Connect with us

Hi, what are you looking for?

News

တိုက်ပွဲအရှိန်မြှင့်ပြီး စစ်ရေးအရ ပိုမိုစိုးမိုးနိုင်ရေး ချင်းတပ် ၁၈ဖွဲ့ ပူးပေါင်းထားသည့် CJDCတွင် ဆွေးနွေး

လက်တလောတွင် ချင်းပြည်နယ် အတွင်းဒေသများ၌ စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှုများ အနည်းငယ် ငြိမ်နေပြီး ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်တွင် စစ်ရေးလှုပ်ရှားမှု အချို့ရှိနေသည်ဟု ဆိုသည်။

(ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ ကျေးရွာများမှ ပြည်သူများကို CNF/CNA မှ တာဝန်ရှိသူများသွားရောက် တွေ့ဆုံနေစဉ်၊ ဓာတ်ပုံ - Chinland Information Center)

စစ်ကောင်စီ၏ စစ်ရေးဗျူဟာအပေါ် မူတည်ပြီး ချင်းပြည်နယ်နှင့် ဆက်စပ်ဒေသများ၌ တိုက်ပွဲအရှိန်မြှင့်ပြီး စစ်ရေးအရ ပိုမိုစိုးမိုးနိုင်ရေး ဆောင်ရွက်ရန် ချင်းပြည်ပူးတွဲကာကွယ်ရေးကော်မတီ(CJDC)၌ ဆွေးနွေးထားသည့်ဟု CDJC အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားသည်။

(ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ ကျေးရွာများမှ ပြည်သူများကို CNF/CNA မှ တာဝန်ရှိသူများသွားရောက် တွေ့ဆုံနေစဉ်၊ ဓာတ်ပုံ – Chinland Information Center)

CNFနှင့် ဒေသအသီးသီးရှိ ချင်းဒေသကာကွယ်ရေးတပ်(CDF)များအပါအဝင် ချင်းလက်နက်ကိုင်တပ် ၁၈ ဖွဲ့ဖြင့် စုဖွဲ့ထားသည့် CJDC အစည်းအဝေးကို ဧပြီ ဒုတိယပတ်က ကျင်းပခဲ့ခြင်းဖြစ်သည်။ ယင်းအစည်း အဝေး၌ မြို့နယ်နှင့် ဒေသကာကွယ်ရေးတပ်များ၏ စစ်ရေးဆိုင်ရာ အစီရင်ခံချက်များကို ပြန်လည်သုံးသပ်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်း လုပ်ဆောင်ခဲ့သည်ဟု CJDCက ထုတ်ပြန်ထားသည်။

(ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ ကျေးရွာများမှ ပြည်သူများကို CNF/CNA မှ တာဝန်ရှိသူများသွားရောက် တွေ့ဆုံနေစဉ်၊ ဓာတ်ပုံ – Chinland Information Center)

“ကျွန်တော်တို့က CJDC စုဖွဲ့မှုကို ပိုမိုကျစ်လစ်ခိုင်မာအောင်လုပ်ပြီးတော့ စစ်ရေးမှာ ပိုမိုပြီး ပူးတွဲဆောင်ရွက်ဖို့ နည်းဗျူဟာချတာပေါ့နော်။စစ်ကောင်စီရဲ့ ဗျူဟာအပေါ် သုံးသပ်ပြီး ကျွန်တော်တို့က ပိုမိုပြီးတော့ တိုက်ပွဲဝင်ဖို့ အရှိန်မြှင့်ဖို့ ဆွေးနွေးထားတာဖြစ်ပါတယ်”ဟု ဆလိုင်းထက်နီက ပြောသည်။

CNA နှင့် CDFများ တည်ရှိရာဒေသအပါအဝင် ချင်းပြည်နယ်နှင့် ဆက်စပ်ဒေသများ၌ စစ်ရေးအရ ပိုမိုပြီး စိုးမိုးနိုင်ရန် အားထည့်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းသို့ လုပ်ဆောင်နိုင်မည်ဟုလည်း ယုံကြည် ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

(ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ ကျေးရွာများမှ ပြည်သူများကို CNF/CNA မှ တာဝန်ရှိသူများသွားရောက် တွေ့ဆုံနေစဉ်၊ ဓာတ်ပုံ – Chinland Information Center)

ထို့ကြောင့် ပြည်သူများအနေဖြင့် တော်လှန်ရေးတွင် ဝိုင်းဝန်းပံ့ပိုးပြီး ဆက်လက်တောင့်ခံကြရန် ဆလိုင်းထက်နီက တိုက်တွန်းသည်။

လက်တလောတွင် ချင်းပြည်နယ် အတွင်းဒေသများ၌ စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှုများ အနည်းငယ် ငြိမ်နေပြီး ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်တွင် စစ်ရေးလှုပ်ရှားမှု အချို့ရှိနေသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မြစ်ကြီးနား- တနိုင်းသွား လီဒိုလမ်းပိုင်းရှိ လဝါးကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်၊ မင်းဇေသန့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး အထိနာသည့် စစ်ကောင်စီတပ်က ကျေးရွာကို မီးရှို့ဖျက်ဆီးခြင်း၊ လေကြောင်း တိုက်ခိုက်ခြင်းပြုလုပ်ခဲ့ဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီ လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်နေဟု SOG စစ်ကြောင်းမှူးပြော

သတင်း

ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ်၊ ကော့ကရိတ် - ကျုံဒိုး လမ်းပိုင်းမှာ ဒီနေ့ သင်္ကြန်အကြတ်နေ့ (ဧပြီ ၁၅ ) မနက်အစောပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်းအတွင်း စစ်ရေးတင်းမာနေသောဒေသများ၌ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေပြီး ကျုံပျော်မြို့တွင် စစ်ကောင်စီလက်အောက်ခံရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခံလိုက်ရသည်။