Connect with us

Hi, what are you looking for?

News

လေယာဉ်၊ ရဟတ်ယာဉ်၊ တိုက်ရေယာဉ်နှင့်တကွ ပြည်သူ့ရင်ခွင့်ခိုလှုံပါက ကျပ်သိန်းတစ်​သောင်း(ဒေါ်လာ ၅သိန်း)ဆုငွေချီးမြှင့်မည်ဟု NUG ကြေညာ

အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူ့အခွန်ဘဏ္ဍာငွေဖြင့် ဝယ်ယူထားသော ပြည်သူပိုင် ပစ္စည်းများဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်မှုမပေးသည့်အပြင် အပြစ်မဲ့ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များအား ရက်ရက်စက်စက် တိုက်ခိုက်ဖျက်ဆီးလျက်ရှိသည်မှာ လုံးဝခွင့်လွှတ်နိုင်ဖွယ်မရှိသော လုပ်ရပ်ဖြစ်သည်ဟု NUG က ထုတ်ပြန်သည်။

(ပြည်သူများအား ပစ်ခတ်ချေမှုန်းနေသော စစ်ကောင်စီ ၏ ရဟတ်ယာဥ် တစ်စီးကို တွေ့ရစဥ်)

▪️ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးနေသည့် ယာဉ်ယန္တယားများကို ဖြုန်းတီးအောင်လုပ်ဆောင်နိုင်ပါက ဒေါ်လာ ၃ သိန်း၊ ၂ သိန်း၊ ၁သိန်း စသည့် ဆုငွေများလည်း ထုတ်ပြန်ထား

လေယာဉ်၊ ရဟတ်ယာဉ်၊ တိုက်ရေယာဉ်နှင့်တကွ ပြည်သူ့ရင်ခွင့်ခိုလှုံလာပါက ဆုငွေအမေရိကန်ဒေါ်လာ ၅သိန်း(ကျပ်သိန်း ၁၀,၀၀၀) ပေးအပ်ချီးမြှင့်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ ကြေညာလိုက်သည်။

အကြမ်းဖက်စစ်တပ် အသုံးပြုလျက်ရှိသော လေယာဉ်၊ ရေယာဉ်၊ ရဟတ်ယာဉ်၊ စက်ယာဉ်ယန္တယားတို့နှင့်စပ်လျဉ်း၍ ဆုငွေချီးမြှင့်ခြင်းဆိုင်ရာထုတ်ပြန်ကြေညာ ချက်တွင် အဆိုပါ ယာဉ်ယန္တယားများ အကြီးစားဖျက်ဆီးနိုင်လျှင် ဒေါ်လာ ၃သိန်း(ကျပ်သိန်း ၆၀၀၀)၊ ကြားဖြတ် ဖျက်ဆီး၊ ပစ်ချချေမှုန်းနိုင်လျှင် ဒေါ်လာ ၃ သိန်း စသည်ဖြင့် NUG က ဆုငွေထုတ်ထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူ့အခွန်ဘဏ္ဍာငွေဖြင့် ဝယ်ယူထားသော ပြည်သူပိုင် ပစ္စည်းများဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်မှုမပေးသည့်အပြင် အပြစ်မဲ့ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များအား ရက်ရက်စက်စက် တိုက်ခိုက်ဖျက်ဆီးလျက်ရှိသည်မှာ လုံးဝခွင့်လွှတ်နိုင်ဖွယ်မရှိသော လုပ်ရပ်ဖြစ်သည်ဟု NUG က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အတွက် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အကြမ်းဖက် လေကြောင်းတိုက်ခိုက်မှုများ၊ ရေကြောင်းတိုက်ခိုက်မှုများ၊ မြေပြင်ထိုးစစ်များမှ ကာကွယ်နိုင်ရန်အတွက် ယင်းသို့ ဆုငွေချီးမြှင့်ခြင်းဆိုင်ရာအမိန့်အား ထုတ်ပြန်ကြေညာခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် တိုက်လေယာဉ်ဆီ သိုလှောင်ကန်များအား ထိရောက်စွာ ဖောက်ထုတ်၊ ဖျက်ဆီးနိုင်ပါက တစ်ကန်လျှင် ဆုငွေ ဒေါ်လာ ၁ သိန်း(ကျပ်သိန်း ၂၀၀၀)၊ အကြမ်းဖက်စစ်တပ်၏ လက်နက် တိုက်၊ လက်နက်စက်ရုံများကို ဖောက်ခွဲဖျက်ဆီးနိုင်ပါက ဆုငွေ ဒေါ်လာ ၁ သိန်း စသဖြင့် NUG က ဆုငွေထုတ်သည်။

အဆိုပါ ဆုချီးမြှင့်ငွေများအား အချက်အလက် ခိုင်လုံစွာ တင်ပြနိုင်သည့် အစုအဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ ခံစားခွင့်ရှိပြီး ချီးမြှင့်သည့် ဆုကြေးငွေများလက်ခံရယူခြင်းနှင့် ဆောင်ရွက်ချက်များအား The Public Property Protection Act-1947 အရ တရားစွဲဆို၊ အရေးယူ၊ အပြစ်ပေးခံရ ခြင်း မရှိစေရဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

နိုင်ငံတကာ

ဘရာဇီးနိုင်ငံမှာ ရဟတ်ယာဉ်နှစ်စီး လေထဲ တိုက်မိရာက ထင်ရှားတဲ့ အမေရိကန် ဂီတ ပညာရှင် တစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

အိန္ဒိယ လေတပ်ရဲ့ သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စီး ပြေးလမ်းချော်ရာက မီးလောင်မှုကြောင့် လေတပ်သား ၅ ဦး သေဆုံးသွားကြောင်း သိရပါတယ်။