Connect with us

Hi, what are you looking for?

News

လပို့​တောင်အနီးတိုက်ပွဲ စစ်​ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး​သေဟုထုတ်ပြန်

လောင်းရှည်မှဆောသို့ဦးတည်ထွက်ခွာလာသည့်အကြမ်းဖက်စစ်ကောင်စီ အင်အား ၅၀ ကျော်ပါ စစ်ကြောင်းကို လပို့တောင် ဘုရားအနောက်ဘက်ခြမ်းတွင် စောင့်၍တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

လောင်းရှည်နှင့် ဆောကြားရှိ လပို့တောင်ဘုရားအနီးတိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦးကိုသုတ်သင်နိုင်ခဲ့ကြောင်းလောင်းရှည်ဒေသပြည်
သူ့ကာကွယ်ရေးတပ်ဖွဲ့ – LSRPDFက ထုတ်ပြန်သည်။

လောင်းရှည်မှဆောသို့ဦးတည်ထွက်ခွာလာသည့်အကြမ်းဖက်စစ်ကောင်စီ အင်အား ၅၀ ကျော်ပါ စစ်ကြောင်းကို လပို့တောင် ဘုရားအနောက်ဘက်ခြမ်းတွင် စောင့်၍တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“တိုက်ပွဲမှာ တစ်ဖက်နဲ့တစ်ဖက် ပေ (၁၀၀)ခန့်သာ ကွာဝေးသောကြောင့် အလွန်ပြင်းထန်ပြီး ကျွန်ုပ်တို့ LSRPDFမှ ရဲဝံ့စွန့်စားကာ လက်ဦးမှုယူနိုင်သဖြင့် စခ ( ၅ )ကောင်ခန့်အားငရဲသို့ပို့ဆောင်ပေးနိုင်ခဲ့သည်” ဟု သတင်းထုတ်ပြန်သည်။

LSRPDFမှ ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့သည်ဟုလည်းဆက်လက်​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

“ဒီကောင်‌တွေ(စစ်ကောင်စီတပ်ဖွဲ့ဝင်များ) ကကျွန်တော်တို့နဲ့ မတွေ့အောင် ကလိန်ကကျစ်ဉာဏ်နဲ့ လစ်တာ။ သူတို့ လာနိုင်မယ့်လမ်းကြောင်းတွေကို မှန်းဆပြီး စောင့်တိုက်တာ။ တော်တော်လေး ပြင်းထန်တယ်။ ကျွန်တော်တို့ကတော့ လူထုအတွက် တိုက်နေပြီ။ ကျွန်တော်တို့ကိုလည်း အားစိုက်ကူညီပေးပါ”ဟု LSRPDF တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ဆောနှင့်လောင်းရှည်ဒေသပါဝင်သော ယောဒေသအပြင် ယောဒေသနှင့် ထိစပ်နေသော စစ်ကိုင်းတိုင်းအတွင်းမြို့နယ်များ၌ ယခုရက်ပိုင်း တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေသည်။

ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များလည်း ပိုအားကောင်းလာပြီး ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PDF-GanGaw ၏ အခြေခံစစ်ပညာသင်တန်းအပတ်စဉ်(၄)သင်တန်းဆင်းပွဲကို ယမန်နေ့က ကျင်းပခဲ့သည်။

တော်လှန်ရေး အရှိန်ဟုန်မြှင့်ဆောင်ရွက်နေချိန်ကာလ အတွင်း ပြည်သူများအနေဖြင့်တတ်စွမ်းနိုင်သမျှအားဖြည့်ကူညီကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

Facebook