စစ်မှုထမ်းကြေး‌ ငွေ ကောက်ခံမှု တိုင်ကြားခံရလို့ဆိုပြီး မဲနှိုက်မှုတွေပြန်လုပ်ကာ မဲပေါက်သူက ကျပ်သိန်းရာနဲ့ချီပို ပေးနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်မှာ စစ်တပ်ကို သတင်းအမှားတွေပေးကာ ကျေးရွာတွေကို လက်နက်ကြီး တွေနဲ့ပစ်ခိုင်းခဲ့တဲ့ စစ်ကောင်စီခန့် အုပ်ချုပ်‌ရေးမှူး ၂ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

အတွေးအမြင်

လည်ပင်းမှာ ပန်းကုံးတွေ အများကြီးအစွပ်ခံထားရတဲ့ အမျိုးသားတစ်ယောက်ဟာ မိုက်ကိုကိုင်ရင်းမျက်ရည်တွေဝဲနေခဲ့တယ်။သူ့ရှေ့က လူတွေကိုကြည့်ရင်း သူ့အသံတွေဟာ တုန်ရင်နေခဲ့တယ်။