Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံမှာ စစ်တပ်လက်နက်ကြီးကျည်ထိမှန်လို့ အရပ်သားတချို့ ထိခိုက်သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ စစ်တပ်လက်နက်ကြီးကျည် ထိမှန်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ စစ်တပ်လက်နက်ကြီးကျည် ထိမှန်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။

ဖေဖော်ဝါရီ-၇၊၂၀၂၆။မိုမို/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ စစ်တပ်လက်နက်ကြီးကျည် ထိမှန်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။

ဖေဖော်ဝါရီ ၆ရက် မနက် ၁၁နာရီဝန်းကျင်က ဖယ်ခုံမြို့အနောက်ခြမ်းက လတိန်ကျေးရွာကို လက်နက်ကြီးကျခဲ့တာလို့ ဆိုပါတယ်။

“သေဆုံးသွားသူ ဦးစိုးနဟာ စျာပနပွဲပြုလုပ်ဖို့ဘာမှမရှိလောက်အောင်ကို ဆင်းရဲနွမ်းပါးတဲ့ လက် လုပ်လက်စားရွာခံတစ်ဦးဖြစ်ကြောင်း ရပ်ရွာတာဝန်ရှိသူက အကြောင်းကြားလာပါတယ်”လို့ စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာ ပြင်းထန် မှုရှိတယ်လို့ သိရပါတယ်။

“လက်နက်ကြီးတွေကို ဖယ်ခုံအခြေစိုက် ခမရ ၃၃၆တပ်က မကြာခဏ ပစ်လေ့ရှိတယ်။အခုက တိုက်ပွဲက ငြိမ်နေတာကြာပြီ။​အကြောင်းမဲ့ကို ပစ်တာ”လို့ ရှမ်းပြည်တောင်ပိုင်း သတင်းရင်းမြစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီကလည်း ဖယ်ခုံမြို့နယ် အနောက်ခြမ်းနဲ့ မိုးဗြဲမြို့ကို စစ်တပ်က လက် နက်ကြီးပစ်ခတ်မှုတွေမှာလည်း သေဆုံးထိခိုက် သူတချို့ရှိခဲ့တယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်က ထုတ်ပြန်ထားပါတယ်။

ဖယ်ခုံမြို့နယ်မှာ စစ်တပ်နဲ့ ပအိုဝ်းပြည်သူ့စစ် PNOက မကြာခဏ စစ်ကြောင်းထိုးပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီးတာ ရှိပါတယ်။

ဒါကြောင့် ဖယ်ခုံမြို့နယ်က ဒေသခံခြောက်သောင်း ဝန်းကျင်က စစ်ရှောင်နေရပြီး စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြောက်ဦးမြို့၊ လေးမြို့စားရပ်ကွက်ရှိ ယာယီဖွင့်လှစ်ထားတဲ့ သားဖွားဆေးရုံကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ညနေပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်၊ အမျိုးသမီးအပါအ၀င် ၄ ဦး သေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်တပ်က စာသင်ကျောင်း ၃ ကျောင်းအနီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ သက်ကြီးရွယ်အို ၁ ဦးအပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းကြောင့် (၁၀)နှစ်အရွယ်ကလေး ၁ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မြောက်ဦးမြို့၊ လေးမြို့စားရပ်ကွက်နဲ့ ကျောက်တော်မြို့နယ် ဝါးတောင်ကျေးရွာအနီး ယိုးချောင်းတံတားတို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ညနေပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံပြည်သူ​ ၁၀ ဦးထက်မနည်း​သေဆုံးပြီး ဒဏ်ရာရသူ​တွေလည်းရှိတယ်လို့ဒေသခံတွေကပြောပါတယ်။

Facebook