Connect with us

Hi, what are you looking for?

News

ဘုတလင်မြို့နယ်တွင်PDFစခန်းမီးရှို့ပြန်လာ​သောစစ်ကောင်စီယာဥ်တန်းမိုင်းထိ့ ၃ဦး​သေဟုမဟူရာနတ်ဆိုးအဖွဲ့​ပြော

မုံရွာ နမခမှ ထွက်လာသော အကြမ်းဖက်စစ်သား တစ်ရာခန့် နှင့် ငပယင်းမှပြန်ထွက်သွားသော စစ်သားအချို့သည် ဘုတလင်တောင်ဘက် ကံသစ်ရွာဘက်တပ်စွဲထားကြောင်း၊ ပြည်သူများအနေဖြင့် ယခုရက်ပိုင်းအခြေနေပိုတင်းမာလာနိုင်၍ ပြည်သူများအနေဖြင့် သတိထားသွားလာကြရန်ထိုအဖွဲ့က မေတ္တာရပ်ခံထားသည်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် PDF စခန်းကို မီးရှို့ပြီး ပြန်လာသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်း ၃ ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ ဦးထက်မနည်း သေဆုံးကြောင်း Mahuyar Natsoe(မဟူရာနတ်ဆိုး) အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (မတ်လ ၁၉ ရက်နေ့) နံနက် ၃ နာရီခန့်က မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ငပယင်းသို့သွား၍ မဟာမိတ်ကင်းစခန်းအားဖျက်ဆီးမီးရှို့ကာ ပစ်ခတ်မှုများကြောင့် ကင်းသမားတစ်ဦး ကျဆုံးခဲ့ရကြောင်း၊ ငပယင်းမှပြန်ထွက်လာသော ကားများအား နတ်ဆိုး-တောကျီးကန်း
-ယမ်းဘီလူး ပျောက်ကြားညီနောင်များ မိုင်းဆွဲတိုက်ခိုက်ရာတွင် ကားတစ်စီးပျက်စီးသွားကြောင်း၊ နံနက် ၄နာရီခွဲခန့်တွင် ဘုန်းကြီးလမ်းခွဲ၌ မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်သား သုံးယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများရှိကြောင်း မဟူရာနတ်ဆိုးအဖွဲ့က သတင်းထုတ်ပြန်သည်။

ထို့နောက် အကြမ်းဖက်စစ်တပ်အား ဘုတလင်မြောက်လမ်းတလျှောက် တပ်ဆင်ထားသော မိုင်းများဖြင့်ဆက်တိုက်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ဘုတလင်မှတောင်သို့ရောက်သော် အခြားရဲဘော်များဆက်လက်တိုက်ခိုက်ရာအသေအပျောက်များသည်ဟုသိရကြောင်း၊ ထို့အပြင် အကြမ်းဖက်စစ်ကောင်စီ၏ စခန်းတစ်ခုအတွင်းသို့ လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ညပိုင်း ၈ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ ကင်းပုန်းဝတ်ရာနေရာသို့လက်နက်ကြီးဖြင့်ဆယ်ချက်ခန့်တိုက်ခိုက်ခဲ့ပြီးအန္တရာယ်ကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းမဟူရာနတ်ဆိုးအဖွဲ့က အသိပေးသည်။

Public Service Announcement

“ငပယင်းရွာက ဘုတလင်နယ်ထဲမှာရှိတာပါ။မုံရွာရေဦးလမ်းပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေအနေနဲ့ အဓိကကတော့ ခွေးတွေနဲ့ ဝေးရာမှာနေဖို့ နဲ့ အတတ်နိုင်ဆုံးရှောင်ရှားသွားကြဖို့ပါပဲဗျာ။ ခင်ဗျားတို့လည်း ကျွန်တော်တို့ကိုစိတ်ပူသလို ကျွန်တော်တို့လည်း ခင်ဗျားတို့ကိုစိတ်ပူတယ် ဒါပါပဲ။” ဟု မဟူရာနတ်ဆိုးအဖွဲ့ တာဝန်ရှိသူကပြောသည်။

Public Service Announcement

Public Service Announcement

မုံရွာ နမခမှ ထွက်လာသော အကြမ်းဖက်စစ်သား တစ်ရာခန့် နှင့် ငပယင်းမှပြန်ထွက်သွားသော စစ်သားအချို့သည် ဘုတလင်တောင်ဘက် ကံသစ်ရွာဘက်တပ်စွဲထားကြောင်း၊ ပြည်သူများအနေဖြင့် ယခုရက်ပိုင်းအခြေနေပိုတင်းမာလာနိုင်၍ ပြည်သူများအနေဖြင့် သတိထားသွားလာကြရန်ထိုအဖွဲ့က မေတ္တာရပ်ခံထားသည်။

မတ်လ၁၈ရက်နေ့ မွန်းတည့် ၁၂နာရီအချိန်ကလည်းမဟာမိတ်အဖွဲ့များသည် ဘုတလင် ၂၁မိုင် အနီး အကြမ်းဖက် စစ်ကောင်စီတပ်အားမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း၊ ထို့နောက်ဘုတလင်ရဲစခန်းအတွင်းသို့ အဝေးပစ်လက်နက်ဖြင့်ထုရာနှစ်ဦး အနည်းငယ် ထိခိုက်ရှိကြောင်းမဟူရာနတ်ဆိုးအဖွဲ့ကသတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ