Connect with us

Hi, what are you looking for?

News

ဖယ်ခုံNon-CDM ပညာ​ရေးလခစားများ​ကျောင်းဖွင့်ရန်ကြိုးစားပါက၎င်းတို့၏လုံခြုံ​ရေးကိုအထူးစိုးရိမ်ဟုအသိ​ပေး

စစ်ကောင်စီအနေဖြင့်လည်း ဖယ်ခုံဒေသတွင်းတိုက်ပွဲများ၌ တိုက်လေယဉ်များအသုံးပြုပြီး လေယဉ်ဖြင့် ဗုံးကြဲခြင်းများကို အဆင်ခြင်မဲ့စွာ ပြုလုပ်နေသောကြောင့်အပြစ်မဲ့ပြည်သူများ၏ အသက်၊အိုးအိမ် ထိခိုက်ဆုံးရှုံးမှုများ နေ့စဉ်နှင့်အမျှ ပိုမိုများပြားလာကြောင်းဖယ်ခုံ(ပကဖ)၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ဖယ်ခုံမြို့တွင် စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေမှုအတွက် Non-CDM ပညာရေးလခစားများ၏ လုံခြုံရေးကို အထူးစိုးရိမ်မိကြောင်း ဖယ်ခုံမြို့ နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန် သည်။

အကြမ်းဖက်စစ်ကောင်စီကမေလတွင် Non -CDM ပညာရေးလခစားများကို သင်တန်းပို့ချပြီး စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေသည်ကို ကြားသိနေရသည်ဟု​ဖော်ပြထားသည်။

စစ်တပ်၏ အာဏာသိမ်းပြီးနောက်ပိုင်းတစ်နှစ်ကျော်ကာလအတွင်း ၎င်းတို့ကို ဆန့်ကျင်သည့် ဖယ်ခုံမြို့နယ်အတွင်းမှ CDM ပညာရေးဝန်ထမ်းများကိုစစ်​ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်၍ဖိနှိပ်မှုများပြုလုပ်ခဲ့သည်။တစ်ဖက်တွင်လည်း အကြမ်းဖက်စစ်​ကောင်စီကိုခုခံတိုက်ခိုက်​သော ဒေသတွင်း မြေပေါ်၊ မြေ အောက် လက်နက်ကိုင်တပ်ဖွဲ့များစွာ ပေါ်ထွက်လာခဲ့သည်။

စစ်ကောင်စီအနေဖြင့်လည်း ဖယ်ခုံဒေသတွင်းတိုက်ပွဲများ၌ တိုက်လေယဉ်များအသုံးပြုပြီး လေယဉ်ဖြင့် ဗုံးကြဲခြင်းများကို အဆင်ခြင်မဲ့စွာ ပြုလုပ်နေသောကြောင့်အပြစ်မဲ့ပြည်သူများ၏ အသက်၊အိုးအိမ် ထိခိုက်ဆုံးရှုံးမှုများ နေ့စဉ်နှင့်အမျှ ပိုမိုများပြားလာကြောင်းဖယ်ခုံ(ပကဖ)၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထိုသို့သောအခြေအနေများတွေ့ရှိရပါလျှက်နှင့် အကြမ်းဖက်စစ်ကောင်စီနှင့်အတူ ရပ်တည်သော၊ ချိတ်ဆက်ဆောင်ရွက် နေသော အကြမ်း ဖက်မှုကိုအားပေးသည့် Non-CDM များက ​ဒေသတွင်း​ကျောင်းများပြန်ဖွင့်ရန်ကြိုးပမ်းလာပါက ဖယ်ခုံ(ပကဖ)က Non-CDM များ၏အသက်၊အိုး၊အိမ် စည်းစိမ်များ၏ လုံခြုံဘေးကင်းမှုကို အထူးစိုးရိမ်မိသည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံမြို့နယ်ကတောင်စလုံးကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းမှူးအပါအဝင် သေဆုံးထိခိုက်သူတွေများတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေနဲ့ မြေပြင်ရဲဘော်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်နဲ့ PNO ပအိုဝ်းပြည်သူ့စစ်ကကျေးရွာမီးရှို့လိုက်လို့ ထွက်ပြေးလာတဲ့ ဖယ်ခုံမြို့နယ် ဘောရန်ရွာဒေသခံအချို့ကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ထုတ်ခဲ့ရပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က ဘောရန်ကျေးရွာကို စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားတွေက မီးတင်ရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်နှင့် PNOပြည်သူ့စစ်၏ ထိုးစစ်ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် ပိတ်မိနေသည့်ဒေသခံ ၃၀၀ခန့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ရန် ၁၀ရက်ကျော်ကြာလမ်းလျှောက်ခဲ့ရပြီး​နောက် ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ရှောင်ကူညီရေးအဖွဲ့များက ကယ်ထုတ်ခဲ့ရသည်။