Connect with us

Hi, what are you looking for?

News

မင်းတပ်မြို့တွင်း စစ်ဆင်ရေး စစ်ကောင်စီတပ် နှစ်ဦးသေဟု CDF ပြော

စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့ရာ အလောင်းများကို ဆေးရုံလူနာတင်ကားဖြင့်ကောက် ယူသွားကြောင်း ဖော်ပြထားသည်။

(CDF မင်းတပ်၏ အထူးကွန်မန်ဒိုရဲ​ဘော်များ ​လေ့ကျင့်​နေစဥ်)

မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF) အနေဖြင့် မြို့တွင်းစစ်ဆင်ရေးတစ်ရပ်ကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးခဲ့ကြောင်း CDF မင်းတပ် က သတင်းထုတ်ပြန်သည်။

မတ်လ ၂၉ရက် နံနက် ၇နာရီခန့်တွင် မင်းတပ်မြို့ဘ၀သစ်ရပ်ကွက် ၀မ္မသူးမောင်းလမ်း ၊ဗိုလ်မှူးဟာရှိန်းချောက်အနီး အသစ်ပြင်ဆင်နေသောရေကန်၌ လုံခြုံရေးယူထားသော စစစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့ရာ အလောင်းများကို ဆေးရုံလူနာတင်ကားဖြင့်ကောက် ယူသွားကြောင်း ဖော်ပြထားသည်။

CDF မင်းတပ်နှင့် စစ်ကောင်စီတပ်တို့သည် မင်းတပ် – မတူပီလမ်း၌လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်။ မင်းတပ်မှ မတူပီမြို့သို့ ထွက်ခွာသွားသော စစ်ကောင်စီရိက္ခာပို့ယာဉ်တန်းနှင့် လုံခြုံရေးစစ်ကြောင်းကို မင်းတပ် CDFက မတ်လ ၂၆ရက်မှစတင် တိုက်ခိုက်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

နိုင်ငံတကာ

လတ်တလော အီရန်အပေါ် တိုက်ခိုက်မှုတွေဟာ ကျဆုံး အမေရိကန် စစ်သည်တွေကို ဂုဏ်ပြုခြင်းလည်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နေပြည်တော်တိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးဖော်ဆောင်မှုတွေကြောင့် ဇွန်လအတွင်းမှာ စစ်တပ်က အရာရှိ ၄ဦး အပါအဝင် ၄၀ဦးကျော် သေဆုံးကာ ရဲစခန်းမှူး အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နေပြည်တော် PDFက သတင်းထုတ်ပြန်ပါတယ်။