အိန္ဒိယ-မြန်မာနယ်စပ်ရှိ တမူးမြို့ နဂါးမင်းသမီးရေကန် အနီးတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သုံးဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှအရာရှိ နှစ်ဦးအပါအဝင် ၁၁ ဦးသေဆုံးကြောင်းတမူးပြည်သူ့ကာကွယ်
ရေးတပ်ဖွဲ့ (PDF-တမူး) တပ်ရင်း-၄ ပြန်ကြားရေးတာဝန်ခံကပြောသည်။
ယနေ့ (မတ် ၂၀ )နံနက် ၄ နာရီခွဲ အချိန်တွင် စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းလုံလောက်မူမရှိခြင်းကြောင့် ၅ နာရီခွဲခန့်တွင်ပြန်လည်ဆုတ်ခွာလာရှိပြီး စခန်းကို စီးနင်းခဲ့ခြင်းမရှိကြောင်း ၎င်းက လူထုနွေဦး သတင်းဌာနသို့ပြောသည်။
“လက်ရှိတော့ ဟိုပတ်ဒီပတ် မြို့ထဲ လမ်းတွေပေါ် လိုက်စစ် အိန္ဒိယဘက်ကို ကုန်စ္စည် ပိုတဲ့ လူတွေကို မနက်ပိုင်းမှာ တအားစစ်ဆေး။ ဖုန်းတွေပါလိုက်စစ်။ပျူတွေကတော့ရပ်ကွက်
တွေထဲ သေနတ် လိုက်ဖောက် ကင်းတွေ ပတ်နေတယ်”ဟု စစ်ကောင်စီစခန်းတိုက်ခိုက်ခံရပြီးနောက် တမူးမြို့တွင်းအခြေအနေကိုတမူး PDFမှ ပြန်ကြားရေးတာဝန်ခံကပြောသည်။
ထိုတိုက်ပွဲကို PDF(တမူး) တပ်ရင်း-၄ ၊ဗမာကျောင်းသားအဖွဲ့အစည်း (BSO)နှင့် တမူးမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါပြန်ကြားရေးတာဝန်ခံကပြောသည်။

Public Service Announcement
“မင်းသမီးရေကန်နားမှာဖြစ်တာ။ နားရေးကားနဲ့ သုံးခေါက်လောက် လာသယ်သွားကြတယ်”ဟု တမူးဒေသခံတစ်ဦးကပြောသည်။
ထိုတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တစုံတရာထိခိုက်ကျဆုံးမူမရှိကြောင်း ပြန်ကြားရေးတာဝန်ခံကဆက်ပြောသည်။
(တမူး PDF နှင့် ကျောင်းသားတပ် )


















































