Connect with us

Hi, what are you looking for?

သတင်း

မိတ္ထီလာမှာ စစ်မှုထမ်းအတွက်လူစုပေးတဲ့ အုပ်ကြီးနဲ့ ညီဖြစ်သူပစ်ခတ်ခံရပြီးသေဆုံး

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေအမြန်ပို့ဖို့ တောင်းခံပြီးနောက် စစ်မှုထမ်း လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်-၂၇၊၂၀၂၆။ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေအမြန်ပို့ဖို့ တောင်းခံပြီးနောက် စစ်မှုထမ်း လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ဇူလိုင် ၂၃ ရက်၊ ညကမိတ္ထီလာမြို့နယ်၊ ဆည်အောင်ကုန်းကျေးရွာက အုပ်ချုပ်ရေးမှူးစိုးမင်းဆိုသူနဲ့ ၎င်းရဲညီဖြစ်သူတို့ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကနေ လာရောက်ပစ်ခတ်သွားတာဖြစ်ပြီး နှစ်ဦးလုံး သေဆုံးသွားကြောင်း ဒေသခံအချို့က ပြောပါတယ်။

“တော်လှန်ရေး အဖွဲ့က သေနတ်နဲ့ ပစ်ခတ်တာပါ။ဓါးနဲ့ မဟုတ်ပါဘူး။နှစ်ယောက်လုံးပွဲချင်းပြီးသွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူ အုပ်ချုပ်ရေးမှူးနဲ့ ညီဖြစ်သူဟာ ရပ်ရွာတွေက လူငယ်တွေကို စစ်တပ်အတွက် စစ်မှုထမ်းခေါ်ယူပေးတာ၊ ပေါ်တာဆွဲဖမ်းဆီးငွေညှစ်တာတွေ ပြုလုပ်နေသူဖြစ်ကြောင်း သိရပါတယ်။

ဆည်အောင်ကုန်းကျေးရွာဟာ ပြီးခဲ့တဲ့ ဇွန်လဆန်းကပဲ စစ်မှုထမ်းအပတ်စဥ် (၂၆)အတွက် စစ်မှုထမ်းဖို့ဆင့်ခေါ်ခံရတဲ့ရွာစာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ အပတ်စဥ် (၂၆)အတွက် ဆည်အောင်ကုန်းအပါအဝင် မိတ္ထီလာမြို့နယ်ရှိ ရွာပေါင်း ၆၃ ရွာက လူငယ် ၆၃ ဦး ခေါ်ယူခံလိုက်ရတာဖြစ်ကြောင်းဒေသခံအချို့က ပြောပါတယ်။

ဒါ့အပြင် လာမယ့် သြဂုတ်လမှာ ပြုလုပ်မယ့် စစ်မှုထမ်းအပတ်စဥ် (၂၇)အတွက် မိတ္ထီလာမြို့နယ်က လူငယ်တွေ အမြန်ပို့ပေးဖို့နဲ့ ပျက်ကွက်ရင်အရေးယူမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့က ခြိမ်းခြောက်ထားပါတယ်။

မိတ္ထီလာမြို့မှာ လေတပ်စခန်းဌာနချုပ်၊ တပ်မ (၉၉) ခြေလျင်တပ်မဌာနချုပ် (တမခ ၉၉)၊ အမှတ်(၇၀၇)အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်၊ အမှတ်(၁) ရှေ့တန်းအခြေချ ထောက်ပံ့နဲ့ ပိုဆောင်ရေးတပ်ရင်း (ရထပ-၁) အပါအဝင် အထူးစစ်ဆင်ရေးဆိုင်ရာ ထောက်ပို့တပ်ဖွဲများအပါအဝင် အာဏာသိမ်းစစ်တပ် တပ်ရင်းအများအပြား အခြေစိုက်ရာ “တပ်မြိုတော်” မိတ္ထီလာဟာ အာဏာသိမ်းကာလတစ်လျှောက်အခြားဒေသတွေလောက် ပေါ်တာဆွဲမှု မဆိုးရွားခဲ့ပါဘူး။ဒါပေမဲ့ ပြီးခဲ့တဲ့ ဇွန်လ တတိယပတ်မှစပြီး စစ်တပ်က မြိုပေါ်ရော ကျေးရွာများပါမချန် အင်အားအလုံးအရင်းနဲ့ ဆက်တိုက် ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ စစ်အင်အားလိုအပ်ချက်အရ အရင်က မျက်ကွယ်ပြုခဲ့တဲ့ တပ်မြိုတော်ကိုပါမချန် ပေါ်တာဆွဲတာတွေ၊ စစ်မှုထမ်း ဆင့်ခေါ်တာတွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ စစ်မှုထမ်းခေါ်ယူမှုကို ခရိုင်အဆင့်က စတင်ကိုင်တွယ်နေပြီး စစ်မှုထမ်း ရှောင်တဲ့သူတွေကို ရှောင်တဲ့နေရာလိုက်ဖမ်းဖို့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်က ​မြှောက်​ပေးပါတယ်။

သတင်း

စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကဦး​ဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့​ပြော

သတင်း

မန္တလေးမြို့က ချမ်းမြသာစည်နဲ့ အမရပူရမြို့နယ်တွေမှာ ရပ်ကွက်တိုင်း စစ်မှုထမ်းခေါ်ဆောင်ဖို့ မဲနှိုက်နေတဲ့အပြင် ပေါ်တာဆွဲဖမ်းဆီးတာတွေလည်း ပြုလုပ်​နေကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။