Connect with us

Hi, what are you looking for?

LuduNwayOo

News

ယင်းမာပင်နယ် ဘန့်​ဘွေးရွာတိုက်ပွဲ စစ်​ကောင်စီတပ် ငါးဦး​သေ

အထိနာသွားသော အကြမ်းစစ်ကောင်စီတပ်များကို မုံရွာဘက်မှတင့်ကားများ၊ သံပြားကာကားများဖြင့် လာရောက်ပြီး စစ်ကူပစ်ခတ်ပေးခဲ့သောကြောင့် ပြည်သူ့ကာကွယ်ရေးတပ်များ ဆုတ်ခွာခဲ့ရပြီး အထိအခိုက်မရှိခဲ့ကြောင်း မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ဘန့်ဘွေး​​ကျေးရွာတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီမှ ငါးဦးသေဆုံးကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဧပြီ ၁၂ရက်) ညနေ ၆နာရီခန့်က ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (၂)၊ (၃)၊ (၄)၊ ယင်းမာပင်ခရိုင် PDFနှင့် မဟာမိတ်ပူးပေါင်းတပ်များမှ ၀င်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ပွဲသည် ညနေ၆နာရီမှ ည၉နာရီ အထိ ၃နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ပြည်သူကာကွယ်ရေးတပ်မှ RPGလက်နက်ဖြင့် ပစ်ခတ်ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ငါးဦးသေဆုံးကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အထိနာသွားသော အကြမ်းစစ်ကောင်စီတပ်များကို မုံရွာဘက်မှတင့်ကားများ၊ သံပြားကာကားများဖြင့် လာရောက်ပြီး စစ်ကူပစ်ခတ်ပေးခဲ့သောကြောင့် ပြည်သူ့ကာကွယ်ရေးတပ်များ ဆုတ်ခွာခဲ့ရပြီး အထိအခိုက်မရှိခဲ့ကြောင်း မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

Public Service Announcement

Public Service Announcement

ဘန့်ဘွေးရွာသည် မုံရွာမြို့အထွက် ချင်းတွင်းတံတားကို ကျော်လာပြီး ၁၀မိုင်ခန့်အကွာတွင်တည်ရှိပြီး စစ်ကောင် စီက မကြာခဏလာရောက်ဖျက်ဆီးမှုများ ပြုလုပ်လေ့ရှိ​ကြောင်း၊ ယခုလည်း မတ်လဆန်းကတည်းက ဘန့်ဘွေးရွာတွင် စစ်တပ်က အချိန်တစ်လကျော်ကြာ တပ်စွဲထားပြီး ဧပြီလ ၁ဝရက်က ကျေးရွာရှိ ရေသောက်ကန်တောတိုက်ကို မီးရှိူ့ဖျက်ဆီးခဲ့ရာ ​နေအိမ်၃၀ကျော် ပြာကျပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။