သတင်း
ကားလမ်းများပါ ရေကြီးရေလျှံမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုများဆိုးဆိုးရွားရွားဖြစ်ခဲ့ကြောင်း ခရီးသွားများကပြောသည်။
Hi, what are you looking for?
ကားလမ်းများပါ ရေကြီးရေလျှံမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုများဆိုးဆိုးရွားရွားဖြစ်ခဲ့ကြောင်း ခရီးသွားများကပြောသည်။
လာမယ့် ၂၄ နာရီအတွင်း မန္တလေးနဲ့ မြန်မာနိုင်ငံအထက်ပိုင်းတွေမှာ မိုးများနိုင်တယ်လို့ မိုးလေဝသ လေ့လာသုံးသပ်သူ ဦးဝင်းနိုင်ကသူရဲ့ဖေ့ဘွတ်ခ်ကနေ အသိပေးထားပါတယ်။
"သံလွင်မြစ်ရေက ဘားအံမှာဆက်တက်နိုင်သေးလို့ ကမ်းနာနေသူတွေ ဂရုပြုသင့်တယ်။ မိုးကလည်းများနေတဲ့အတွက် တောင်ကုန်းတောင်စောင်းနေသူတွေနဲ့ သစ်ပင်ကြီးနား နေသူတွေ မြေပြိုမှာ သစ်ပင်လှဲမှာတွေကို အထူးဂရုစိုက်ပါ" လို့ ပြည်နယ်မိုးဇလတာဝန်ရှိသူက အသိပေးထားပါတယ်။
သောင်ရင်းမြစ်ရေဟာ နောက် ၁ ရက်အတွင်း မြ၀တီမြို့ရဲ့စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တဲ့အတွက် မြ၀တီမြို့နယ်အတွင်းက မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းမှာ နေထိုင်တဲ့သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ မိုးဇလက သတိပေးထုတ်ပြန်ထားပါတယ်