Connect with us

Hi, what are you looking for?

News

သူရဲကောင်း CDM ပြည်သူ့ရဲတပ်ဖွဲ့ဝင်အင်အား သုံးထောင်နီးပါး NUG နှင့်ချိတ်ဆက်ဆောင်ရွက်နေ

လက်ရှိတွင် NUG၏ ပြည်ထဲရေးဌာနနှင့် ချိတ်ဆက်ထားသော CDM ရဲတပ်ဖွဲ့ဝင်များဖြင့် CDM ပြည်သူ့ရဲတပ်ဖွဲ့ယာယီအုပ်ချုပ်ရေးကော်မတီ ဖွဲ့စည်းထားပြီး စစ်ကောင် စီလက် အောက်ရှိ ရဲတပ်ဖွဲ့ဝင်များ ပြည်သူ့ရင်ခွင်ခိုလှုံရေး ဆွဲဆောင်စည်းရုံးခြင်းနှင့်အတူ ကျန်ရှိ CDM ရဲတပ်ဖွဲ့ဝင်များကိုလည်း လိုက်လံချိတ်ဆက်လျက်ရှိသည်။

▪️CDM ပြည်သူ့ရဲတပ်ဖွဲ့ယာယီအုပ်ချုပ်ရေး ကော်မတီဖွဲ့စည်းထား

အကြမ်းဖက်စစ်ကောင်စီလက်အောက်မှ ပြည်သူ့ရင်ခွင်ခိုလှုံပြီး CDM ပြုလုပ်လာသော ရဲတပ်ဖွဲ့ဝင်များအနက် အင်အားသုံးထောင်နီးပါမှာ NUG၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း ယင်းဝန်ကြီးဌာနက ထုတ်ပြန် သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်တွင် စစ်တပ်ကမတရားအာဏာသိမ်းချိန်မှစ၍ ပြည်သူ့ရင်ခွင်ခိုလှုံလာသော သူရဲကောင်း CDM ရဲတပ်ဖွဲ့ဝင် ခုနစ်ထောင်နီးပါးတွင် ယခုနှစ် ဧပြီ ၂၅ ရက်အထိ ၂,၉၃၇ဦးမှာ NUG ၏ ပြည်ထဲရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် စစ်ကောင်စီလက်အောက်၌ ဟန်ပြဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်နေသည့် Pre CDM ရဲတပ်ဖွဲ့ဝင် ၃၄ဦးအထိရှိနေပြီး ဝန်ကြီးဌာနနှင့် အဆက်အသွယ်မရသေးသည့် အခြားCDM ရဲတပ်ဖွဲ့ဝင်များအား ဆက်လက်ချိတ် ဆက်နိုင်ရန်စီစဥ်နေကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် NUG၏ ပြည်ထဲရေးဌာနနှင့် ချိတ်ဆက်ထားသော CDM ရဲတပ်ဖွဲ့ဝင်များဖြင့် CDM ပြည်သူ့ရဲတပ်ဖွဲ့ယာယီအုပ်ချုပ်ရေးကော်မတီ ဖွဲ့စည်းထားပြီး စစ်ကောင် စီလက် အောက်ရှိ ရဲတပ်ဖွဲ့ဝင်များ ပြည်သူ့ရင်ခွင်ခိုလှုံရေး ဆွဲဆောင်စည်းရုံးခြင်းနှင့်အတူ ကျန်ရှိ CDM ရဲတပ်ဖွဲ့ဝင်များကိုလည်း လိုက်လံချိတ်ဆက်လျက်ရှိသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ဆောင် ရွက်နေသော CDM ရဲတပ်ဖွဲ့ဝင်များတွင် ရဲမှူးနှစ်ဦး၊ ဒုရဲမှူး ၁၂ ဦး၊ ရဲအုပ် ၄၄ ဦး၊ ဒုရဲအုပ် ၈၂ ဦး၊ ရဲအရာခံတစ်ဦး၊ ရဲတပ်ကြပ်ကြီး ၁၀၈ ဦး၊ ရဲတပ်ကြပ် ၁၆၇ ဦး၊ ရဲဒုတက ၃၄၆ ဦး၊ ရဲတပ်သား ၂၁၂၉ ဦး၊ စာရေး ၁၆ ဦးနှင့် အကျဥ်းဦးစီး ၃၀ ဦး အသီးသီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပြည်သူ့ရဲတပ်ဖွဲ့ဖွဲ့စည်းနိုင်ရေး CDM ပြည်သူ့ ရဲတပ်ဖွဲ့ယာယီ အုပ်ချုပ်ရေးကော်မတီက ဥပဒေကြမ်းရေးဆွဲပြီး ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီနှင့် တိုင်ပင်ကာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၏ အကြံပြုချက်နှင့် မူဝါဒအပါအဝင် ဝန်ကြီးဌာဖြည့်စွက်ချက်ဖြင့် CRPH ထံတင်ပြထားသည်။

ထို့ကြောင့် ဥပဒေကြမ်းအား CRPH မှ အတည် ပြုပြီးပါက ပြည်သူ့ရဲတပ်ဖွဲ့အား အမြန်ဆုံးဖွဲ့စည်းသွားမည်ဟု NUG ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဌာနက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။