Connect with us

Hi, what are you looking for?

News

မတူပီအခြေစိုက် ခလရ(၃၀၄)တပ်နှင့် CDFတို့ တိုက်ပွဲပြင်းထန်နေ

လက်ရှိတွင် စစ်ကောင်စီ၏ စစ်ကားတန်းသည် မင်းတပ် – မတူပီလမ်းပိုင်း မိုင်(၄၀)တွင် ရှိနေပြီး မတူပီသို့ တက်ရန်ကြိုပမ်းနေဆဲဖြစ်ကာ စစ်ရဟတ်ယာဥ် တစ်စီးပါ ပျံသန်းနေသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များက ဆိုသည်။

(မတူပီသို့ အင်းအားဖြည့်တင်းနေသည့် စစ်ကောင်စီယာဥ်တန်းကို တွေ့ရစဥ်၊ ဓာတ်ပုံ - CDF-Mindat)

ချင်းပြည်နယ် မတူပီအခြေစိုက် ခလရ(၃၀၄)တပ်နှင့် တိုက်ပွဲပြင်းထန်နေ ကြောင်း CDF- မတူပီက ထုတ်ပြန်သည်။

ယနေ့(မတ်လ ၃၁)နံနက် ၇ နာရီကျော်မှစပြီး ကျောက်ထုမှ မတူပီမြို့သို့ စစ်အင်အား ဖြည့်တင်းရန်လာသော ယာဉ်တန်းကို ခလရ (၃၀၄)မှ ဆင်းကြိုစဥ် CDFနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

“၃၀၄ တပ်က ကောင်တွေက မနေ့ကစပြီး မတူပီကနေ ဆင်းတယ်။ ညက ခြမ်းပြန်းရွာသစ် တွင် ညအိပ်တယ်။အခု ခြန်းပြန်းရွာဟောင်းဘက်ကို သွားဖို့ လုပ်နေရင်းနဲ့ ထိတွေ့မှုဖြစ်နေတာ။နောက်ပြီး ၃၀၄ တပ်အထိုင်ကနေလည်း အမြှောက်နဲ့ပါပစ်ကူပေးနေတယ်။လောလောဆယ် အကြမ်းဖျင်းအဲဒီလောက်ပဲ သိရသေးတယ်”ဟု CDF မတူပီမှ တာဝန်ရှိသူက People’s Springသို့ ပြောသည်။

တိုက်ပွဲပြင်းထန်ဖြစ်ပွားနေမှုကြောင့် မင်းတပ်- မတူပီ လမ်းမတစ်လျှောက်ရှိ ဒေသခံပြည်သူ များလည်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရ ကြောင်းလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

မတ် ၂၃ ရက်ကစ၍ တင့်ကား နှစ်စီးပါဝင်သည့် စစ်ကားအစီး ၈၀ကျော်မှာ ကျောက်ထု အမြှောက်တပ်မှ စတင်ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ထွက်ခွာရာလမ်းတစ်လျှောက်တွင် CDFမှ ကြားဖြတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀ ဦးခန့်သေဆုံးထားသည်။

လက်ရှိတွင် စစ်ကောင်စီ၏ စစ်ကားတန်းသည် မင်းတပ် – မတူပီလမ်းပိုင်း မိုင်(၄၀)တွင် ရှိနေပြီး မတူပီသို့ တက်ရန်ကြိုပမ်းနေဆဲဖြစ်ကာ စစ်ရဟတ်ယာဥ် တစ်စီးပါ ပျံသန်းနေသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။