Connect with us

Hi, what are you looking for?

News

KNU ဥက္ကဌ ကို စစ်ခေါင်းဆောင်က ဘွဲ့တံဆိပ်ပေးအပ်တာဟာ သွေးခွဲဖို့ဖြစ်တယ်လို့ ပဒိုစောတောနီးပြော

လက်ရှိမှာ စစ်ကောင်စီက ကေအဲန်ယူထိန်းချုပ်နယ်မြေတွေထဲမှာ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာတွေလုပ်ဆောင်နေတဲ့ကြားကနေ အခုလို ကေအဲန်ယူဥက္ကဌအပေါ် ဘွဲ့တွေပေးအပ်တဲ့လုပ်ရပ်ဟာ အတော်ထူးဆန်းတဲ့ကိစ္စပဲဖြစ်တယ်လို့ ပဒိုစောတောနီးက ဆိုပါသေးတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးကို စစ်ခေါင်းဆောင်က ဘွဲ့တံဆိပ်ပေးအပ်တာဟာ ကေအဲန်ယူကို သွေးခွဲဖို့ဖြစ်ပြီး စည်းလုံးညီညွတ်ပျက်ပြားအောင် နည်းမျိုးစုံနဲ့ လုပ်နေတာဖြစ်တယ်လို့ ကေအဲန်ယူပြောခွင့်ရသူ ပဒိုစောတောနီးက ပြောပါတယ်။

စစ်အာဏာရှင်အဆက်ဆက်က ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအပေါ် သွေးခွဲစနစ်နဲ့ တလျှောက်လုံးလုပ်ဆောင်တာဖြစ်ပြီး ဒီလို ကေအဲန်ယူ ဥက္ကဌဗိုလ်ချုပ်ကြီးစောမူတူးစေးဖို့အအပေါ် ဘွဲ့တံဆိပ်ပေးအပ်တာဟာ ဘာမှသက်ရောက်မှုမရှိဘူးလို့ ပဒိုစောတောနီးက ဆိုပါတယ်။

“ဒီနေ့ဒီကာလမှာ ကျနော်တို့နေရာဒေသအသီးသီးမှာ ထိုးစစ်ဆင်နေတဲ့ကိစ္စနဲ့ တိုက်ပွဲတွေ နေ့တိုင်းလိုလိုဖြစ်နေတဲ့အခါမျိုးမှာ အဖွဲ့အစည်းရဲ့အမြင့်ဆုံးခေါင်းဆောင်တစ်ယောက်ကို သွားပြီးတော့ ဘွဲ့ပေးတာက ဒါက လားလားမှမအပ်စပ်တဲ့ဟာလေ။ သွေးခွဲရေးစနစ်ဆိုတာက တောက်လျှောက်လုပ်နေတယ်လေ။အခုမှမဟုတ်ဘူး တောက်လျှောက်ပဲလုပ်နေတဲ့အခါ တဖက်ကနေပြီးတော့ အပစ်အခတ်ရပ်စဲရေးလုပ်ချင်တယ်။ လုပ်တယ် လုပ်နေတဲ့အထဲမှာပဲ ထိုးစစ်ကဆင်နေတယ်။ အဲ့ဒါမျိုးပေါ့နော်။ ဒီဟာမျိုး တောက်လျှောက်ပဲလုပ်နေကျတယ်။ ကျနော်တို့အတွက်တော့ သိပ်အထူးအဆန်းတော့မဟုတ်ပါဘူး” လို့ ပဒိုစောတောနီးက ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီက ကေအဲန်ယူထိန်းချုပ်နယ်မြေတွေထဲမှာ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာတွေလုပ်ဆောင်နေတဲ့ကြားကနေ အခုလို ကေအဲန်ယူဥက္ကဌအပေါ် ဘွဲ့တွေပေးအပ်တဲ့လုပ်ရပ်ဟာ အတော်ထူးဆန်းတဲ့ကိစ္စပဲဖြစ်တယ်လို့ ပဒိုစောတောနီးက ဆိုပါသေးတယ်။

Public Service Announcement

Public Service Announcement

ကေအဲန်ယူဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနဲ့ ကေအဲန်ယူကနေ ခွဲထွက်သွားတဲ့ အဖွဲ့အစည်းက ခေါင်းဆောင်တွေအပြင် တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအက ခေါင်းဆောင်တချို့ကိုပါ စစ်ကောင်စီက သင်္ကြန်နှစ်ဆန်းတစ်ရက်နေ့က ၀ဏ္ဏကျော်ထင်ဘွဲ့ကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဦးဆောင်ထားတာဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ SCEF တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို