Connect with us

Hi, what are you looking for?

LuduNwayOo

News

မတူပီအခြေစိုက် ခလရ(၃၀၄)တပ်နှင့် CDFတို့ တိုက်ပွဲပြင်းထန်နေ

လက်ရှိတွင် စစ်ကောင်စီ၏ စစ်ကားတန်းသည် မင်းတပ် – မတူပီလမ်းပိုင်း မိုင်(၄၀)တွင် ရှိနေပြီး မတူပီသို့ တက်ရန်ကြိုပမ်းနေဆဲဖြစ်ကာ စစ်ရဟတ်ယာဥ် တစ်စီးပါ ပျံသန်းနေသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များက ဆိုသည်။

(မတူပီသို့ အင်းအားဖြည့်တင်းနေသည့် စစ်ကောင်စီယာဥ်တန်းကို တွေ့ရစဥ်၊ ဓာတ်ပုံ - CDF-Mindat)

ချင်းပြည်နယ် မတူပီအခြေစိုက် ခလရ(၃၀၄)တပ်နှင့် တိုက်ပွဲပြင်းထန်နေ ကြောင်း CDF- မတူပီက ထုတ်ပြန်သည်။

ယနေ့(မတ်လ ၃၁)နံနက် ၇ နာရီကျော်မှစပြီး ကျောက်ထုမှ မတူပီမြို့သို့ စစ်အင်အား ဖြည့်တင်းရန်လာသော ယာဉ်တန်းကို ခလရ (၃၀၄)မှ ဆင်းကြိုစဥ် CDFနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

“၃၀၄ တပ်က ကောင်တွေက မနေ့ကစပြီး မတူပီကနေ ဆင်းတယ်။ ညက ခြမ်းပြန်းရွာသစ် တွင် ညအိပ်တယ်။အခု ခြန်းပြန်းရွာဟောင်းဘက်ကို သွားဖို့ လုပ်နေရင်းနဲ့ ထိတွေ့မှုဖြစ်နေတာ။နောက်ပြီး ၃၀၄ တပ်အထိုင်ကနေလည်း အမြှောက်နဲ့ပါပစ်ကူပေးနေတယ်။လောလောဆယ် အကြမ်းဖျင်းအဲဒီလောက်ပဲ သိရသေးတယ်”ဟု CDF မတူပီမှ တာဝန်ရှိသူက People’s Springသို့ ပြောသည်။

တိုက်ပွဲပြင်းထန်ဖြစ်ပွားနေမှုကြောင့် မင်းတပ်- မတူပီ လမ်းမတစ်လျှောက်ရှိ ဒေသခံပြည်သူ များလည်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရ ကြောင်းလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

မတ် ၂၃ ရက်ကစ၍ တင့်ကား နှစ်စီးပါဝင်သည့် စစ်ကားအစီး ၈၀ကျော်မှာ ကျောက်ထု အမြှောက်တပ်မှ စတင်ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ထွက်ခွာရာလမ်းတစ်လျှောက်တွင် CDFမှ ကြားဖြတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀ ဦးခန့်သေဆုံးထားသည်။

လက်ရှိတွင် စစ်ကောင်စီ၏ စစ်ကားတန်းသည် မင်းတပ် – မတူပီလမ်းပိုင်း မိုင်(၄၀)တွင် ရှိနေပြီး မတူပီသို့ တက်ရန်ကြိုပမ်းနေဆဲဖြစ်ကာ စစ်ရဟတ်ယာဥ် တစ်စီးပါ ပျံသန်းနေသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အာရှလမ်းပိုင်း၊ ကော့ကရိတ်နှင့် မြဝတီမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီက အင်အားသုံးပြီး အဆိပ်ငွေ့ဗုံး၊ မီးလောင်ဗုံးများဖြင့် လေကြောင်းမှ တိုက်ခိုက်နေသည်ဟုလည်း ဗိုလ်မှူးကျော်ဟိန်းက ဆိုသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။