Connect with us

Hi, what are you looking for?

LuduNwayOo

News

တင့်ကားနှစ်စီးအပါအဝင် စစ်ကောင်စီယာဉ် ၈၀ကျော် ကျောက်ထုမှမင်းတပ်သို့ တက်လာ

မင်းတပ် CDF အနေဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ဖွဲ့စည်း တည်ထောင်ထားခြင်း ဖြစ်၍ အဆိုပါ စစ်ယာဉ်တန်းများကို ကြားဖြတ် တိုက်ခိုက်မှုများ သေချာပေါက်ရှိလာမည်ဟု ဆလိုင်းဟာအွမ်က ပြောသည်။

ဓာတ်ပုံ - Hkl Mindat/FB

အကြမ်းဖက်စစ်ကောင်စီတပ်၏ တင့်ကားနှစ်စီးပါ စစ်ယာဉ်တန်းသည် ကျောက်ထုမှ မင်းတပ်မြို့ဘက်သို့ ထွက်ခွာသွားကြောင်း မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF) တာဝန်ရှိသူက အတည်ပြုသည်။

မတ်လ ၂၃ရက် နံနက်ပိုင်းတွင် ကျောက်ထုလေယာဉ်ကွင်းမှ မင်းတပ်မြို့သို့ တက်လာသည့် ယာဉ်အစီး ၈၀ကျော်ပါ စစ်ကောင်စီယာဉ်တန်းသည် ယနေ့နံနက် ၁၁ နာရီဝန်းကျင်တွင် ရေရှင်ရွာ လမ်းခွဲသို့ ကျော်လာပြီဖြစ်သည်ဟု မင်းတပ်ဒေသ စစ်ရေးသတင်းများကို ရေးသား ဖော်ပြလေ့ရှိသူ တစ်ဦးက ၎င်း၏ Facebookတွင် ရေးသားထားသည်။

“ရေရှင်နဲ့ မင်းတပ်နဲ့က တော်တော်နီးနေပြီ။ မကြာခင်မှာ မင်းတပ်မြို့ထဲ ဝင်တော့မယ်”ဟု မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

Public Service Announcement

အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် မတူပီမြို့နယ်သို့ ရိက္ခာနှင့် စစ်လက်နက် များပစ္စည်းများ ပို့ဆောင်ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

မင်းတပ် CDF အနေဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ဖွဲ့စည်း တည်ထောင်ထားခြင်း ဖြစ်၍ အဆိုပါ စစ်ယာဉ်တန်းများကို ကြားဖြတ် တိုက်ခိုက်မှုများ သေချာပေါက်ရှိလာမည်ဟု ဆလိုင်းဟာအွမ်က ပြောသည်။

ယခင်ကလည်း မင်းတပ် – မတူပီ လမ်းတွင် စစ်ကောင်စီယာဉ်တန်းများကို မင်းတပ် CDFက အကြိမ်ကြိမ် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိခဲ့သည်။လက်ရှိ စစ်ရေးအခြေ အနေအရ အဆိုပါလမ်းပိုင်းကို ပြည်သူလူထုများ သွားလာခြင်းမပြုရန် သတိပေးထးသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။