Connect with us

Hi, what are you looking for?

News

အုပ်ချုပ်ရေးမှူးနှင့် ပျူများ ၁၅ရက်အတွင်း တာဝန်မှ နှုတ်ထွက်ရန်နှင့် လက်နက်စွန့်ရန် ပုလော PDF သတိပေး

ပုလော PDFသည် ဒေသတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်များနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

တနသ်ာရီတိုင်း ပုလောမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများအနေဖြင့် ယခုကြေညာချက် ထုတ်ပြန်သည့် ယနေ့မှစ၍ ၁၅ရက်အတွင်း လက်ရှိတာဝန်များ ထမ်းဆောင်နေမှုမှ ရပ်ဆိုင်းရန် နှင့် မိမိကိုင်ဆောင်ထားသော လက်နက်များကို စွန့်လွှတ်ရန် ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) က သတိပေးလိုက်သည်။

ပုလောမြို့နယ်အတွင်း ကျေးရွာတိုင်း၌ ရှိ သော စစ်ကောင်စီ၏ အကြီးမားဆုံးထောက်တိုင်များဖြစ်သည့် အဆိုပါ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများအနေဖြင့် စစ်ကောင်စီများကို အားပေးကူညီမှု မပြုလုပ်ရန် သတိပေးလိုက်ကြောင်းလည်း ကြေညာချက်၌ ဖော်ပြထားသည်။

ယခုကဲ့သို့ သတိပေးပြီးနောက်ပိုင်း စစ်ကောင်စီ၏ ထောက်တိုင်အဖြစ် ဆက်လက်အားပေးကူညီဆောင်ရွက်နေမည်သို့မဟုတ် လက်နက်များဆက်လက် ကိုင်ဆောင်ထားမည်ဆိုပါက စစ်ရေးအရ ပြင်းထန်စွာအပြစ်ပေး အရေးယူသွားမည်ဟုလည်း သတိပေးခဲ့သည်။

ပုလော PDFသည် ဒေသတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်များနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။