Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖယ်ခုံNon-CDM ပညာ​ရေးလခစားများ​ကျောင်းဖွင့်ရန်ကြိုးစားပါက၎င်းတို့၏လုံခြုံ​ရေးကိုအထူးစိုးရိမ်ဟုအသိ​ပေး

စစ်ကောင်စီအနေဖြင့်လည်း ဖယ်ခုံဒေသတွင်းတိုက်ပွဲများ၌ တိုက်လေယဉ်များအသုံးပြုပြီး လေယဉ်ဖြင့် ဗုံးကြဲခြင်းများကို အဆင်ခြင်မဲ့စွာ ပြုလုပ်နေသောကြောင့်အပြစ်မဲ့ပြည်သူများ၏ အသက်၊အိုးအိမ် ထိခိုက်ဆုံးရှုံးမှုများ နေ့စဉ်နှင့်အမျှ ပိုမိုများပြားလာကြောင်းဖယ်ခုံ(ပကဖ)၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ဖယ်ခုံမြို့တွင် စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေမှုအတွက် Non-CDM ပညာရေးလခစားများ၏ လုံခြုံရေးကို အထူးစိုးရိမ်မိကြောင်း ဖယ်ခုံမြို့ နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန် သည်။

အကြမ်းဖက်စစ်ကောင်စီကမေလတွင် Non -CDM ပညာရေးလခစားများကို သင်တန်းပို့ချပြီး စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေသည်ကို ကြားသိနေရသည်ဟု​ဖော်ပြထားသည်။

စစ်တပ်၏ အာဏာသိမ်းပြီးနောက်ပိုင်းတစ်နှစ်ကျော်ကာလအတွင်း ၎င်းတို့ကို ဆန့်ကျင်သည့် ဖယ်ခုံမြို့နယ်အတွင်းမှ CDM ပညာရေးဝန်ထမ်းများကိုစစ်​ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်၍ဖိနှိပ်မှုများပြုလုပ်ခဲ့သည်။တစ်ဖက်တွင်လည်း အကြမ်းဖက်စစ်​ကောင်စီကိုခုခံတိုက်ခိုက်​သော ဒေသတွင်း မြေပေါ်၊ မြေ အောက် လက်နက်ကိုင်တပ်ဖွဲ့များစွာ ပေါ်ထွက်လာခဲ့သည်။

စစ်ကောင်စီအနေဖြင့်လည်း ဖယ်ခုံဒေသတွင်းတိုက်ပွဲများ၌ တိုက်လေယဉ်များအသုံးပြုပြီး လေယဉ်ဖြင့် ဗုံးကြဲခြင်းများကို အဆင်ခြင်မဲ့စွာ ပြုလုပ်နေသောကြောင့်အပြစ်မဲ့ပြည်သူများ၏ အသက်၊အိုးအိမ် ထိခိုက်ဆုံးရှုံးမှုများ နေ့စဉ်နှင့်အမျှ ပိုမိုများပြားလာကြောင်းဖယ်ခုံ(ပကဖ)၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထိုသို့သောအခြေအနေများတွေ့ရှိရပါလျှက်နှင့် အကြမ်းဖက်စစ်ကောင်စီနှင့်အတူ ရပ်တည်သော၊ ချိတ်ဆက်ဆောင်ရွက် နေသော အကြမ်း ဖက်မှုကိုအားပေးသည့် Non-CDM များက ​ဒေသတွင်း​ကျောင်းများပြန်ဖွင့်ရန်ကြိုးပမ်းလာပါက ဖယ်ခုံ(ပကဖ)က Non-CDM များ၏အသက်၊အိုး၊အိမ် စည်းစိမ်များ၏ လုံခြုံဘေးကင်းမှုကို အထူးစိုးရိမ်မိသည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဇမ်ဘီယာမှာ ကာလဝမ်းရောဂါတွေ ပျံ့နှံ့ ကူးစက်ခဲ့တဲ့ အောက်တိုဘာလနောက်ပိုင်း လူပေါင်း ၅၀၀ ဝန်းကျန် သေဆုံးပြီး ရောဂါစွဲကပ် ခံစားရသူ ၁၅၀၀၀ ထက်မနည်း ရှိခဲ့ပါတယ်။

သတင်း

Non-CDM ဝန်ထမ်းများ အလင်းဝင်ခြင်းဆိုင်ရာ ကြေညာချက်ကို အင်းတော်မြို့နယ်ပြည်သူ့ချုပ်ရေးအဖွဲ့က ပြီးခဲ့သည့် နိဝင်ဘာ၂၄ရက်က ကြေညာခဲ့ခြင်းဖြစ်သည်။

သတင်း

ကောလင်းမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့မှ Non-CDM ဝန်ထမ်းများ အလင်းဝင်ရောက်ရန် အမိန့်ကြေညာစာထုတ်ပြန်ပြီးနောက် Non-CDM ဝန်ထမ်းများ အလင်းဝင်ရောက်လာမှု အခြေအနေကို ဖော်ပြရာ၌ အထက်ပါအတိုင်း ထည့်သွင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

သတင်း

Non-CDM ဝန်ထမ်းများကို NUGအငိုးရက ပေးအပ်သည့် နောက်ဆုံးအခွင့်အရေးဖြစ်ပြီး ပြည်သူဘက်မှရပ်တည်ကြရန်နှင့် မလိုက်နာပါက ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။