အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းမှ တိုက်ခိုက်မှုများကို ပြန်လည်တုံ့ပြန် ရန် Project Dragonfly အမည်ဖြင့် အလှူငွေကောက်ခံမှု ပြုလုပ်ရာ ၄၈နာရီ (နှစ်ရက်)အတွင်း ကျပ်သိန်း ၉,၀၀၀ခန့်ရရှိကြောင်း Click2donate က ယနေ့ (ဧပြီ ၁) ထုတ်ပြန်သည်။
အဆိုပါ Project ကို မတ်လ ၃၀ ရက် ညနေပိုင်းက စတင်ခဲ့ပြီးစတင်သည့် ပထမရက်၌ပင် ကျပ်သိန်း ၂,၀၀၀ကျော် ရရှိခဲ့ကြောင်း သိရသည်။
“Dragonfly ကတော့ ၄၈ နာရီ(၂ရက်)အတွင်း သိန်းကိုးထောင်နီးပါးအထိ ရရှိနေပါပြီ။ ပြည်သူ့ အင်အား အားလုံးရဲ့အင်အားတွေနဲ့ အမြန်ဆုံးပြည့် သွားအောင် တွန်းလိုက်ကြရအောင်ပါခင်ဗျာ ” ဟု Click2donate က ထုတ်ပြန်သည်။
မြန်မာနိုင်ငံအနှံ့ လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်ကာ ပြည်သူများအား အနိုင်ကျင့် သတ်ဖြတ်နေသည့် အကြမ်းဖက်စစ်ကောင်စီ၏ လေယာဉ်များအား ပြန်လည်တုံ့ပြန်နိုင်ရန် Click2donate နှင့် ပန်ဆယ်လိုတို့ ဦးဆောင်၍ အလှူငွေ ကောက်ခံနေခြင်း ဖြစ်သည်။

Public Service Announcement
စစ်ကောင်စီ၏ လေကြောင်းမှ တိုက်ခိုက်မှုများကို ပြန်လည်တုံ့ပြန်မည့် ယင်း Project Dragonfly ကို ၁၀ရက်အတွင်း ကျပ်သိန်း ၁၃,၀၀၀ ရရှိရန်ရည်ရွယ်ပြီး စင်္ကာပူ၊ ထိုင်း၊ အမေရိကန်၊ မလေးရှား၊ UAE၊ ဂျပန်နှင့် ကိုရီးယားအစရှိသည့် ပြည်တွင်းနှင့် ပြည်ပနိုင်ငံအသီးသီးမှ ပြည်သူများထံ အလှူခံနေခြင်း ဖြစ်သည်။


















































