Connect with us

Hi, what are you looking for?

News

တမူး နတ်သမီး​ရေကန်အနီးတိုက်ပွဲ စစ်​ကောင်စီတပ်အရာရှိ ၂ ဦးအပါအဝင် ၁၁ ဦး​သေဟု တမူးPDF ​ပြော

ယ​နေ့ (မတ် ၂၀ )နံနက် ၄ နာရီခွဲ အချိန်တွင် စစ်​ကောင်စီတပ်စခန်းကို ဝင်​ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းလုံလောက်မူမရှိခြင်းကြောင့် ၅ နာရီခွဲခန့်တွင်ပြန်လည်ဆုတ်ခွာလာရှိပြီး စခန်းကို စီးနင်းခဲ့ခြင်းမရှိကြောင်း ၎င်းက လူထု​နွေဦး သတင်းဌာနသို့​ပြောသည်။

အိန္ဒိယ-မြန်မာနယ်စပ်ရှိ တမူးမြို့ နဂါးမင်းသမီးရေကန် အနီးတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သုံးဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်​ကောင်စီတပ်မှအရာရှိ နှစ်ဦးအပါအဝင် ၁၁ ဦးသေဆုံးကြောင်းတမူးပြည်သူ့ကာကွယ်
ရေးတပ်ဖွဲ့ (PDF-တမူး) တပ်ရင်း-၄ ပြန်ကြားရေးတာဝန်ခံကပြောသည်။

ယ​နေ့ (မတ် ၂၀ )နံနက် ၄ နာရီခွဲ အချိန်တွင် စစ်​ကောင်စီတပ်စခန်းကို ဝင်​ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းလုံလောက်မူမရှိခြင်းကြောင့် ၅ နာရီခွဲခန့်တွင်ပြန်လည်ဆုတ်ခွာလာရှိပြီး စခန်းကို စီးနင်းခဲ့ခြင်းမရှိကြောင်း ၎င်းက လူထု​နွေဦး သတင်းဌာနသို့​ပြောသည်။

“လက်ရှိတော့ ဟိုပတ်ဒီပတ် မြို့ထဲ လမ်းတွေပေါ် လိုက်စစ် အိန္ဒိယဘက်ကို ကုန်စ္စည် ပိုတဲ့ လူတွေကို မနက်ပိုင်းမှာ တအားစစ်ဆေး။ ဖုန်းတွေပါလိုက်စစ်။ပျူတွေကတော့ရပ်ကွက်
တွေထဲ သေနတ် လိုက်ဖောက် ကင်းတွေ ပတ်နေတယ်”ဟု စစ်​ကောင်စီစခန်းတိုက်ခိုက်ခံရပြီးနောက် တမူးမြို့တွင်းအခြေအနေကိုတမူး PDFမှ ပြန်ကြားရေးတာဝန်ခံကပြောသည်။

ထိုတိုက်ပွဲကို PDF(တမူး) တပ်ရင်း-၄ ၊ဗမာ​ကျောင်းသားအဖွဲ့အစည်း (BSO)နှင့် တမူးမြို့ နယ်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ (ပ.က.ဖ)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါပြန်ကြားရေးတာဝန်ခံကပြောသည်။

Public Service Announcement

Public Service Announcement

“မင်းသမီးရေကန်နားမှာဖြစ်တာ။ နားရေးကားနဲ့ သုံးခေါက်လောက် လာသယ်သွားကြတယ်”ဟု တမူးဒေသခံတစ်ဦးကပြောသည်။

ထိုတိုက်ပွဲတွင် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များမှ တစုံတရာထိခိုက်ကျဆုံးမူမရှိကြောင်း ပြန်ကြားရေးတာဝန်ခံကဆက်ပြောသည်။

(တမူး PDF နှင့် ​ကျောင်းသားတပ် )

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တမူးမြို့နယ်အတွင်း တိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်တဲ့အတွက် ဒေသခံတွေ လုံခြုံ‌ရေးသတိပြုဖို့နဲ့ လိုက်နာရမယ့်အချက်လေးချက်ကို တမူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။