Connect with us

Hi, what are you looking for?

News

ကရင်ပြည်နယ်ထဲကမြို့နယ်အချို့ ​ရေကြီး​ရေလျှံ

သောင်ရင်းမြစ်ရေဟာ နောက် ၁ ရက်အတွင်း မြ၀တီမြို့ရဲ့စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တဲ့အတွက် မြ၀တီမြို့နယ်အတွင်းက မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းမှာ နေထိုင်တဲ့သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ မိုးဇလက သတိပေးထုတ်ပြန်ထားပါတယ်

မြ၀တီမြို့မှာ သောင်ရင်းမြစ်ရေဟာ နောက် ၁ ရက်အတွင်း မြိုရဲ့စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့ မနက်ပိုင်းက မြစ်ရေကြီးမှု သတိပေးချက်ထုတ်ပြန်ထားပါတယ်။

မိုးဇလရဲ့ ဒီကနေ့ မနက် ၇ နာရီခွဲအချိန်က တိုင်းတာချက်အရ သောင်းရင်မြစ်ရေဟာ မြ၀တီမြို့မှာ မြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၁ ပေခွဲခန့် ရောက်ရှိနေခဲ့တာပါ။

မြ၀တီမြို့နယ်မှာ သောင်ရင်းမြစ်ရေရဲ့ စိုးရိမ်ရေမှတ်ဟာ (၉၆၃) စင်တီမီတာရှိပြီး လက်ရှိ မြစ်ရေအမှတ်ဟာ ဒီကနေ့ မနက် ၆ နာရီခွဲ တိုင်းတာချက်အရ (၉၀၈) စင်တီမီတာအထိ ရောက်ရှိနေတယ်လို့ ကရင်ပြည်နယ် မိုးဇလက သတင်းထုတ်ပြန်ထားပါတယ်။

​သောင်ရင်းမြစ်ရေဟာ နောက် ၁ ရက်အတွင်း မြ၀တီမြို့ရဲ့စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တဲ့အတွက် မြ၀တီမြို့နယ်အတွင်းက မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းမှာ နေထိုင်တဲ့သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ မိုးဇလက သတိပေးထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

” ဒီနေ့က မြစ်ရေပြန်တက်လာတယ်။ ပြီးခဲ့တဲ့ရက်က သောင်ရင်းမြစ်ရေက ပြန်ကျတယ်။ အခုပြန်တက်တယ်။ စိုးရိမ်ရေမှတ်ရောက်ဖို့ ၂ ပေလောက်လိုသေးတယ်။ ပြီးခဲ့တဲ့တစ်ခေါက်က ခဏလေးပဲ စိုးရိမ်ရေမှတ်ကျော်လိုက်တယ်။ သောင်ရင်းမြစ်အထက်က မိုးများလို့။ အခုတော့ ရေထပ်တက်နေတယ် ရေကြီးနိုင်ခြေရှိတယ်။ မိုးကပေးထားတယ်ဆိုတော့လေ။ မိုးက မွန် ကရင် တနင်္သာရီက ၂၈ ရက်နေ့အထိ မိုးများမယ်လို့ ခန့်မှန်းထားတာ” ပြည်နယ်မိုးဇလတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် သံလွင်မြစ်ရေဟာ ဘားအံ ကမမောင်းနဲ့ ရွှေဂွန်းဘက်မှာ မြစ်ရေတွေတက်လာပြီး မိုးများနေလို့ နောက်ထပ်မြစ်ရေတက်ဖို့ ရှိသေးတယ်လို့ မိုးဇလက ခန့်မှန်းထားတာပါ။

လတ်တလော ကရင်ပြည်နယ်မှာ မိုးကြီးနေလို့ ကြာအင်းဆိပ်ကြီးနဲ့လှိုင်းဘွဲမြို့အပါအဝင် မြို့နယ်အချို့တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး ကြာအင်းဆိပ်ကြီးဘက်မှာ ရေဘေးရှောင်သူတွေ ရှိနေတဲ့အပြင် လှိုင်းဘွဲမြို့မှာ ရေဘေးရှောင်တွေအတွက် နေရာကြိုတင်ပြင်ဆင်ထားတယ်လို့ သိရပါတယ် ။

လက်ရှိ ကရင်ပြည်နယ်အတွင်းက လှိုင်းဘွဲမြစ်နဲ့ ဟောင်သရောချောင်းတွေဟာ မြစ်ရဲ့ စိုးရိမ်ရေမှတ်ထက်ကို ကျော်လွန်ရောက်ရှိနေပြီး လှိုင်းဘွဲ မြ၀တီမြို့မှာတော့ ရေကြီးရေလျှံမှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားကောင်းနေတာကြောင့် နောက် ၂ ရက်အတွင်း မွန်နဲ့ ကရင်အပါအဝင် တိုင်းနဲ့ ပြည်နယ်အချို့မှာ မိုးကြီးနိုင်တယ်လို့ မိုးဇလက ဆိုထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေကြီးပြီး ခါးလောက်နီးပါးထိ ရေမြုပ်နေတဲ့ နေရာမှာ ကျင်းပခဲ့တဲ့ ဖိလစ်ပိုင် မင်္ဂလာပွဲ တစ်ခုဟာ လူမှုကွန်ရက်ပေါ်မှာ လူပြောများနေပါတယ်။

သတင်း

နီပေါနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုမှာ ကလေးနှစ်ဦးကို လက်တွဲပြီး ပြေးလာရင်း အသက်ဘေးကနေ ကပ်လွတ်ခဲ့တဲ့ မိခင်တစ်ဦးရဲ့ ရင်ထိတ်စရာ အခြေအနေကို ဗီဒီယိုနဲ့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံက နာမည်ကျော် ဂရန်းကန်ညွန် (Grand Canyon) ချောက်ကြီးထဲမှာ ရုတ်တရက် ရေကြီးမှု တစ်ခုကြောင့် တောတောင် ခြေလျင်ခရီးသွား ၁၅ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

သတင်း

ရေဘေးကြုံနေတဲ့ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့မှာ လှေတစ်စီးရေစီး နဲ့ မျောပါတိမ်းမှောက်သွားလို့ အမျိုးသားတစ်ဦး ပျောက်ဆုံးနေပါတယ်။