Connect with us

Hi, what are you looking for?

News

တော်လှန်သွေးမကုန် တောင်ဒဂုံအင်အားစုမှ လူငယ်နှစ်ဦး မတရားဖမ်းဆီးခံရ

အဆိုပါ လူငယ်နှစ်ဦးမှာ ကိုမင်းဟိန်းခန့်နှင့် မပိုးဇာအောင်တို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ အလုပ်ကိစ္စဖြင့် အပြင်သို့သွားလာစဥ် စစ်ကောင်စီက အရပ်ဝတ်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သပိတ်ပူးပေါင်းပါဝင်သူ လူငယ်တစ်ဦးက ပြောသည်။

ဓာတ်ပုံ - AJAY

▪️အဆက်အသွယ်မရ၍ အသက်အန္တရာယ် ထိခိုက်မှုရှိမည်ကို မိသားစုဝင်များ စိုးရိမ်ပူပန်နေ

ရန်ကုန်မြို့ရှိ တော်လှန်သွေးမကုန် တောင်ဒဂုံသပိတ်အင်အားစုအဖွဲ့ဝင် လူငယ်နှစ်ဦးသည် ယမန်နေ့ (မတ်လ ၁၆) နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းခံရကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု(AJAY)က ထုတ်ပြန်သည်။

အဆိုပါ လူငယ်နှစ်ဦးမှာ ကိုမင်းဟိန်းခန့်နှင့် မပိုးဇာအောင်တို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ အလုပ်ကိစ္စဖြင့် အပြင်သို့သွားလာစဥ် စစ်ကောင်စီက အရပ်ဝတ်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သပိတ်ပူးပေါင်းပါဝင်သူ လူငယ်တစ်ဦးက ပြောသည်။

ဓာတ်ပုံ – AJAY

“ကိုမင်းဟိန်းခန့်နဲ့ မပိုးဇာအောင်တို့ကို အလုပ်တစ်ခုနဲ့ အပြင် သွားရင်း အရပ်ဝတ်နဲ့ဖမ်းခံရတယ် ကြားတယ်။ ကိုမင်းဟိန်းခန့်ကို ဘယ်ကိုဖမ်းသွားမှန်း အခုထိ မသိရ​သေးဘူး။ မပိုးဇာအောင်ကတော့ ရွှေပြည်သာ စစ်ကြောရေး ရောက်နေပြီလို့ သိရပါတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံ ကိုမင်းဟိန်းခန့်နှင့် မပိုးဇာအောင်တို့သည် လက်ရှိအချိန်ထိ မိသားစုနှင့်အဆက်အသွယ် လုံးဝမရသည့်အတွက် အလွန်စိုးရိမ်ပူပန်နေကြကြောင်း AJAY က ထုတ်ပြန်ထားသည်။

ထို့ကြောင့် ကိုမင်းဟိန်းခန့်နှင့် မပိုးဇာအောင်တို့သည်အသက်မပြည့်သေးသူများဖြစ်ကြသောကြောင့် အကြမ်းဖက်အုပ်စု၏ လူမဆန်စွာ ညှင်းပန်းနှိပ်စက်မှုကြောင့် အသက်အန္တရာယ်ထိခိုက်မှုရှိမည်ကို မိသားစုဝင်များမှ စိုးရိမ်ပူပန်နေကြကြောင်း ထုတ်ပြန်ချက်၌ ပါဝင်သည်။

ဆက်စပ်သတင်းများ

သတင်း

(၇၉)နှစ်မြောက်အာဇာနည်နေ့မှာ အာဇာနည်ကုန်းအနီးဖြတ်သန်းသွားလာတဲ့ လူငယ်တွေကို စစ်တပ်က စစ်ဆေးခဲ့ပြီး လူငယ် ၅ ဦးထက်မနည်းဖမ်းဆီးခံရတယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။

နိုင်ငံတကာ

လူငယ်တွေ ဦးဆောင်တဲ့ ပိုးဟပ် နိုင်ငံရေး လှုပ်ရှားမှုကို ထောက်ခံတဲ့ ဆန္ဒပြသူတွေကို အိန္ဒိယ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ နံပါတ်တုတ်တွေ အသုံးပြုပြီး ဖြိုခွင်းခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တံတားကြီးရပ်ကွက်မှာ ဈေးရောင်းဖို့ ထွက်လာတဲ့ လူငယ် ၃ ဦးကို (ဃ)ရပ်ကွက် ရာအိမ်မှူးအဖွဲ့ က ဖမ်း‌ဆီးပြီး စစ်မှုထမ်းစုဆောင်းတဲ့နေရာကိုပို့ဆောင်လိုက်တယ်လို့ Rangoon Scout Network-RSN ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်က ကျောက်တိုင်မှတ်တိုင်အနီးမှာ ဇူလိုင် ၁၁ရက်ညပိုင်းက လူငယ် ၁ဦးကို စစ်သားတွေက ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။