Connect with us

Hi, what are you looking for?

News

တိုက်ပွဲအရှိန်မြှင့်ပြီး စစ်ရေးအရ ပိုမိုစိုးမိုးနိုင်ရေး ချင်းတပ် ၁၈ဖွဲ့ ပူးပေါင်းထားသည့် CJDCတွင် ဆွေးနွေး

လက်တလောတွင် ချင်းပြည်နယ် အတွင်းဒေသများ၌ စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှုများ အနည်းငယ် ငြိမ်နေပြီး ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်တွင် စစ်ရေးလှုပ်ရှားမှု အချို့ရှိနေသည်ဟု ဆိုသည်။

(ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ ကျေးရွာများမှ ပြည်သူများကို CNF/CNA မှ တာဝန်ရှိသူများသွားရောက် တွေ့ဆုံနေစဉ်၊ ဓာတ်ပုံ - Chinland Information Center)

စစ်ကောင်စီ၏ စစ်ရေးဗျူဟာအပေါ် မူတည်ပြီး ချင်းပြည်နယ်နှင့် ဆက်စပ်ဒေသများ၌ တိုက်ပွဲအရှိန်မြှင့်ပြီး စစ်ရေးအရ ပိုမိုစိုးမိုးနိုင်ရေး ဆောင်ရွက်ရန် ချင်းပြည်ပူးတွဲကာကွယ်ရေးကော်မတီ(CJDC)၌ ဆွေးနွေးထားသည့်ဟု CDJC အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားသည်။

(ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ ကျေးရွာများမှ ပြည်သူများကို CNF/CNA မှ တာဝန်ရှိသူများသွားရောက် တွေ့ဆုံနေစဉ်၊ ဓာတ်ပုံ – Chinland Information Center)

CNFနှင့် ဒေသအသီးသီးရှိ ချင်းဒေသကာကွယ်ရေးတပ်(CDF)များအပါအဝင် ချင်းလက်နက်ကိုင်တပ် ၁၈ ဖွဲ့ဖြင့် စုဖွဲ့ထားသည့် CJDC အစည်းအဝေးကို ဧပြီ ဒုတိယပတ်က ကျင်းပခဲ့ခြင်းဖြစ်သည်။ ယင်းအစည်း အဝေး၌ မြို့နယ်နှင့် ဒေသကာကွယ်ရေးတပ်များ၏ စစ်ရေးဆိုင်ရာ အစီရင်ခံချက်များကို ပြန်လည်သုံးသပ်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်း လုပ်ဆောင်ခဲ့သည်ဟု CJDCက ထုတ်ပြန်ထားသည်။

(ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ ကျေးရွာများမှ ပြည်သူများကို CNF/CNA မှ တာဝန်ရှိသူများသွားရောက် တွေ့ဆုံနေစဉ်၊ ဓာတ်ပုံ – Chinland Information Center)

“ကျွန်တော်တို့က CJDC စုဖွဲ့မှုကို ပိုမိုကျစ်လစ်ခိုင်မာအောင်လုပ်ပြီးတော့ စစ်ရေးမှာ ပိုမိုပြီး ပူးတွဲဆောင်ရွက်ဖို့ နည်းဗျူဟာချတာပေါ့နော်။စစ်ကောင်စီရဲ့ ဗျူဟာအပေါ် သုံးသပ်ပြီး ကျွန်တော်တို့က ပိုမိုပြီးတော့ တိုက်ပွဲဝင်ဖို့ အရှိန်မြှင့်ဖို့ ဆွေးနွေးထားတာဖြစ်ပါတယ်”ဟု ဆလိုင်းထက်နီက ပြောသည်။

CNA နှင့် CDFများ တည်ရှိရာဒေသအပါအဝင် ချင်းပြည်နယ်နှင့် ဆက်စပ်ဒေသများ၌ စစ်ရေးအရ ပိုမိုပြီး စိုးမိုးနိုင်ရန် အားထည့်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းသို့ လုပ်ဆောင်နိုင်မည်ဟုလည်း ယုံကြည် ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

(ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ ကျေးရွာများမှ ပြည်သူများကို CNF/CNA မှ တာဝန်ရှိသူများသွားရောက် တွေ့ဆုံနေစဉ်၊ ဓာတ်ပုံ – Chinland Information Center)

ထို့ကြောင့် ပြည်သူများအနေဖြင့် တော်လှန်ရေးတွင် ဝိုင်းဝန်းပံ့ပိုးပြီး ဆက်လက်တောင့်ခံကြရန် ဆလိုင်းထက်နီက တိုက်တွန်းသည်။

လက်တလောတွင် ချင်းပြည်နယ် အတွင်းဒေသများ၌ စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှုများ အနည်းငယ် ငြိမ်နေပြီး ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်တွင် စစ်ရေးလှုပ်ရှားမှု အချို့ရှိနေသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။