Connect with us

Hi, what are you looking for?

LuduNwayOo

News

မင်းတပ်မြို့တွင်း စစ်ဆင်ရေး စစ်ကောင်စီတပ် နှစ်ဦးသေဟု CDF ပြော

စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့ရာ အလောင်းများကို ဆေးရုံလူနာတင်ကားဖြင့်ကောက် ယူသွားကြောင်း ဖော်ပြထားသည်။

(CDF မင်းတပ်၏ အထူးကွန်မန်ဒိုရဲ​ဘော်များ ​လေ့ကျင့်​နေစဥ်)

မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF) အနေဖြင့် မြို့တွင်းစစ်ဆင်ရေးတစ်ရပ်ကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးခဲ့ကြောင်း CDF မင်းတပ် က သတင်းထုတ်ပြန်သည်။

မတ်လ ၂၉ရက် နံနက် ၇နာရီခန့်တွင် မင်းတပ်မြို့ဘ၀သစ်ရပ်ကွက် ၀မ္မသူးမောင်းလမ်း ၊ဗိုလ်မှူးဟာရှိန်းချောက်အနီး အသစ်ပြင်ဆင်နေသောရေကန်၌ လုံခြုံရေးယူထားသော စစစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့ရာ အလောင်းများကို ဆေးရုံလူနာတင်ကားဖြင့်ကောက် ယူသွားကြောင်း ဖော်ပြထားသည်။

CDF မင်းတပ်နှင့် စစ်ကောင်စီတပ်တို့သည် မင်းတပ် – မတူပီလမ်း၌လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်။ မင်းတပ်မှ မတူပီမြို့သို့ ထွက်ခွာသွားသော စစ်ကောင်စီရိက္ခာပို့ယာဉ်တန်းနှင့် လုံခြုံရေးစစ်ကြောင်းကို မင်းတပ် CDFက မတ်လ ၂၆ရက်မှစတင် တိုက်ခိုက်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။