Connect with us

Hi, what are you looking for?

News

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အောင်ပွဲရသည်အထိထောက်ပံ့မည်ဟု ကိုရီးယားရောက်မြန်မာများ ကတိပြု

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ပြည်လည်ရှင်သန်ရေး အားပေးထောက်ခံနေသော ကိုရီးယားပြည်သူ ပြည်သားများကို ကျေးဇူးတင်ကြောင်းနှင့် ကိုရီးယားအစိုးရထံမှ ပိုမိုထိရောက်သော အကူအညီများကို မျှော်လင့်ကြောင်း ထုတ်ပြန်ချက်၌ အသိပေးထားသည်။

(စစ်တပ်အာဏာသိမ်းမှု တစ်နှစ်ပြည့်အဖြစ် ​တောင်ကိုရီးယား​ရောက်မြန်မာများ ပြီးခဲ့သည့် ​ဖေ​ဖော်ဝါရီ၁ရက်က ချီတက်ဆန္ဒပြ​နေစဥ်)

အသက်ကို ပဓာနမထားဘဲ တိုက်ပွဲဝင်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား ဦးညွတ်လေးစားလျက် ထောက်ပံ့ရေးများကို အောင်ပွဲရပြီးသည်အထိ လုပ် ဆောင်နေမည်ဟု တောင်ကိုးရီးယားရောက် မြန်မာနိုင်ငံသားများက ထုတ်ပြန်ကြေညာသည်။

တောင်ကိုရီးယားနိုင်ငံရှိ မြန်မာနိုင်ငံသားများနှင့် အား ပေးသူ ကိုရီးယားနိုင်ငံသားများသည် အာဏာရှင်စနစ် အမြစ်ဖြတ်ရေး ပြည်သူ့တော်လှန်ရေးတွင် တသွေးတသားတည်းတည်ရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နိုင်ငံရေးဦးဆောင်မှုအောက်တွင် တညီ တညွတ်တည်း လိုက်ပါနေကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထို့အပြင် ၎င်းတို့သည် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်တည်တံ့သည့်တိုင်အောင် အားသွန် ကြိုးပမ်းကြမည်ဟုလည်း ကတိပြုသည်။

တောင်ကိုရီးယားရောက်မြန်မာများနှင့် စုဖွဲ့ထားသော စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီသည် ပြီးခဲ့သည့် (၆)လအတွင်း NUG ကို ဒေါ်လာ ၆သိန်း၊ မြေပြင် LPDF အဖွဲ့ ၄၉ ဖွဲ့ကို ကျပ်သိန်း ၉၈၀ကို တိုက်ရိုက် ထောက်ပံ့ခဲ့၍စုစုပေါင်း ဝမ်သိန်းပေါင်း ၉ ထောင်ကျော်အထိ ပေးပို့ ထောက်ပံ့နိုင်ခဲ့ကြောင်း ဧပြီ ၃ ရက်တွင် ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ပြည်လည်ရှင်သန်ရေး အားပေးထောက်ခံနေသော ကိုရီးယားပြည်သူ ပြည်သားများကို ကျေးဇူးတင်ကြောင်းနှင့် ကိုရီးယားအစိုးရထံမှ ပိုမိုထိရောက်သော အကူအညီများကို မျှော်လင့်ကြောင်း ထုတ်ပြန်ချက်၌ အသိပေးထားသည်။

ယင်းနောက် အာဆီယံနှင့် ကုလသမဂ္ဂတို့ တိုက်တွန်းနေသော စေ့စပ်ညှိနှိုင်းရေး လမ်းစဉ်သည် မြန်မာနိုင်ငံ၏ ပကတိ အခြေအနေနှင့်မကိုက်ညီဘဲ စစ်ကောင်စီအတွက် အချိန်ဆွဲပေးရာ ရောက်နေကြောင်းလည်း ဖော်ပြသည်။

စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု၊ နိုင်ငံတော် သစ္စာဖောက်မှုတို့ကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေသည့် မင်းအောင်လှိုင်နှင့် အကြမ်းဖက်စစ်တပ်ကို နိုင်ငံတကာတရားရုံး (ICJ)၊ နိုင်ငံတကာရာဇဝတ်ရုံး (ICC)တို့က ထိရောက်စွာအရေးယူ အပြစ်ပေးနိုင်ရန် တောင်းဆိုထားသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းကာ ကိုယ်ကျိုးရှာဖွေနေသော ပြည်တွင်းပြည်ပ လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီ အဖွဲ့အစည်းများ၊ လက်နက်‌ရောင်းပေးနေသော နိုင်ငံအစိုးရများအား ကျင့်ဝတ်ပျက်ပြားသူများအဖြစ် သတ်မှတ်ကာ ကန့်ကွက်ရှုတ်ချကြောင်းလည်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒီရက်ပိုင်း Facebook Memory ကို ဖွင့်ကြည့်မိတိုင်း လွန်ခဲ့တဲ့ ဆယ့်တစ်နှစ်က ပုံတွေ ပြန်ပေါ်လာတယ်။ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံရဲ့ ရေဘေးပုံတွေ။ ရွှံ့နွံထဲက လမ်းတွေ၊ ရေမြုပ်နေတဲ့ အိမ်တွေ၊ လှေနဲ့ သွားလာနေကြတဲ့ လူတွေ၊ ရေဘေးသင့်သူတွေကို ကူညီဖို့ အစားအသောက်နဲ့ ရေသန့်တွေ...

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

သတင်း

ကတ်ထုတ်​ပေးတဲ့ ထိုင်းအရာရှိအချို့ပါဖမ်းဆီးခံရ