Connect with us

Hi, what are you looking for?

News

ပန်ဝါမြို့အနီး စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ကို KIAနှင့် PDFပူးပေါင်းအဖွဲ့ တိုက်ခိုက်

အရှင်ဖမ်းမိသူ လေးဦးရှိပြီး သေနတ်ဆယ်လက်လည်း သိမ်းဆည်းနိုင်ခဲ့သည်ဟု အထက်ပါသတင်းရင်မြစ်ကဆိုသည်။

▪️စစ်ကောင်စီနှစ်ဦးသေ၊အချို့အရှင်ဖမ်းမိ

တရုတ်နိုင်ငံနှင့်နယ်စပ်မြို့ဖြစ်သော ပန်ဝါမြို့အနီးတွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ကို KIAနှင့် PDFပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီးအချို့ကို အရှင်ဖမ်းမိခဲ့သည်။

အင်အား ၂၀ကျော်ပါဝင်သည့် စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ကို KIA တပ်ရင်း (၄၆)နှင့် PDFက ယနေ့(ဧပြီ ၁၃ရက်) နေ့လယ်တွင် တိုက်ခိုက်ခဲ့ခြင်းဟု သတင်းရရှိသည်။

“စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေ စီးလာတဲ့ကားကို ဖြတ်တိုက်ပြီး ကားကိုပါ မီးရှို့ပစ်တာ။ စစ်တပ်ဖက်က နှစ်ယောက်သေတယ်။ ဖမ်းမိတာတွေလည်း ရှိတယ်”ဟု ပန်ဝါမြို့မှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

အရှင်ဖမ်းမိသူ လေးဦးရှိပြီး သေနတ်ဆယ်လက်လည်း သိမ်းဆည်းနိုင်ခဲ့သည်ဟု အထက်ပါသတင်းရင်မြစ်ကဆိုသည်။

တိုက်ပွဲနှင့်ပတ်သက်၍ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းရာအလုပ်မအားလပ်၍ နောက်မှ ပြန်ဆက်သွယ်ရန် ပြောကြားသည်။

ကချင်လွတ်မြောက်ရေးတပ်မတော် KIAသည် စစ်တပ်က နိုင်ငံတော်အာဏာသိမ်းသည်ကို လက်မခံဘဲ အာဏာရှင်ပြုတ်ကျအောင် တိုက်ခိုက်သွားမည်ဟု လူထုအား အသိပေးကြေငြာထားသည်။ KIAသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့်အတူလက်တွဲကာ စစ်အာဏာရှင်ကို တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။