Connect with us

Hi, what are you looking for?

News

တင့်ကားနှစ်စီးအပါအဝင် စစ်ကောင်စီယာဉ် ၈၀ကျော် ကျောက်ထုမှမင်းတပ်သို့ တက်လာ

မင်းတပ် CDF အနေဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ဖွဲ့စည်း တည်ထောင်ထားခြင်း ဖြစ်၍ အဆိုပါ စစ်ယာဉ်တန်းများကို ကြားဖြတ် တိုက်ခိုက်မှုများ သေချာပေါက်ရှိလာမည်ဟု ဆလိုင်းဟာအွမ်က ပြောသည်။

ဓာတ်ပုံ - Hkl Mindat/FB

အကြမ်းဖက်စစ်ကောင်စီတပ်၏ တင့်ကားနှစ်စီးပါ စစ်ယာဉ်တန်းသည် ကျောက်ထုမှ မင်းတပ်မြို့ဘက်သို့ ထွက်ခွာသွားကြောင်း မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF) တာဝန်ရှိသူက အတည်ပြုသည်။

မတ်လ ၂၃ရက် နံနက်ပိုင်းတွင် ကျောက်ထုလေယာဉ်ကွင်းမှ မင်းတပ်မြို့သို့ တက်လာသည့် ယာဉ်အစီး ၈၀ကျော်ပါ စစ်ကောင်စီယာဉ်တန်းသည် ယနေ့နံနက် ၁၁ နာရီဝန်းကျင်တွင် ရေရှင်ရွာ လမ်းခွဲသို့ ကျော်လာပြီဖြစ်သည်ဟု မင်းတပ်ဒေသ စစ်ရေးသတင်းများကို ရေးသား ဖော်ပြလေ့ရှိသူ တစ်ဦးက ၎င်း၏ Facebookတွင် ရေးသားထားသည်။

“ရေရှင်နဲ့ မင်းတပ်နဲ့က တော်တော်နီးနေပြီ။ မကြာခင်မှာ မင်းတပ်မြို့ထဲ ဝင်တော့မယ်”ဟု မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

Public Service Announcement

အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် မတူပီမြို့နယ်သို့ ရိက္ခာနှင့် စစ်လက်နက် များပစ္စည်းများ ပို့ဆောင်ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

မင်းတပ် CDF အနေဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ဖွဲ့စည်း တည်ထောင်ထားခြင်း ဖြစ်၍ အဆိုပါ စစ်ယာဉ်တန်းများကို ကြားဖြတ် တိုက်ခိုက်မှုများ သေချာပေါက်ရှိလာမည်ဟု ဆလိုင်းဟာအွမ်က ပြောသည်။

ယခင်ကလည်း မင်းတပ် – မတူပီ လမ်းတွင် စစ်ကောင်စီယာဉ်တန်းများကို မင်းတပ် CDFက အကြိမ်ကြိမ် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိခဲ့သည်။လက်ရှိ စစ်ရေးအခြေ အနေအရ အဆိုပါလမ်းပိုင်းကို ပြည်သူလူထုများ သွားလာခြင်းမပြုရန် သတိပေးထးသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ကာကွယ်နေကြတဲ့ ရဲဘော်တွေကို အဖက်ဖက်မှ ကူညီပံ့ပိုးပေးဖို့ လိုအပ်နေကြောင်း ကြားကာလမင်းတပ် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးလိုက်ပြီး မင်းတပ်မြို့နယ်အတွက် ကူညီပံ့ပိုးလိုပါက ဆက်သွယ်နိုင်ကြောင်း ကြားကာလမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။