Connect with us

Hi, what are you looking for?

News

ဇရပ်တွင်နား​နေ​သော စစ်​ကောင်စီတပ်ကို PDF များကလက်နက်ကြီးဖြင့်တိုက်ခိုက်

“မိဘပြည်သူများအနေဖြင့် စကစများနှင့် နီးကပ်စွာမနေထိုင်ဖို့၊ ပြည်သူ့ဘက်တော်သားများအား တတ်နိုင်သည့်ဘက်မှ အားပေးထောက်ပံ့ကြဖို့ ပြောလိုပါတယ်။”ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူက ပြောသည်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ဇရပ်၌နားနေသောအကြမ်းဖက်စစ်တပ်အား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်သား ၇ ဦးခန့်သေဆုံးနိုင်ကြောင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဧပြီလ ၂၅ ရက်နေ့) မွန်းတည့် ၁၂ နာရီခန့်က မကွေးတိုင်း၊ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ နံ့သာမြိုင်အဖွဲ့၊ နဂါးနီအဖွဲ့၊ မြိုင်တပ်ခွဲ-၂၊ KG အဖွဲ့၊ PKU မြို့ပြပြောက်ကျားအဖွဲ့ နှင့် Pakokku PDF များ ပူးပေါင်း၍ ကိုင်းရွာတစ်နေရာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်သား ၁၀၀ ခန့်အား လက်လုပ်လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါပစ်ခတ်မှုကြောင့် အကြမ်းဖက်စစ်သား ၇ ဦးခန့်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာ ရရှိသွားကာ ရဲဘော်များအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

Public Service Announcement

အကြမ်းဖက်စစ်တပ်ကို ကိုင်းကျေးရွာအရှေ့ဘက် ရေကန်ဇရပ်၌ ခေတ္တနားနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၆၀မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်သားများ ရဲတပ်ဖွဲ့၀င်များနှင့် ပျူစောထီးအဖွဲ့၀င်များအနေဖြင့် မိမိတို့တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း၍ ပြည်သူသို့မျက်နှာမူကာ တပ်စွန့်ခွါ(CDM ပြုလုပ်)ကြရန် ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

Public Service Announcement

Public Service Announcement

“မိဘပြည်သူများအနေဖြင့် စကစများနှင့် နီးကပ်စွာမနေထိုင်ဖို့၊ ပြည်သူ့ဘက်တော်သားများအား တတ်နိုင်သည့်ဘက်မှ အားပေးထောက်ပံ့ကြဖို့ ပြောလိုပါတယ်။”ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူက ပြောသည်။

ဧပြီလ ၂၄ ရက်နေ့ ညနေ ၅နာရီခွဲခန့်ကလည်း ပခုက္ကူမြို့နယ် ကိုင်းကျေးရွာအနောက်ဘက် နှောပင်လမ်းခွဲအနီး ဖြတ်သန်းလာသော စစ်ကောင်စီတပ်သားများအား ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့(မြိုင်) တို့၏ပူးပေါင်းစစ်ဆင်ရေးအဖြစ် ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ ၇ဦးခန့်(ခန့်မှန်း) ကျဆုံးခဲ့သည်ဟု​ ဒေသတွင်းအဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတ​ပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့၊ ပင်စင်ကုန်းရပ်ကွက်အတွင်း စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သား ၁ဦး ထပ်မံသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။