Connect with us

Hi, what are you looking for?

News

တွန်းဇံအထက်တန်းကျောင်း၌ တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုရှိဟု PDF-Zoland အသိ​ပေး

PDF-Zoland နှင့် CDM (Siyin)တို့ ပူးပေါင်း၍ အင်အား ၂၀ခန့်ရှိ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ နာရီဝက်ကြာ အပြန်အလှန်ပစ်ခတ်မှုရှိခဲ့သည်ဟု ဆို သည်။

ဓာတ်ပုံ - PDF-Zoland

ချင်းပြည်နယ် တွန်းဇံမြို့ အခြေခံပညာအထက်တန်း ကျောင်း၌ စခန်းချလျက်ရှိသည့် စစ်ကောင်စီတပ်သားများကို ယနေ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)-Zoland က သတင်းထုတ်ပြန်သည်။

PDF-Zoland နှင့် CDM (Siyin)တို့ ပူးပေါင်း၍ အင်အား ၂၀ခန့်ရှိ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ နာရီဝက်ကြာ အပြန်အလှန်ပစ်ခတ်မှုရှိခဲ့သည်ဟု ဆို သည်။

Public Service Announcement

ယင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်သားများ သေဆုံးသူနှင့် ဒဏ်ရာရသူများရှိကြောင်းသိရပြီး ပြည်သူ့ကာကွယ်ရေးတပ်သားများဘက်မှ အထိအခိုက်မရှိဟု ထုတ်ပြန်ခဲ့သည်။

PDF-Zoland နှင့် CDM(Siyin)တို့သည် မတ်လဆန်းကလည်း ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)၊ ချင်းအမျိုးသားတပ်မတော်(CNA) ၊ ချင်းဒေသကာကွယ်ရေးတပ်(CDF-Hualngo) တို့နှင့် ပူးပေါင်းပြီး ဖလမ်းမြို့နယ် ရိခေါ်ဒါ ဒေသရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ငါးဦးထက်မနည်းသေဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။