Connect with us

Hi, what are you looking for?

News

KNUက စစ်ကောင်စီ၏ စစ်ဘက်၊ အရပ်ဘက် ဝန်ထမ်းများနှုတ်ထွက်ပြီး ပြည်သူနှင့်အတူရပ်တည်ရန် ကြေညာချက်အပေါ် စစ်ကောင်စီ ကန့်ကွက်စာပို့

KNU အနေဖြင့် လက်ရှိအခြေအနေတွင် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များအပါအဝင် စစ်အာဏာရှင် ပြုတ်ကျရေး ဆောင်ရွက်နေသည့်အဖွဲ့များနှင့် ပူးပေါင်းဆောင် ရွက်နေသည့် အချိန်ဖြစ်ကြောင်း KNU ဗဟိုမှ သတင်းရင်းမြစ်က ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် ဘားအံ(ဖားအံ)မြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံစစ်ဖက်၊ အရပ်ဖက် ဝန်ထမ်းများအားလုံး ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်သော အာဏာသိမ်း စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှု မပြုဘဲ အချိန်မနှောင်းမီ ပြည်သူနှင့် အတူရပ်တည်ရန် ကြေညာချက်အပေါ် စစ်ကောင်စီ၏ ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ကန့်ကွက်ကြောင်း KNUထံ အကြောင်းကြားစာ ပေးပို့လာသည်။

KNUက ဘားအံမြို့နယ်၊ တပ်ရင်း(၁)ထိန်းချုပ်နယ်မြေအတွင်း နယ်ခြားစောင့်တပ်(BGF)နှင့် ပြည်သူ့စစ် (ပသစ)များ လုပ်ငန်းတာဝန်မှ နှုတ်ထွက်ရန်၊ စစ်ကောင်စီနှင့် မပူးပေါင်းရန်၊ စစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်နေသည့် ဌာနဆိုင်ရာဝန်ထမ်းများအားလုံး မိမိလက်ရှိ လုပ်ငန်းတာဝန်မှ နှုတ်ထွက်ပေးရန် တို့ကို ဖေဖော်ဝါရီ ၇ရက်က ထုတ်ပြန်ခဲ့သည်။

အဆိုပါ စာနှင့်ပတ်သက်ပြီး စစ်ကောင်စီက မတ်လ ၁၄ရက်တွင် KNU ဗဟိုနှင့် တပ်မဟာများ ဆက်ဆံရေးရုံးသို့ စာပို့ခဲ့ရာ KNU၏ ကြေညာချက်ကြောင့် ဘားအံမြို့နယ်အတွင်းရှိ စာသင်ကျောင်း ​လေးကျောင်း၌ ကျောင်းကော်မတီများက သက်ဆိုင်ရာဝန်ထမ်းများအား လုံခြုံမှု မပေးနိုင်၍ ကျောင်းများကို ဖေဖော်ဝါရီ ၁၀ရက်မှ စ၍ ပိတ်ထားရကြောင်း၊ KNU အနေဖြင့် NCA စာချုပ်ကို လိုက်နာ ဆောင်ရွက်ရန် ၊ နယ်ဘက် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များအား ဝင်ရောက်စွက်ဖက်မှုမရှိစေရန် ထိန်းသိမ်း ကြပ်မတ်ပေးရန် ဖော်ပြခဲ့သည်။

စစ်ကောင်စီ၏ အကြောင်းကြားစာနှင့် ပတ်သက်၍ KNUဗဟိုမှ သတင်းရင်းမြစ်တစ်ဦးက စစ်ကောင်စီ တပ်က ပြည်သူလူထု ရွေးချယ်သည့် အစိုးရအားလက်နက်အားကိုးဖြင့် အာဏာသိမ်းလိုက် ကတည်းက NCAသည် ပျက်ပြယ်သွားပြီဟု မှတ်ယူရမည်ဖြစ်ကြောင်း၊ စစ်ကောင်စီတပ်သည် NCA ချိုးဖောက်ခြင်း သာမက လက်နက်ဖြင့် ပြည်သူလူထုများအား အကြမ်းဖက် သတ်ဖြတ်ခြင်း ဖမ်းဆီးခြင်း၊ ကျေးရွာများအား မီးရှို့ ဖျက်ဆီးခြင်းများစသည့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

KNU အနေဖြင့် လက်ရှိအခြေအနေတွင် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များအပါအဝင် စစ်အာဏာရှင် ပြုတ်ကျရေး ဆောင်ရွက်နေသည့်အဖွဲ့များနှင့် ပူးပေါင်းဆောင် ရွက်နေသည့် အချိန်ဖြစ်ကြောင်း KNU ဗဟိုမှ သတင်းရင်းမြစ်က ပြောသည်။

“စစ်ရေးအရဖြစ်စေ နိုင်ငံရေးအရ ဖြစ်စေ ၊ သံတမန်ရေးအရဖြစ်စေ ပူးပေါင်းပြီး ဆောင်ရွက်မှာပဲ”ဟု ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။