Connect with us

Hi, what are you looking for?

LuduNwayOo

News

သူရဲကောင်း CDM ပြည်သူ့ရဲတပ်ဖွဲ့ဝင်အင်အား သုံးထောင်နီးပါး NUG နှင့်ချိတ်ဆက်ဆောင်ရွက်နေ

လက်ရှိတွင် NUG၏ ပြည်ထဲရေးဌာနနှင့် ချိတ်ဆက်ထားသော CDM ရဲတပ်ဖွဲ့ဝင်များဖြင့် CDM ပြည်သူ့ရဲတပ်ဖွဲ့ယာယီအုပ်ချုပ်ရေးကော်မတီ ဖွဲ့စည်းထားပြီး စစ်ကောင် စီလက် အောက်ရှိ ရဲတပ်ဖွဲ့ဝင်များ ပြည်သူ့ရင်ခွင်ခိုလှုံရေး ဆွဲဆောင်စည်းရုံးခြင်းနှင့်အတူ ကျန်ရှိ CDM ရဲတပ်ဖွဲ့ဝင်များကိုလည်း လိုက်လံချိတ်ဆက်လျက်ရှိသည်။

▪️CDM ပြည်သူ့ရဲတပ်ဖွဲ့ယာယီအုပ်ချုပ်ရေး ကော်မတီဖွဲ့စည်းထား

အကြမ်းဖက်စစ်ကောင်စီလက်အောက်မှ ပြည်သူ့ရင်ခွင်ခိုလှုံပြီး CDM ပြုလုပ်လာသော ရဲတပ်ဖွဲ့ဝင်များအနက် အင်အားသုံးထောင်နီးပါမှာ NUG၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း ယင်းဝန်ကြီးဌာနက ထုတ်ပြန် သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်တွင် စစ်တပ်ကမတရားအာဏာသိမ်းချိန်မှစ၍ ပြည်သူ့ရင်ခွင်ခိုလှုံလာသော သူရဲကောင်း CDM ရဲတပ်ဖွဲ့ဝင် ခုနစ်ထောင်နီးပါးတွင် ယခုနှစ် ဧပြီ ၂၅ ရက်အထိ ၂,၉၃၇ဦးမှာ NUG ၏ ပြည်ထဲရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် စစ်ကောင်စီလက်အောက်၌ ဟန်ပြဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်နေသည့် Pre CDM ရဲတပ်ဖွဲ့ဝင် ၃၄ဦးအထိရှိနေပြီး ဝန်ကြီးဌာနနှင့် အဆက်အသွယ်မရသေးသည့် အခြားCDM ရဲတပ်ဖွဲ့ဝင်များအား ဆက်လက်ချိတ် ဆက်နိုင်ရန်စီစဥ်နေကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် NUG၏ ပြည်ထဲရေးဌာနနှင့် ချိတ်ဆက်ထားသော CDM ရဲတပ်ဖွဲ့ဝင်များဖြင့် CDM ပြည်သူ့ရဲတပ်ဖွဲ့ယာယီအုပ်ချုပ်ရေးကော်မတီ ဖွဲ့စည်းထားပြီး စစ်ကောင် စီလက် အောက်ရှိ ရဲတပ်ဖွဲ့ဝင်များ ပြည်သူ့ရင်ခွင်ခိုလှုံရေး ဆွဲဆောင်စည်းရုံးခြင်းနှင့်အတူ ကျန်ရှိ CDM ရဲတပ်ဖွဲ့ဝင်များကိုလည်း လိုက်လံချိတ်ဆက်လျက်ရှိသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ဆောင် ရွက်နေသော CDM ရဲတပ်ဖွဲ့ဝင်များတွင် ရဲမှူးနှစ်ဦး၊ ဒုရဲမှူး ၁၂ ဦး၊ ရဲအုပ် ၄၄ ဦး၊ ဒုရဲအုပ် ၈၂ ဦး၊ ရဲအရာခံတစ်ဦး၊ ရဲတပ်ကြပ်ကြီး ၁၀၈ ဦး၊ ရဲတပ်ကြပ် ၁၆၇ ဦး၊ ရဲဒုတက ၃၄၆ ဦး၊ ရဲတပ်သား ၂၁၂၉ ဦး၊ စာရေး ၁၆ ဦးနှင့် အကျဥ်းဦးစီး ၃၀ ဦး အသီးသီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပြည်သူ့ရဲတပ်ဖွဲ့ဖွဲ့စည်းနိုင်ရေး CDM ပြည်သူ့ ရဲတပ်ဖွဲ့ယာယီ အုပ်ချုပ်ရေးကော်မတီက ဥပဒေကြမ်းရေးဆွဲပြီး ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီနှင့် တိုင်ပင်ကာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၏ အကြံပြုချက်နှင့် မူဝါဒအပါအဝင် ဝန်ကြီးဌာဖြည့်စွက်ချက်ဖြင့် CRPH ထံတင်ပြထားသည်။

ထို့ကြောင့် ဥပဒေကြမ်းအား CRPH မှ အတည် ပြုပြီးပါက ပြည်သူ့ရဲတပ်ဖွဲ့အား အမြန်ဆုံးဖွဲ့စည်းသွားမည်ဟု NUG ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဌာနက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။