Connect with us

Hi, what are you looking for?

News

ယင်းမာပင်နယ် ဘန့်​ဘွေးရွာတိုက်ပွဲ စစ်​ကောင်စီတပ် ငါးဦး​သေ

အထိနာသွားသော အကြမ်းစစ်ကောင်စီတပ်များကို မုံရွာဘက်မှတင့်ကားများ၊ သံပြားကာကားများဖြင့် လာရောက်ပြီး စစ်ကူပစ်ခတ်ပေးခဲ့သောကြောင့် ပြည်သူ့ကာကွယ်ရေးတပ်များ ဆုတ်ခွာခဲ့ရပြီး အထိအခိုက်မရှိခဲ့ကြောင်း မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ဘန့်ဘွေး​​ကျေးရွာတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီမှ ငါးဦးသေဆုံးကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဧပြီ ၁၂ရက်) ညနေ ၆နာရီခန့်က ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (၂)၊ (၃)၊ (၄)၊ ယင်းမာပင်ခရိုင် PDFနှင့် မဟာမိတ်ပူးပေါင်းတပ်များမှ ၀င်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ပွဲသည် ညနေ၆နာရီမှ ည၉နာရီ အထိ ၃နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ပြည်သူကာကွယ်ရေးတပ်မှ RPGလက်နက်ဖြင့် ပစ်ခတ်ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ငါးဦးသေဆုံးကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အထိနာသွားသော အကြမ်းစစ်ကောင်စီတပ်များကို မုံရွာဘက်မှတင့်ကားများ၊ သံပြားကာကားများဖြင့် လာရောက်ပြီး စစ်ကူပစ်ခတ်ပေးခဲ့သောကြောင့် ပြည်သူ့ကာကွယ်ရေးတပ်များ ဆုတ်ခွာခဲ့ရပြီး အထိအခိုက်မရှိခဲ့ကြောင်း မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

Public Service Announcement

Public Service Announcement

ဘန့်ဘွေးရွာသည် မုံရွာမြို့အထွက် ချင်းတွင်းတံတားကို ကျော်လာပြီး ၁၀မိုင်ခန့်အကွာတွင်တည်ရှိပြီး စစ်ကောင် စီက မကြာခဏလာရောက်ဖျက်ဆီးမှုများ ပြုလုပ်လေ့ရှိ​ကြောင်း၊ ယခုလည်း မတ်လဆန်းကတည်းက ဘန့်ဘွေးရွာတွင် စစ်တပ်က အချိန်တစ်လကျော်ကြာ တပ်စွဲထားပြီး ဧပြီလ ၁ဝရက်က ကျေးရွာရှိ ရေသောက်ကန်တောတိုက်ကို မီးရှိူ့ဖျက်ဆီးခဲ့ရာ ​နေအိမ်၃၀ကျော် ပြာကျပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။