Connect with us

Hi, what are you looking for?

LuduNwayOo

News

တော်လှန်သွေးမကုန် တောင်ဒဂုံအင်အားစုမှ လူငယ်နှစ်ဦး မတရားဖမ်းဆီးခံရ

အဆိုပါ လူငယ်နှစ်ဦးမှာ ကိုမင်းဟိန်းခန့်နှင့် မပိုးဇာအောင်တို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ အလုပ်ကိစ္စဖြင့် အပြင်သို့သွားလာစဥ် စစ်ကောင်စီက အရပ်ဝတ်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သပိတ်ပူးပေါင်းပါဝင်သူ လူငယ်တစ်ဦးက ပြောသည်။

ဓာတ်ပုံ - AJAY

▪️အဆက်အသွယ်မရ၍ အသက်အန္တရာယ် ထိခိုက်မှုရှိမည်ကို မိသားစုဝင်များ စိုးရိမ်ပူပန်နေ

ရန်ကုန်မြို့ရှိ တော်လှန်သွေးမကုန် တောင်ဒဂုံသပိတ်အင်အားစုအဖွဲ့ဝင် လူငယ်နှစ်ဦးသည် ယမန်နေ့ (မတ်လ ၁၆) နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းခံရကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု(AJAY)က ထုတ်ပြန်သည်။

အဆိုပါ လူငယ်နှစ်ဦးမှာ ကိုမင်းဟိန်းခန့်နှင့် မပိုးဇာအောင်တို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ အလုပ်ကိစ္စဖြင့် အပြင်သို့သွားလာစဥ် စစ်ကောင်စီက အရပ်ဝတ်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သပိတ်ပူးပေါင်းပါဝင်သူ လူငယ်တစ်ဦးက ပြောသည်။

ဓာတ်ပုံ – AJAY

“ကိုမင်းဟိန်းခန့်နဲ့ မပိုးဇာအောင်တို့ကို အလုပ်တစ်ခုနဲ့ အပြင် သွားရင်း အရပ်ဝတ်နဲ့ဖမ်းခံရတယ် ကြားတယ်။ ကိုမင်းဟိန်းခန့်ကို ဘယ်ကိုဖမ်းသွားမှန်း အခုထိ မသိရ​သေးဘူး။ မပိုးဇာအောင်ကတော့ ရွှေပြည်သာ စစ်ကြောရေး ရောက်နေပြီလို့ သိရပါတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံ ကိုမင်းဟိန်းခန့်နှင့် မပိုးဇာအောင်တို့သည် လက်ရှိအချိန်ထိ မိသားစုနှင့်အဆက်အသွယ် လုံးဝမရသည့်အတွက် အလွန်စိုးရိမ်ပူပန်နေကြကြောင်း AJAY က ထုတ်ပြန်ထားသည်။

ထို့ကြောင့် ကိုမင်းဟိန်းခန့်နှင့် မပိုးဇာအောင်တို့သည်အသက်မပြည့်သေးသူများဖြစ်ကြသောကြောင့် အကြမ်းဖက်အုပ်စု၏ လူမဆန်စွာ ညှင်းပန်းနှိပ်စက်မှုကြောင့် အသက်အန္တရာယ်ထိခိုက်မှုရှိမည်ကို မိသားစုဝင်များမှ စိုးရိမ်ပူပန်နေကြကြောင်း ထုတ်ပြန်ချက်၌ ပါဝင်သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

အရပ်ထဲတွင် အုပ်ကြီး​ခေါ်​သော စစ်​ကောင်စီခန့်အုပ်ချုပ်​ရေးမှူးများ ၊ ရာအိမ်မှူးများ၊ဆယ်အိမ်မှူးများ၊ ရပ်ကွက်/​ကျေးရွာအုပ်ကြီးစာ​ရေးများ ၏ နာ​ရေးသတင်းများ မတ်လ ​နောက်ဆုံးပါတ်တွင် တဟုန်းထိုးများလာ​​တော့သည်။

သတင်း

ဒေါက်တာ ခလမ်ဆန်ဆွန်ကို တရားရုံးက အပြီးသတ် တရားစီရင်ချိန် ပုဒ်မ ၃ခုဖြင့် ထောင်ဒဏ် ၆နှစ်ချခံရ၍ ပြည်နယ်တရားရုံး၌ အယူခံဝင်ခဲ့ရာ ၂၀၂၃ အောက်တိုဘာလ အတွင်းက ပယ်ချခံရ၍ ပြည်ထောင်စုတရားရုံးချုပ်အထိ အယူခံဆက်တင်ရန် ရှိကြောင်း သိရသည်။

နိုင်ငံတကာ

လုံခြုံရေး ကင်မရာ မှတ်တမ်းတွေအရ သေနတ်သမားဟာ အိတ်တစ်လုံးကို ကိုင်ပြီး စျေးဝယ်စင်တာထဲ ဝင်ရောက်သွားရာကနေ နောက်ဆုံး ရဲတွေဆီ လက်နက်ချတဲ့ အချိန်ထိ ဖြစ်စဉ်တွေက မိနစ် ၉၀ လောက်အတွင်း ဖြစ်ပွားသွားခဲ့ကြောင်း တွေ့ရပါတယ်။

သတင်း

မုံရွာမြို့ရဲ့ လူစည်ကားရာနေရာဖြစ်တဲ့ ကန်သာယာ အနီး ပြည်ထောင်စုလမ်းမပေါ်မှာ ဆန္ဒပြနေချိန် အိမ်စီးကားနဲ့ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ဖမ်းဆီးတာပါ။